Channel Myanmar

Taken(1+2+3) Package

Taken    

PG-13 ActionCrimeSpecial PackageThriller

IMDB: /10 votes

,

, , ,

France | USA | Turkey | Spain

1255804

Report error

Taken (2008)________IMDb – 7.8/10


ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းကိုပြောရရင်……..
မင်းသားက အရင်တုန်းက CIA ကစုံထောက်၊ ၁၇နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ Liam Neeson က သူသျှို၊စုံထောက်ဆိုတော့ မိသားစုအတွက် အချိန်မပေးနိုင်လို့ မိန်းမနဲ့ကွာရှင်းပြီးနောက် သမီးလေးကိုပါ မိန်းမလက်ထဲထည့်ပေးလိုက်ရပါတယ်။ သူက သူ့သမီးလေးကိုအရမ်းချစ်တော့ CIA ကနေ အနားယူပြီး သမီးလေးနားမှာနေနိုင်အောင် ကြိုးစားနေတဲ့ အဖေနေရာက သရုပ်ဆောင်တာပါ။ Bryan (Liam Neeson ရဲ့ဇာတ်ကောင်) ရဲ့သမီး Kim (Maggie Grace ရဲ့ဇာတ်ကောင်) က တစ်နေ့မှာ သူငယ်ချင်းရယ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားလည်ဖို့ ဖခင်ကိုတောင်းဆိုပါတယ်။ (အမေရိကားမှာ ၁၈နှစ်အောက်ကလေးတွေက ပြည်ပခရီးသွားချင်ရင် မိဘခွင့်ပြု့တဲ့လက်မှတ်ပါမှ သွားလို့ရပါတယ်)။ သူ့အဖေက မသွားစေချင်ပေမယ့် နောက်ဆုံးမှာ မတတ်သာလို့ခွင့်ပြုလိုက်ရပါတယ်။ ပဲရစ်ကိုရောက်ရောက်ချင်းမှာပဲ Kim နဲ့သူ့သူငယ်ချင်း က ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကားအတူငှားစီးမိရာကနေ Albanian တွေရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ Albanian တွေက အဖော်မပါပဲ ခရီးထွက်လာတဲ့ မိန်းမပျိုလေးများကို ဖမ်းပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူတွေဖြစ်ပါတယ်။ ဒါကို Bryan အနေနဲ့ သူရဲ့ စုံထောက်ဘဝအတွေ့အကြုံတွေ၊ ပညာတွေသုံးပြီး သူ့သမီးကို ပြန်လိုက်ရှာရမှာပါ။ သူ့သမီးကိုရှာဖို့ ၇၂ နာရီသာ အချိန်ရပြီး ၇၂ နာရီကျော်သွားတာနဲ့ သေရင်သေ မသေရင် တခြားလူတွေလက်ထဲရောက်သွားပြီး ရှာတွေ့ဖို့ လမ်းစပျောက်သွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းက စ၊လယ်၊ဆုံး မနားတမ်း Action Scene တွေ၊ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင်၊ သတိထား ပညာယူရမယ့်အချက်တွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ပါတယ်။ ဇာတ်လမ်းကသာမန် အားဖြင့်ရိုးရှင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်း ကြည့်ရင်၊ ကြည့်နေကြ Action/Revenge ကားတွေ၊ Action/Detective ကားတွေထက် ထူးခြားပါတယ်။ ဇာတ်လမ်းဆုံးသည် အထိ စိတ်လှုပ်ရှားမှုရသအပြည့်အဝပေးနိုင်တဲ့အပြင်၊ အက်ရှင်တွေလည်း မရိုးနိုင်အောင် တဝကြီးကြည့်ရပါတယ်။ သာမန်သိုင်းကားတွေလို အဓိပ္ပါယ်မရှိ မင်းသားနဲ့လူဆိုးတွေ ချခန်းကြီးပဲ ကြည့်နေရတာ မျိုးလည်းမဟုတ်ပဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းမျိုးပါ။
မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင်ရှာပြီးကြည့်ပါ။ မိသားစုတူတူကြည့်ဖို့သင့်တော်ပါတယ်။ Rated PG-13 ပါ။ ဇာတ်ကားတစ်ကားလုံး မပျင်းမရိပဲကြည့်ရမယ့်ကားမျိုးပါ။
မလွတ်တမ်းအားပေးသင့်သောကားပါ…
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်…)

File size…453 MB
Quality….Blu-ray Rip 480p
Format…mp4
Duration….01:28:49
Subtitle….Myanmar Subtitle(Hardsub)
Encoder….Nyeinsaeya Aung


UsersDrive / YoteShin / Megaup / Mega.nz / Upstream.to

 

===================================
Taken 2 (2012)________IMDb – 6.3/10


Taken 1(2008) ကိုကြည့်ပြီးဒီဇာတ်ကားကိုကြည့်မှ အရသာရှိမှာပါ…

Taken (1) မှာဖြစ်ပျက်ခဲ့တာတွေအတွက် Taken (2) မှာ စာရင်းရှင်းကြမှာပါ… ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ Agent တစ်ယောက်ရဲ့ စနစ်ကျနသေသပ်မှုကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ…

File size…794 MB
Quality….Blu-ray Rip 720p
Format…mp4
Duration….01:35:00
Subtitle….Myanmar Subtitle(Hardsub)
Encoder….Nyiminn Thant


UsersDrive / YoteShin / Megaup / Mega.nz / Upstream.to

 

===================================
Taken 3 (2014)________IMDb – 6.0/10


ဒီကားက တော့ Liam Neeson ကို Action မင်းသားအဖြစ် ကမ္ဘာကျော်စေခဲ့တဲ့

Taken ဇာတ်ကား ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးကားဖြစ်ပါတယ်။
Taken ရဲ့နောက်ဆုံးဇာတ်ကားကိုတော့ ကျွန်တော်အညွှန်းမပေးတော့ပါဘူး။
ဇာတ်လမ်းက Taken ရဲ့ကျောရိုးကနေ ကွဲထွက်နေတယ်လို့ယူဆလို့ပါ။
အကြိုက်မတွေ့ဆုံးအချက်ကတော့ Lenny ရဲ့ ယောက်ျား Stuart ကိုဒီဇာတ်ကားမှာ သရုပ်ဆောင် ပြောင်းထားပြီး Stuart အဖြစ် စကော့တလန် လူမျိုုး သရုပ်ဆောင် ဖြစ်တဲ့
Dougray Scott ကို သရုပ်ဆောင်ခိုင်းထားတဲ့အချက်ပါပဲ။
Action ဇာတ်ကားအဖြစ်သာ ကြည့်ရင်တော့ အကြိုက်တွေ့ကြမှာပါ။

File size…1.34 GB
Quality….HD-Rip 720p
Format…mp4
Duration….01:44:04
Subtitle….Myanmar Subtitle(Hardsub) and Arabic Hardsub
Encoder….Nyeinsaeya Aung

UsersDrive / YoteShin / Megaup / Mega.nz / Upstream.to

 

Admin Team: www.ChannelMyanmar.Org



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No links available
No downloads available

Genres



Related movies