Channel Myanmar

Project Almanac (2014)

Uncategorized

IMDB: /10 votes

120131

Report error

(၁၇)နှစ်အရွယ် အထက် တန်းကျောင်းသားလေး ဒေးဗစ် ရက်စ်ကင်ဟာ တီထွင်ဖန်တီးရ တာတွေကို စိတ်ဝင်စားသူဖြစ်တဲ့ အလျောက် နည်းပညာတက္ကသိုလ် ကိုဝင်ချင်ပေမယ့် ကျောင်းစရိတ် မတတ်နိုင်ခဲ့ပါဘူး။ သူ့အမေက အိမ်ကိုရောင်းပြီး သူ့ကို ကျောင်း ထားဖို့စီစဉ်တာမို့ ဒေးဗစ်ဟာ သူ့ညီမခရစ္စတီးနား၊ သူငယ်ချင်းတွေဖြစ်တဲ့ အဒမ်လီ၊ ကွင်းဂိုးလ်ဘာ့ဂ်တို့နဲ့အတူ ဒေးဗစ် (၇)နှစ်ပြည့် မွေးနေ့မှာ ကားမှောက်ပြီးသေဆုံးခဲ့တဲ့သုတေသီသူ့အဖေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ သိမ်းဆည်းကြပါ တယ်။

အဲဒီမှာ သူ (၇)နှစ်ပြည့်မွေး နေ့တုန်းက ဗီဒီယိုမှတ်တမ်းတင် ထားတဲ့ ကင်မရာကိုဖွင့်ကြည့်ရင်း အဲဒီဗီဒီယိုထဲက မှန်ချပ်ထဲမှာ သူ့ ရဲ့လက်ရှိပုံရိပ်ထင်နေတာကို တွေ့ခဲ့တာကြောင့် ထူးဆန်းတဲ့ ဖြစ်ရပ်ကိုခြေရာခံရင်း သူ့အဖေ တီထွင်ထားတဲ့ Time Machine ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Time Machine ကိုသုံးပြီး အချိန်တွေ အရွှေ့အပြောင်းလုပ်ကြည့်ရင်း ဒေးဗစ်တို့အဖွဲ့တွေ ကိုယ်လုပ်ချင် တဲ့အရာတွေကို တစ်လှည့်စီလုပ် ကြည့်ကြပါတော့တယ်။

Project  Almanac လို့ အမည်ဝှက်ပေးပြီး အဒမ်က ထီပေါက်ဖို့အတွက်၊ ခရစ္စတီးနားက သူအနိုင်ကျင့်ခံရတာတွေအတွက်၊ကွင်းကလည်း ဓာတုဗေဒစာမေးပွဲအောင်ဖို့အတွက်၊ ဒေးဗစ်ကလည်း သူသဘောကျတဲ့ဂျက်ဆီ နဲ့ အဆင်ပြေနိုင်ဖို့အတွက်စသည်ဖြင့် ကိုယ်စီ အသုံးတော်ခံခဲ့တဲ့ Time Machine နဲ့ဆက်စပ်ပြီး ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာတော့ဇာတ်လမ်းအရသာပျက်မှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ပါဦး။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်း၊ သွက်လက်တဲ့လှုပ်ရှားမှုတွေကို သိပ္ပံဆန်ဆန် ပြကွက်တွေနဲ့ ကြည့်ရမှာမို့ လန်းလန်းဆန်းဆန်းခံစားမှုလေးတော့ရမှာပါ။

ဒီဇာတ်ကားမှာ ဒေးဗစ် ရက်စ်ကင်အဖြစ် ဂျော်နီဝက်စ် တန်၊ ဂျက်ဆီအဖြစ် ဆိုဖီယာ ဘလက်ဒီအလီယာ၊ ကွင်းအဖြစ် ဆမ်လာနာ၊ အဒမ်အဖြစ် အယ် လန်ဒီဗန်ဂယ်လစ်စတာ၊ ခရစ္စတီး နားအဖြစ် ဗာဂျီးနီးယားဂက်နာတို့ က သရုပ်ဆောင်ထားတာပါ။

(7daydaily မှ အညွှန်းကိုပြန်လည်တင်ပြပါသည်)

Filesize : 641 MB
Quality :720p
Format : mp4
During : 1:46:12
Subtitles : Myanmar Subtitles (Hardsub)
Encoder : LK

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies