Channel Myanmar

Dan Channing-Williams

Johnny English Reborn (2011) 6.3
Johnny English Reborn (2011) IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Johnny English Reborn (2011)

1080p HEVC
Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie

Darkest Hour (2017)

2017