Channel Myanmar

Report error

Gretta, a budding songwriter, finds herself alone after her boyfriend Dave ditches her. Her life gains purpose when Dan, a record label executive, notices her talent.

IMDb rating 7.4 အထိရရှိထားတဲ့ Drama ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြပေးပါစေ။ Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။
သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို  လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။
နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ 2013 ခုနှစ်က ထွက်ထားပြီး ဘာသာပြန်ပေးတဲ့ မသက်ဦးမွန်ရဲ့ ညွှန်းဆိုမှုနဲ့ ကြည့်ရှုမိတဲ့ ဇာတ်ကားလေး ဟာ ကြည့်နေရင်းကို မထချင်လောက်အောင်ကောင်းလွန်းနေပါတယ်။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။

(ဇာတ်ကားကို CM member Ma Thet Oo Mon မှ သူကိုယ်တိုင်ကြိုက်လွန်းလို့ကို ဘာသာပြန်ပေးထားပါတယ်။ သီချင်းစာသားတွေကအစ ဘာသာပြန်ပေးထားပါတယ်။ အဲ့တော့ ကျန်တဲ့လူတွေလည်းခံစားကြည့်ရှုနိုင်ကြပါစေ။)
@SWM

—————————————————————————————–

IMDb rating 7.4 အထိရရွိထားတဲ့ Drama ဇာတ္လမ္းတစ္ပုဒ္ကို တင္ျပေပးပါေစ။ Music ကိုဝါသနာပါတဲ့ သူမ်ား ပိုမိုၾကိဳက္ႏွစ္သက္ေလာက္မယ့္ဇာတ္ကားမ်ဳိးပါပဲ။သီခ်င္းေလးေတြေရးစပ္သြားတာ . Christmas လက္ေဆာင္အျဖစ္ သီခ်င္းေလးလက္ေဆာင္ေပးသြားတာေတြဟာ ဇာတ္ကားရဲ႕တကယ့္ကို ဆြဲေဆာင္မႈ အရွိဆံုးအခ်က္ထဲက တစ္ခ်က္လို႕ေျပာခ်င္ပါတယ္။
သာမန္ Acoustic Guitar တစ္လံုးနဲ႕တီးခတ္ေနတဲ့ Gretta ရဲ႕ သီခ်င္းတစ္ပုဒ္ကို  လိုအပ္တဲ့ သံစဥ္ေထာက္ပံ့မႈေတြကို အရက္ေသာက္ေနရင္းနဲ႕ မိမိစိတ္ထဲမွာတင္ ခံစားတီးခတ္ျပသြားတဲ့ Dan ရဲ႕ ဂီတစြမ္းရည္ဟာ ကြ်န္ေတာ့္တို႕လို ဂီတကိုၾကိဳက္ႏွစ္သက္တဲ့လူေတြအတြက္ မလြတ္တန္းၾကည့္ခ်င္မိတဲ့ ဇာတ္ကားအျဖစ္ စိတ္ထဲကိုေနရာယူေစမိတယ္။
ေနာက္ထပ္ အသိရသအေနနဲ႕ကေတာ့ လဲက်ေနတဲ့စိတ္ဓါတ္ေတြကိုျပန္လည္ျမင့္တင္ေပးၿပီး . မိမိစိတ္ကို ျပန္အားတင္းေစတဲ့အသိခံစားမႈကိုလည္းေပးစြမ္းႏိုင္တဲ့ Drama ဇာတ္ကားေကာင္းတစ္ပုဒ္ပါ။ 2013 ခုႏွစ္က ထြက္ထားၿပီး ဘာသာျပန္ေပးတဲ့ မသက္ဦးမြန္ရဲ႕ ညႊန္းဆိုမႈနဲ႕ ၾကည့္ရႈမိတဲ့ ဇာတ္ကားေလး ဟာ ၾကည့္ေနရင္းကို မထခ်င္ေလာက္ေအာင္ေကာင္းလြန္းေနပါတယ္။ ခပ္ေအးခပ္ျငိမ့္ျငိမ့္ၾကည့္ရႈဖို႕အတြက္ ဆူညံတဲ့ေနရာ ပတ္ဝန္းက်င္မွာ မၾကည့္ရႈဖို႕ေတာ့ အၾကံေပးပါရေစ။ ဇာတ္ကားေကာင္းတစ္ကားရဲ႕ အႏွစ္ခံစားခ်က္အျပည့္အဝကို အတြင္းက်က်ခံစားခ်င္ရင္ အခုလိုေအးျမတဲ့ ေဆာင္းရာသီမွာ မနက္ေစာေစာျဖစ္ျဖစ္ . ညဘက္ခပ္ေမွာင္ေမွာင္အခ်ိန္ေလး မွာျဖစ္ျဖစ္ ေကာ္ဖီေလးတစ္ခြက္နဲ႕သာၾကည့္လို႕ကေတာ့ အရမ္းကိုျပည့္စံုလြန္းတယ္လို႕ကို ေျပာခ်င္ပါတယ္။

(ဇာတ္ကားကို CM member Ma Thet Oo Mon မွ သူကိုယ္တိုင္ၾကိဳက္လြန္းလို႕ကို ဘာသာျပန္ေပးထားပါတယ္။ သီခ်င္းစာသားေတြကအစ ဘာသာျပန္ေပးထားပါတယ္။ အဲ့ေတာ့ က်န္တဲ့လူေတြလည္းခံစားၾကည့္ရႈႏိုင္ၾကပါေစ။)
@SWM

File Size                          : 900 Mb
Quality                            : HD 720p
Running Time                  : 1h 44m
Translated                       : Thet Oo Mon
Encoded                         : San Win Maung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Begin Again (2013)
Begin Again (2013)
Begin Again (2013)
Begin Again (2013)
Begin Again (2013)
Begin Again (2013)


No downloads available

Genres



Related movies