Channel Myanmar

Report error

https://upload.wikimedia.org/wikipedia/en/e/e6/The_Front_Line_(2011_film).jpg

ဒီဇာတ်ကားအညွှန်းမရေးခင်
ပြောချင်တာတခုရှိသေးတယ်
ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို
အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ်
အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး

ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို
အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်
လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်
တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက်
သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ…

တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး
နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ….အသက်ရောရှင်ရဲ့လား….

တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်
နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက
စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်
ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း
တကားဖြစ်ပါတယ်
တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ်
IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်

(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ “မြန်မာကြီး” ပဲဖြစ်ပါတယ်)
(Thit San Khant)
IMDb –  7.4/10
File size  – (1.02 GB)
Quality –    1080p
Format – MP4
Duration  02:13:66
Subtitle – Myanmar
Translator – Myanmar Gyi
Encoder – Thit San Khant


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Front Line (2011)


No downloads available

Genres



Related movies