Channel Myanmar

Kristine Greco

Behind Enemy Lines (2001) 6.4
Behind Enemy Lines (2001) အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ဝင်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ...
movie

Behind Enemy Lines (2001)

2001
Charlie’s Angels: Full Throttle (2003) 4.9
Charlie’s Angels: Full Throttle (2003) Charlie's Angels: Full Throttle (2003)______IMDb - 4.9/10  2003 ခုနှစ်ကထွက်ရှိခဲ့ပြီး တလောက တင်ဆက်ပေးလိုက်တဲ့ ၁ ရဲ့ အဆက်ကိုဆက်လက်တင်ဆက်ပေး လိုက်ပါတယ် ဇာတ်လမ်းလေးကတော့ သိထားကြတဲ့အတိုင်းပါပဲ အတိုက်အခိုက်အကြမ်းအရမ်းကိုသဘောကျတဲ့ ကိုကိုတွေ ကြိုက်ကားလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်မူတွေဆက်တိုက်ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်ကြီးက အချက်အလက်တွေသိုလှောင်ထား တဲ့ ပစ္စည်းတစ်ခုခုကိုခိုးယူသွားတဲ့အခါမှ မဒီချော ၃ ယောက်ကလိုက်လံ ထောက်လှမ်းပြီး ပြန်လည်ရယူပုံတွေကို စိတ်ဝင်စားဖွယ်တင် ပြရိုက်ကူး ထားတာမို့ ပရိတ်သတ်ကြီးက အားပေးလိုက်ကြပါအုံးဗျ ဘာသာ ပြန်ကတော့ ညီမလေး မေသူစိုး ပါ သူဘာသာ ပြန်ပြီးပေးထားတာကြာပါပြီ ကျတော်မအား တာကြောင့်ကြာနေတာပါလို့တောင်းပန်ရင်း တင်ဆက်ပေးလိုက်ပါတယ်  2003 ခုႏွစ္ကထြက္ရွိခဲ့ၿပီး တေလာက တင္ဆက္ေပးလိုက္တဲ့ ၁ ရဲ႕ အဆက္ကိုဆက္လက္တင္ဆက္ေပး လိုက္ပါတယ္ ဇာတ္လမ္းေလးကေတာ့ သိထားၾကတဲ့အတိုင္းပါပဲ အတိုက္အခိုက္အၾကမ္းအရမ္းကိုသေဘာက်တဲ့ ကိုကိုေတြ ႀကိဳက္ကားေလးပါ ဇာတ္လမ္းအက်ဥ္းေလးကေတာ့ အၾကမ္းဖက္မူေတြဆက္တိုက္က်ဴးလြန္ေနတဲ့ ရာဇဝတ္ေကာင္ႀကီးက အခ်က္အလက္ေတြသိုေလွာင္ထား တဲ့ ပစၥည္းတစ္ခုခုကိုခိုးယူသြားတဲ့အခါမွ မဒီေခ်ာ ၃ ေယာက္ကလိုက္လံ ေထာက္လွမ္းၿပီး ျပန္လည္ရယူပုံေတြကို စိတ္ဝင္စားဖြယ္တင္ ျပ႐ိုက္ကူး ထားတာမို႔ ပရိတ္သတ္ႀကီးက အားေပးလိုက္ၾကပါအုံးဗ် ဘာသာ ျပန္ကေတာ့ ညီမေလး ေမသူစိုး ပါ သူဘာသာ ျပန္ၿပီးေပးထားတာၾကာပါၿပီ က်ေတာ္မအား တာေၾကာင့္ၾကာေနတာပါလို႔ေတာင္းပန္ရင္း တင္ဆက္ေပးလိုက္ပါတယ္  Charlie’s Angels (2000) ကြည့်ရှုရန် နှိပ်ပါ Charlie’s Angels (2019) ကြည့်ရှုရန် နှိပ်ပါ
movie

Charlie’s Angels: Full Throttle (2003)

2003