Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
8.7
My Name Is Shruthi (2023)
My Name Is Shruthi (2023) "ကျွန်မက ရှရူသီ" IMDb-8.7/10တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.88GB / 859MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
My Name Is Shruthi (2023)
2023
7.3
Precious (2009)
အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie
Precious (2009)
7.7
Buhe Bariyan (2023)
Buhe Bariyan (2023)အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့...(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie
Buhe Bariyan (2023)
2023
Uniki (2022)
Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Uniki (2022)
2022
6.6
Looking for Her (2022)
Looking for Her (2022) ================= IMDb Rating - 6.6/10Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင် မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်း သူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြော လိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်း ဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်း သတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာ ပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စား ကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကို လိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / (563 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie
Looking for Her (2022)
2022
4.5
The Courier (2012)
The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie
The Courier (2012)
2012
Twisted Neighbor (2023)
စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie
Twisted Neighbor (2023)
South Park: Joining the Panderverse (2023)
Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ်ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ်အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
South Park: Joining the Panderverse (2023)
7.9
Chaaver (2023)
Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie
Chaaver (2023)
2023
The Cost (2023)
ရာဇဝတ်သားတစ်ယောက်ကိုဥပဒေက ထိုက်သင့်တဲ့ပြစ်ဒဏ်မပေးနိုင်လို့ အပြင်လူတွေက သူတို့နည်းနဲ့အပြစ်ပေးတဲ့ကားမျိုးကြိုက်သူတွေအတွက် The Cost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်စတက်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက် မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် တရားခံထရိုင်းဟာလည်း ထောင်ဒဏ်နှစ်၃၀ကျော်ချမှတ်ခံရပေမဲ့ ၁၀ နှစ်တည်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ သူ့ကို ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်က အတင်းအဓမ္မဖမ်းဆီးပြီး လူသူမရှိ ဝေးလံခေါင်ဖျားလှတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပြီး နှိပ်စက်ပါတော့တယ်စတက်ဖနီဆိုတဲ့ကောင်မလေးရဲ့သေဆုံးမှုအပြီးမှာ ကောင်မလေးရဲ့အဖေနဲ့အမေဟာလည်း သမီးစိတ်နဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပါတယ် ထရိုင်းလုပ်ရက်ကြောင့် မိသားစုတွေ ပြိုကွဲခဲ့ရတယ်အဲ့တော့ ထရိုင်းကို ဖမ်းဆီးသွားတဲ့ ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်ကဘယ်သူတွေလဲ စတက်ဖနီနဲ့ရော ဘယ်လိုပက်သက်တာလဲ ထရိုင်းကိုရော ဘယ်လိုတွေပြစ်ဒဏ်ပေးမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Cost (2023)
7.2
Bhagavanth Kesari (2023)
Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie
Bhagavanth Kesari (2023)
2023
6.8
Boyz 4 (2023)
Boyz 4 (2023) "ကျွတ်ပလွတ် တသိုက်" IMDb- 7.2/10Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ...။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ...။ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Boyz 4 (2023)
2023
7.5
Aarya 2 (2009)
Arya 2 (2009) "သုံးပွင့်ဆိုင်"အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကို ပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကို ကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက် အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ် မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲ | ရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ ...
movie
Aarya 2 (2009)
2009
7.3
Mardaani (2014)
Mardaani (2014) "ဇော" IMDb - 7.3Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်ပါသေးတယ်။ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ...
movie
Mardaani (2014)
2014
6.9
Tiger Nageswara Rao (2023)
Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး)ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ်ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်….. သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ….ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Tiger Nageswara Rao (2023)
2023
Naan Kadavul Illai (2023)
Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စားကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန်ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့....လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို ...
movie
Naan Kadavul Illai (2023)
7.7
Apurva (2023)
Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါအဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Apurva (2023)
2023
7.6
Ardh (2022)
Ardh (2022)IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦးချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူတွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူးသရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု...နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie
Ardh (2022)
2022
8.6
Shot Boot Three (2023)
Shot Boot Three (2023) "ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု"IMDb-8.7/10မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shot Boot Three (2023)
2023
5.9
Whisper of Silent Body ( 2019 )
ဒီဇာတ်လမ်းကတော့ အလောင်းခွဲမှုထောင်ချီမှာ တစ်ခါမှအမှားမဖြစ်ဖူးတဲ့ ထူးချွန်မှုခင်းဆရာဝန်ချင်မင်က ဆေးတက္ကသိုလ်ကိုလာရောက်ဟောပြောနေတုန်း ဖော်မလင်မှာခြောက်နှစ်တာစိမ်ထားတဲ့ အသံတိတ်ဆရာ (သေဆုံးပြီးနောက် ဆေးတက္ကသိုလ်သို့လှူဒါန်းသောကိုယ်ခန္ဓာ)ကို သာမန်သေဆုံးခြင်းမဟုတ်ပဲ အသတ်ခံရတာဖြစ်ကြောင်း မထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ် အဲ့တော့မှ အချိန်ကြာညောင်းလှပြီဖြစ်တဲ့အမှုရဲ့အဖြစ်မှန်နဲ့ နောက်ကွယ်ကပုံပြင်ကို စတင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်ချင်မင်အမှုစစ်ဆေးတဲ့လမ်းတစ်လျှောက်မှာ အမှုနဲ့ပက်သက်တဲ့လူသက်သေတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ် အဖြစ်မှန်ကိုသိရှိနိုင်ဖို့အတွက် ချင်မင်နဲ့ကျန်းကျား ရဲမှူးချုပ်လင်ထောင်းတို့က အတူလက်တွဲပြီး လွန်ခဲ့တဲ့၁၆နှစ်ကအမှုကို ပြန်လည်ရှာဖွေစစ်ဆေးခဲ့ကြတယ် ဒီ၁၆နှစ်တာကြာနေတဲ့အမှုကြီးကို ချင်မင်ကဘယ်လိုဖြေရှင်းပြီး နောက်ဆုံးတရားခံကဘယ်သူဖြစ်လိမ့်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Whisper of Silent Body ( 2019 )
1
2
3
4
Last
Previous
Next