Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sport
7.0
The Boxer (1997)
ဒီကားလေးကတော့ ratingလဲကောင်း criticsတွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခတွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့... ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie
The Boxer (1997)
6.4
Lady Ballers (2023)
ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola
movie
Lady Ballers (2023)
6.6
The Queenstown Kings (2023)
The Queenstown Kings (2023) ====================== IMDb Rating - 6.6/10မိဘတစ်ယောက်ဖြစ်လာရင် ကိုယ်ရဲ့သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့ လမ်းကို လျှောက်ခိုင်းမလား သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်အတိုင်း လျှောက် ခွင့်ပေးမလားဆိုတာ ဒီကားကို ကြည့်လိုက်ရင် စဉ်းစားစရာအတွေးတစ်ခု ဝင်လာမှာပါ။ဇာတ်လမ်းက အာဖရိကနယ်မြို့လေးရဲ့ကွင်းစတောင်းကင်း ဘောလုံးအသင်းနဲ့ ဆက်စပ်ပြီး ပုံဖော်ထားတာပါ။ အာဖရိကရဲ့နာမည်ကျော်ဘောလုံးသမား တယ်ရာက ငယ်ရွယ်စဉ်မှာ ဇနီးနဲ့သားကိုထားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ငယ်ရွယ်စဉ်က ငွေကိုတပ်မက်ပြီး အဖေဖြစ်သူအမ်ကူလူရဲ့ စကားကိုနားမထောင်ဘဲ ထွက်လာခဲ့တယ်။ တယ်ရာရဲ့သားကို အဘိုးအဘွားနဲ့ဦး လေးတို့က ပျိုးထောင်ပေးခဲ့လို့ အဖေဖြစ်သူ ငယ်ငယ်ကလို ခြေစွာတဲ့ကစားသ မားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တယ်ရာက မွေးရပ်မြေမှာနာမည်ကြီးပေမဲ့ သူရဲ့မိသားစုက သူ့ကိုသဘောမကျကြဘူး သားဖြစ်သူရဲ့ အမုန်းဆုံးလူလည်းဖြစ် နေတယ်။ နောက်ပိုင်းမှာ တယ်ရာရဲ့အဖေအမ်ကူလူက ကွင်းထဲမှာ နှလုံးဖောက်ပြီး ဆုံးပါးသွားရာက တယ်ရာတစ်ယောက် မွေးရပ်မြေကိုပြန်လာဖို့ အကြောင်းဖန်လာ တဲ့အခါ...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.47 GB) / (1.09 GB) Quality............WEB-DL 1080p / 720p Duration.........2Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sport Translator.......ZWT Encoder..........SWM
movie
The Queenstown Kings (2023)
2023
7.4
Schumacher (2021)
Schumacher (2021) ============== IMDb Rating - 7.4/10" Michael Schumacher " ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver's Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။Ferrari နဲ့အတူတူ ...
movie
Schumacher (2021)
2021
9
800 (2023)
800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
800 (2023)
2023
6.6
Higuita: The Way of the Scorpion (2023)
အခုတင်ဆက်ပေးမှာကတော့ တစ်ချိန်က ဘောလုံးသမားတွေကြားမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ကိုလမ်ဘီယာသား ဂိုးသမား ရီနဲ ဟီဂူတရဲ့အကြောင်းကို Documentary အနေနဲ့ ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ဂိုးသမားဆိုတဲ့နေရာကို ဂုဏ်ယူစရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ ရီနဲ အခုအချိန်ထိ ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းနဲ့ ကိုလမ်ဘီယာ ဘောလုံးသမိုင်းကြောင်းကို တင်ဆက်ပေးထားတာပါ ဘောလုံးသမိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် Documentary တစ်ပုဒ်ဖြစ်ပါတယ် File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Documentary, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Higuita: The Way of the Scorpion (2023)
6.4
Forever (2023)
ဒီဇာတ်လမ်းလေးကတော့ Sport Dramaအမျိုးအစား လေးဖြစ်ပြီးတက်သစ်စလူငယ်ဘဝရဲ့ အိပ်မက်တွေ၊ ခင်မင်မှုတွေ၊ရင်းနှီးပေးဆပ်မှုတွေကိုဖော်ညွှန်းပြထားတဲ့ Swedish movieလေးဖြစ်ပါတယ်.....။အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီလာ နဲ့ ကီယာဟာ ငယ်ကတည်းကဘောလုံးကန်ရတာကို ဝါသနာထုံခဲ့ကြပြီး အိပ်မက်တွေကိုယ်စီရှိကြသူတွေပါ....။ဒီထဲမှာမှ မီလာလေးဟာ ဘောလုံးကစားနည်းကို ပိုရူးသွပ်ပြီးဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့ အကျင့်လည်းရှိတာမို့ ကီယာလေးကဘေးမှာအမြဲလိုက်ထိန်းပေးနေကျပေါ့....။တစ်နေ့မှာတော့ သူတို့ရဲ့ဘောလုံးအသင်းလေးကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ဖူးုတဲ့ လိုလိုဟာ နည်းပြအဖြစ်ရောက်လာခဲ့ပါတယ်....။နည်းပြအသစ်ကို အားကျစိတ်နဲ့အတူ သူတို့ရဲ့အိပ်မက်တွေဆိုတာလည်းလက်တစ်ကမ်းအလိုမှာရောက်နေပြီဆိုတာသိလိုက်ရတော့မီလာနဲ့ကီယာလေးဟာ အစွမ်းကုန်ကြိုးစားကြတာပါတော့တယ်....။ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေ၊စည်းမျဉ်းတွေအောက်မှာ ကိုယ်စီအိပ်မက်တွေဆီရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ပေးဆပ်မှုတွေ၊ဂရုဏာဒေါသလေးတွေ၊ လူငယ်သဘာဝစိတ်ခံစားချက်လေးတွေကို မြင်တွေ့ရမယ်ဇာတ်ကားလေးဖြစ်ပါတယ်....။ File size…2.16GB / 1.05GB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Forever (2023)
8.6
Ghoomer (2023)
Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲတွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p ...
movie
Ghoomer (2023)
2023
7.1
NYAD (2023)
Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိကပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော်မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Fosterတို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီးအဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိတစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကိုကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူးခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ...
movie
NYAD (2023)
8.2
Road to Boston (2023)
Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie
Road to Boston (2023)
2023
6.7
Race to the Summit (2023)
Race to the Summit (2023) ==================== IMDb Rating - 6.7/10CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက် ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီ ဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ် ရှင်ပါ။အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွား ခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်း ကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ် များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေ ကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Race to the Summit (2023)
2023
5.7
Blue Crush (2002)
Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်းလေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie
Blue Crush (2002)
2002
6.3
Dragon Lord (1982)
ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie
Dragon Lord (1982)
7.0
We Are Marshall (2006)
Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to ...
movie
We Are Marshall (2006)
6.6
Talladega Nights: The Ballad of Ricky Bobby (2006)
အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie
Talladega Nights: The Ballad of Ricky Bobby (2006)
8.4
Kelce (2023)
Kelce (2023) ========== IMDb Rating - 8.4/10ဒီဇာတ်လမ်းကတော့ အမေရိကန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ ဂျေဆန်ကယ်လ်စီရဲ့အကြောင်းကိုမှတ်တမ်းတင်ရိုက်ကူး ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဂျေဆန်ဟာSuper Bowl ချန်ပီယံ။ First- team All Pro ၅ ကြိမ်။ Pro Bowl ၆ ကြိမ်ရရှိထားပြီး လက်ရှိမှာ Philadelphia Eagles အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။ညီဖြစ်သူကလည်း သူနဲ့အတူဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါ တယ်၊၊ ဂျေဆန်တို့ညီအစ်ကိုဟာ ငယ်စဉ်ကတည်းက အားကစားကိုရူးသွပ်ကြ သူတွေဖြစ်ပြီး အမေရိကန်ဘောလုံးကစားနည်းအပြင် အခြားအားကစားတွေပါ ကစားခဲ့ကြပါတယ်။ လောကခံရဲ့အနိမ့်အမြင့်တွေကြားထဲကနေ အထက်တန်း ကျောင်းသားဘဝမှာ ဘောလုံးအားကစားသမားကိုရွေးချယ်ပြီး ပရော်ဖက်ရှင် ကစားသမားဘဝအထိရောက်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရပြီး အောင်မြင်မှု တွေ ဆွတ်ခူးခဲ့ရလဲဆိုတာစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.23 GB) / (823 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 43Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Sport Translator......Tin Myo Lwin Encoder..........SWM
movie
Kelce (2023)
2023
6.4
Cassandro (2023)
Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie
Cassandro (2023)
2023
6.7
Count(2023)
Count(2023)*********** ကစားသမားတွေက နှစ်ခါသေဆုံးကြပါတယ်တဲ့။ လက်ဝှေ့သမားဟောင်း ဘတ်ရှီဟွန်းကတာ့ သေဆုံးမှုနှစ်ခုစလုံးကိုတွေ့ကြုံပြီးပြီပဲဖြစ်ပါတယ်။ ပထမတစ်ခါကတော့ ၁၉၈၈ အိုလံပစ်မှာ အငြင်းပွားစရာရွှေတံဆိပ်ဆုကို ရခဲ့တုန်းကဖြစ်ပြီးတော့ ဒုတိယတစ်ခါကတော့ အဲဒီရွှေတံဆိပ်ဆုကြောင့်ပဲသူရဲ့အားကစားသမားဘဝ ဂုဏ်သိက္ခာမဲ့စွာ အဆုံးသတ်ခဲ့ရတုန်းကပဲဖြစ်ပါတယ်။အခုကတော့ သူ့ရဲ့တတိယဘဝအဖြစ် နယ်မြို့လေးမှာ ကျောင်းဆရာလုပ်နေပြီးတော့ ကျောင်းရဲ့လက်ဝှေ့အသင်းကိုနည်းပြလုပ်ပေးဖို့ ကျောင်းအုပ်ကြီးဆီက နားပူနာဆာအလုပ်ခံနေရတာပဲဖြစ်ပါတယ်။အစကတော့ ဝန်လေးနေခဲ့ပေမဲ့ စတားဖြစ်ဖို့ အလားအလာရှိတဲ့ လက်ဝှေ့သမား ယွန်းဝူကိုတွေ့ပြီးတော့အသင်းကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ရှီဟွန်းနဲ့ သူရဲ့အနိုင်ကျင့်ခံအသင်းလေးဟာ ချန်ပီယံအစစ်အမှန်ကဘာလဲဆိုတာကို ပြသဖို့အတွက် ကြိုးစားကြပါတော့တယ်။ဒီကားလေးက တောင်ကိုရီးယားရဲ့ လက်ဝှေ့ကစားသမား ဘတ်ရှီဟွန်းရဲ့အကြောင်းကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပြီး ကြည့်ရမယ့် comedy, sport movieအမျိုးအစားပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ Jin Sun Kyu, Oh Nara, Ko Chang Seok တို့ပါဝင်ထားပြီးတော့မင်းသားအငယ်လေးတွေကလည်း သရုပ်ဆောင်ကောင်းတာမို့လို့ CM fan တို့အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Windi မှရေးသားပေးထားပါတယ်....File ...
movie
Count(2023)
4.2
Tyson Fury: Redemption (2022)
Tyson Fury: Redemption (2022) ========================အမ္ဘာ့အကြီးမြတ်ဆုံးဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Tyson Fury ရဲ့ Documentaryပဲဖြစ်ပါတယ်။ သူချန်ပီယံ တစ်ယောက်ဖြစ်ဖို့ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ Tyson Fury ကဘယ်လိုလူမျိုးလဲ စတာတွေအပြင်၊ သူ ပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျောက်ကြုံခဲ့ရတဲ့ အနိမ့် အမြင့်အတက်အကျတွေကိုမြင်တွေရမဲ့ documentary ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်)File Size..........(1.5 GB) / (460 MB) Quality............WEB-DL 1080p / 720p Duration.........54Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Sport Translator......Khant Zar Ni Oo Encoder..........SWM
movie
Tyson Fury: Redemption (2022)
2022
7.0
Take Off 2 (2016)
Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျားလေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie
Take Off 2 (2016)
1
2
3
4
Last
Previous
Next