Channel Myanmar

Darkest Hour (2017)

Darkest Hour    

PG-13 2h 5min BiographyDramaHistory

7.4
IMDB: 7.4/10 167,101 votes

, , ,

, , , , , , , , ,

Won 2 Oscars. Another 51 wins & 77 nominations.

UK | USA

496738

Report error

Darkest Hour (2017)
IMDb – 7.4/10_____Rotten – 84%
Won 2 Oscars. Another 51 wins & 77 nominations.

 

Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။

လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?

Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။

ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။

ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?

အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ဝင်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။

ဝင်စတန်ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီးဖြစ်အောင် ပိန်ပိန်ပါးပါး Gary Oldman ဟာ လူခန္ဓာကိုယ်ပုံစံတူပြုလုပ်ထားတဲ့ဝတ်စုံအကြီးကြီးကိုဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဆေးလိပ်တွေသောက်ရလွန်းလို့ အဆိပ်သင့်တဲ့အထိလဲ
ဖြစ်ခဲ့ပါသေးတယ်။ အဲ့လောက်အထိကို ကြိုးစားခဲ့ရတာပါ

ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ဝင်စတန်ချာချီကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမြင်နဲ့ တွေ့ရတာပါ။ ဇာတ်လမ်း အစအလယ်အဆုံး ဆူပုတ်ပုတ် ဂျစ်ကန်ကန်ပုံစံ ဝင်စတန်ချာချီကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့နာမည်ကျော် မိန့်ခွန်းတွေကိုလဲ
နားထောင်ရမှာဖြစ်သလို ဘုကလန့်ဂွစာပုံစံတွေကိုလဲ ကြည့်ရှူရမှာပါ။

ဇာတ်လမ်းက တခြားအတ္ထုပတ္တိရုပ်ရှင်တွေလိုမျိုး ဇာတ်အိမ်အရမ်းနက်နဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ သမိုင်းရုပ်ရှင်တစ်ကားကို စိတ်ဝင်စားအောင်တင်ဆက်ထားပါတယ်။ သမိုင်းအချက်အလက်တွေလဲ အများကြီးပါဝင်သလို ပါဝင်အားဖြည့်ပေးထားတဲ့
ဇာတ်ပို့သရုပ်ဆောင်တွေကလဲ Gary Oldman ရဲ့ ချာချီဇာတ်ကောင်ကို အများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းအနေနဲ့ ဒန်းကတ်ကမ်းခြေမှာသောင်တင်နေတဲ့ စစ်သား ၄သိန်းကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ဖြစ်ရပ်ကို အခြေခံထားပြီး ဝင်စတန်ချာချီအနေနဲ့ ဒီလူ ၄ သိန်းကို ကယ်ထုတ်ဖို့၊ သူ့ကို
ဗြိတိန်လွှတ်တော်၊ ဘုရင်၊ သူ့ရဲ့ပါတီဝင်တွေ ယုံကြည်လာအောင်၊ ပြည်သူတွေ သူ့ကိုထောက်ခံအားပေးလာအောင် ဘယ်လိုအားထုတ်ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။

ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ချာချီရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့သတ္တိကို ပိုပြီးနားလည်သဘောပေါက်လာမှာသေချာပါတယ်။ ဒီနှစ် Academy Awards မှာတော့ The Disaster Artist မင်းသား James Franco မရမှာသေချာနေပြီဆိုတော့
Gary Oldman ကိုတော့ တစ်ပေးထားလိုက်ပါပြီ။

ဆုတွေလဲအများကြီးဆွတ်ခူးထားတဲ့ရုပ်ရှင်ဖြစ်သလို Academy Award Best Picture Nominee ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကြည့်ပြီးရင် Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်ကိုလဲ ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားနှစ်ကားက ဆက်စပ်မှုရှိနေသလို နှစ်ကားလုံးကလဲ အကောင်းဆုံးရုပ်ရှင်ဆု လျာထားခံထားရတဲ့အတွက်ကြောင့်ပါ။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ)

 

*************************

 

Gary Oldman တစ္ေယာက္ Darkest Hour ရုပ္ရွင္နဲ႕ Golden Globe Best Actor Award ရသြားၿပီ၊ Academy Awards မွာလဲ Best Picture နဲ႕ Best Actor Nomination ၀င္ထားၿပန္ၿပီ။

လူတိုင္းသိတဲ့ ၀င္စတန္ခ်ာခ်ီအေၾကာင္း ရိုက္ထားတဲ့ရုပ္ရွင္က ဘာလို႕မ်ား ဒီေလာက္နာမည္ႀကီးေနရတာလဲ?

Darkest Hour ဟာ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ၀င္စတန္ခ်ာခ်ီအေၾကာင္းရုိက္ကူးထားတဲ့ရုပ္ရွင္ကားတစ္ကားျဖစ္ေပမယ့္ ၀င္စတန္ခ်ာခ်ီရဲ႕ ဘ၀တစ္ခုလံုးကိုျပတာလဲမဟုတ္သလို ဒီကားထဲမွာ စစ္တိုက္တာေတြလဲ မပါျပန္ပါဘူး။

ဒီရုပ္ရွင္မွာ အဓိကျပသြားတာကေတာ့ ခ်ာခ်ီ ၀န္ႀကီးခ်ဳပ္ဘယ္လိုျဖစ္လာတယ္၊ ဂ်ာမနီရဲ႕က်ဴးေက်ာ္စစ္ၾကီးကို ျပန္အံတုႏိုင္ဖို႕ သူ႕ရဲ႕ပါတီ၊ လႊတ္ေတာ္ထဲမွာတင္ ဘယ္ေလာက္ေတာင္ လံုးလည္ခ်ာလည္လိုက္ခဲ့ရလဲဆိုတာေတြပါ။

ဒီေလာက္ရိုးရွင္းတဲ့ရုပ္ရွင္က ဘာလို႕မ်ား ဒီလိုဆုေတြအတြက္ လ်ာထားခံရသလဲ?

အေျဖကရွင္းပါတယ္။ ဒီရုပ္ရွင္ထဲမွာ Gary Oldman ဟာ တကယ့္၀င္စတန္ခ်ာခ်ီ ၀င္သရုပ္ေဆာင္ေနသလား ေအာက္ေမ့ရေလာက္ေအာင္ တူလြန္းလွပါတယ္။ တစ္ေန႕ကို ၁၈ နာရီရိုက္ကူးေရးလုပ္ရၿပီး ၆ နာရီသာအိပ္ခဲ့ရပါတယ္။

၀င္စတန္ခ်ာခ်ီလို ဗိုက္ပူပူနဲ႕ လူေကာင္လံုးလံုးႀကီးျဖစ္ေအာင္ ပိန္ပိန္ပါးပါး Gary Oldman ဟာ လူခႏၶာကိုယ္ပံုစံတူျပဳလုပ္ထားတဲ့၀တ္စံုအႀကီးႀကီးကို၀တ္ဆင္ၿပီး သရုပ္ေဆာင္ခဲ့ရပါတယ္။ ေဆးလိပ္ေတြေသာက္ရလြန္းလို႕ အဆိပ္သင့္တဲ့အထိလဲ
ျဖစ္ခဲ့ပါေသးတယ္။ အဲ့ေလာက္အထိကို ၾကိဳးစားခဲ့ရတာပါ

ဒီဇာတ္လမ္းရဲ႕ထူးျခားခ်က္ကေတာ့ ၀င္စတန္ခ်ာခ်ီကို ဘယ္တုန္းကမွမျမင္ဖူးတဲ့ အျမင္နဲ႕ ေတြ႕ရတာပါ။ ဇာတ္လမ္း အစအလယ္အဆံုး ဆူပုတ္ပုတ္ ဂ်စ္ကန္ကန္ပံုစံ ၀င္စတန္ခ်ာခ်ီကို ျမင္ေတြ႕ရမွာျဖစ္ၿပီး သူ႕ရဲ႕နာမည္ေက်ာ္ မိန္႕ခြန္းေတြကိုလဲ
နားေထာင္ရမွာျဖစ္သလို ဘုကလန္႕ဂြစာပံုစံေတြကုိလဲ ၾကည့္ရွဴရမွာပါ။

ဇာတ္လမ္းက တျခားအတၳဳပတၱိရုပ္ရွင္ေတြလိုမ်ိဳး ဇာတ္အိမ္အရမ္းနက္နဲမႈမရိွပဲ ေပါ့ေပါ့ပါးပါးနဲ႕ သမိုင္းရုပ္ရွင္တစ္ကားကို စိတ္၀င္စားေအာင္တင္ဆက္ထားပါတယ္။ သမိုင္းအခ်က္အလက္ေတြလဲ အမ်ားႀကီးပါ၀င္သလို ပါ၀င္အားျဖည့္ေပးထားတဲ့
ဇာတ္ပို႕သရုပ္ေဆာင္ေတြကလဲ Gary Oldman ရဲ႕ ခ်ာခ်ီဇာတ္ေကာင္ကို အမ်ားႀကီးေထာက္ပံ့ေပးႏုိင္ခဲ့ပါတယ္။

ဒီဇာတ္လမ္းရဲ႕ ေနာက္ခံသမိုင္းေၾကာင္းအေနနဲ႕ ဒန္းကတ္ကမ္းေျခမွာေသာင္တင္ေနတဲ့ စစ္သား ၄သိန္းကုိ ကယ္ထုတ္ဖို႕ႀကိဳးစားတဲ့ျဖစ္ရပ္ကို အေျခခံထားၿပီး ၀င္စတန္ခ်ာခ်ီအေနနဲ႕ ဒီလူ ၄ သိန္းကို ကယ္ထုတ္ဖို႕၊ သူ႕ကို
ျဗိတိန္လႊတ္ေတာ္၊ ဘုရင္၊ သူ႕ရဲ႕ပါတီ၀င္ေတြ ယံုၾကည္လာေအာင္၊ ျပည္သူေတြ သူ႕ကိုေထာက္ခံအားေပးလာေအာင္ ဘယ္လုိအားထုတ္ခဲ့ရတယ္ဆိုတာကို ျမင္ေတြ႕ရမွာပါ။

ဒီရုပ္ရွင္ကုိၾကည့္ၿပီးရင္ ခ်ာခ်ီရဲ႕စိတ္ေနစိတ္ထား၊ သူ႕ရဲ႕ခံယူခ်က္၊ သူ႕ရဲ႕သတၱိကို ပုိၿပီးနားလည္သေဘာေပါက္လာမွာေသခ်ာပါတယ္။ ဒီႏွစ္္ Academy Awards မွာေတာ့ The Disaster Artist မင္းသား James Franco မရမွာေသခ်ာေနၿပီဆိုေတာ့
Gary Oldman ကိုေတာ့ တစ္ေပးထားလိုက္ပါၿပီ။

ဆုေတြလဲအမ်ားႀကီးဆြတ္ခူးထားတဲ့ရုပ္ရွင္ျဖစ္သလို Academy Award Best Picture Nominee ရုပ္ရွင္ကားတစ္ကားျဖစ္တဲ့အတြက္ ၾကည့္ျဖစ္ေအာင္ၾကည့္သင့္တဲ့ ရုပ္ရွင္တစ္ကားျဖစ္ပါတယ္။

ဒီဇာတ္ကားၾကည့္ၿပီးရင္ Christopher Nolan ရဲ႕ Dunkirk ရုပ္ရွင္ကိုလဲ ၾကည့္ျဖစ္ေအာင္ၾကည့္ေစခ်င္ပါတယ္။ ဒီဇာတ္ကားႏွစ္ကားက ဆက္စပ္မႈရိွေနသလို ႏွစ္ကားလံုးကလဲ အေကာင္းဆံုးရုပ္ရွင္ဆု လ်ာထားခံထားရတဲ့အတြက္ေၾကာင့္ပါ။

 

(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္ကေတာ့ ကိုအာကာျဖိဳးပါ)

 

File Size : (953 MB)
Quality : WEB-DL 720p
Running Time : 2hr 5min
Format : Mp4
Genre :Biography, Drama, History
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.DD5.1.H264-FGT
Translated by Arkar Phyo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)
Darkest Hour (2017)


No downloads available

Genres



Related movies