Channel Myanmar
channelmyanmar

Report error



2017ထွက်​ အိန္ဒိယဇာတ်​ကား​ကောင်း​လေးပါ…

ရိုရှန်​ဆိုတဲ့ စားဖိုမှူးက သူ့ရဲ့ ​ဒေါသကို မထိန်းနိုင်​ပဲ စားသုံးသူနဲ့ရန်​ဖြစ်​ခဲ့တဲ့အတွက်​ အလုပ်​ထုတ်​ခံခဲ့ရပါတယ်​..

သူ့ကိုထုတ်​ရင်​ သူ့​နောက်​လိုက်​​တွေလဲ လိုက်​ထွက်​လိမ့်​မယ်​လို့ သူထင်​ခဲ့​ပေမယ့်​ တကယ်​တမ်းမှာ​တော့ လူ​တွေက ကိုယ့်​အကျိုးပဲကိုယ်​ကြည့်​ကြတာပါပဲ

အလုပ်​ထုတ်​ခံလိုက်​ရတဲ့ ရိုရှန်​က ​နောက်​ထက်​အလုပ်​တစ်​ခုထပ်​ရှာဖို့ အဆင်​မ​ပြေဖြစ်​​နေချိန်
သူ့ရဲ့ကွာရှင်းထားပြီးတဲ့ဇနီးနဲ့သားဆီကို ပြန်​ဖို့အ​ကြောင်း​ပေါ်လာခဲ့ပါတယ်​…

အိန္ဒိယကို ပြန်​​ရောက်​လာတဲ့အချိန်​မှာ​တော့ ဇနီး​ဟောင်းရဲ့အကူညီနဲ့ ဘက်​စ်​ကား​ပေါ်မှာ
စား​သောက်​ဆိုင်​​လေးဖွင့်​ဖို့ စိတ်​ကူးရခဲ့ပါ​တော့တယ်​…

ရိုရှန်​ရဲ့သား​လေးက အ​ဖေ့ရဲ့​မေတ္တာကို ငတ်​မွတ်​​နေခဲ့​တော့ အ​ဖေနဲ့အတူရှိ​နေရချိန်​​တွေက
သူ့အတွက်​ အရမ်းကို​ပျော်​စရာ​ကောင်းခဲ့ပါတယ်​…

ဘက်​စ်​ကားစား​သောက်​ဆိုင်​​လေးဖွင့်​ဖို့ပြင်​ဆင်​ရင်း အ​ဖေနဲ့ရင်းနှီးမှု​တွေ ပိုလာ​နေတဲ့အချိန်​မှာပဲ
ရိုရှန်​က အလုပ်​သစ်​ကမ်းလှမ်းခံခဲ့ရပါ​တော့တယ်

ဒီအချိန်​မှာ ရိုရှန်​က သူ့ရဲ့သား​လေးအနားမှာပဲ​နေမှာလား

သူ့ရဲ့ဝါသနာအရင်းခံတဲ့အလုပ်​ရှိရာဆီကိုပဲ

ပြန်​သွားမှာလားဆိုတာကို​တော့..ဇာတ်​လမ်း​လေးဆုံးသည်​ထိ ခံစား​ပေးကြပါဦး..

မိဘနဲ့သားသမီးကြားသံ​ယောဇဉ်​​မေတ္တာ​အ​ကြောင်း အိမ်​မက်​​နောက်​ကို လိုက်​ခဲ့လို့ခက်​ခဲခဲ့​ပေမယ့်​ ​အောင်​မြင်​ခဲ့တဲ့အ​ကြောင်း သီချင်း​လေး​တွေ​ရော အိန္ဒိယစားစရာ​လေး​တွေ​နဲ့ပါ

တင်​ဆက်​​ပေးထားလို့ ကြည်​နူးစရာဇာတ်​ကား​လေးပါလို့ ညွှန်း​ပေးပါရ​စေ….

 

File Size : (950 MB) and (300 MB)
Quality : HDRip 720p
Running Time : 2hr 13min
Format : Mp4
Genre :Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.HDRip.x264.AC3.-.Hon3y
Translated by Mie Mie
Encoded by Thanhtike Zaw



No downloads available





Related movies