Channel Myanmar

Romance

Jai Mummy Di (2020)
Jai Mummy Di (2020) Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romanceဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ... ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ...သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား...ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.9GB / 856MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jai Mummy Di (2020)

2020
Betty’s Bad Luck In Love (2024) 6.2
Betty’s Bad Luck In Love (2024) Betty's Bad Luck In Love (2024) ======================== IMDb Rating - 6.2/10ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.36 GB) / (571 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thetti Tun Encoder..........SWM
movie

Betty’s Bad Luck In Love (2024)

2024
Moonlight Warrior ( 2024 ) 5.8
Moonlight Warrior ( 2024 ) လူငယ်လေးတွေမှာ ငယ်ဘဝတုန်းကစွဲလမ်းခဲ့ရတဲ့ မမတစ်ယောက်တော့ရှိတတ်တယ်မဟုတ်လား။ သူနာပြုမမကိုစွဲလမ်းမိတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဒရာမာကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အမေတစ်ခုသားတစ်ခုနုဲ့ ဘဝလေးကိုသမာရိုးကျ ရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့ သူတို့မြို့လေးရဲ့အလှဆုံးမမနဲ့ဆုံတွေ့ခဲ့တယ်။ မမရဲ့ဘဝကခက်ခဲတယ်။ မမရဲ့ယောင်္ကျားက မမကိုနှိပ်စက်ပြီး သူများနဲ့ဖောက်ပြန်တယ်။ ကောင်လေးကမမကိုကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။တစ်နေ့ကျတော့ မမကဂျပန်ကိုသွားဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မမနဲ့ကောင်လေးကွဲခဲ့ရတာပေါ့။ မမကိုစာတွေပို့ပေမယ့် စာတွေကပြန်ပြန်ပို့ခံရတယ်။ မမကသူ့ကိုမေ့သွားပါပြီလို့ ထင်မိလာတယ်။ သူ့ဘဝနဲ့သူနေထိုင်နိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ပါဘူး မမကပဲကြီးစိုးနေတာကိုး...... မမတစ်ယောက်ကိုစွဲလမ်းမိတဲ့မောင်လေးရဲ့ ဇာတ်လမ်းလေးဟာဘယ်လိုအဆုံးသတ်မလဲ။ မမပေးတဲ့စိတ်ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်အကြောင်းကို ခံစားကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Moonlight Warrior ( 2024 )

A Royal Christmas Holiday (2023) 6.0
A Royal Christmas Holiday (2023) A Royal Christmas Holiday (2023) ========================= IMDb Rating - 6.0/10CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (573 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Ngwe Zin Encoder..........SWM
movie

A Royal Christmas Holiday (2023)

2023
{18+} Devadasi (2020)
{18+} Devadasi (2020) Devadasi (2020)အယုံလွယ် လူပုံအလယ်မှာအသက်ဆုံးရှုံးရတယ်ဆိုတာ တယ်မှန်သကိုး။ စိတ်အလိုကိုလိုက် ရမ္မက်နောက်ကိုလိုက်ရင်း အမှန်ကိုသိမြင်ခြင်းမရှိလာတော့ တဏှာစိတ်ကလူကိုသတ်စေတယ်။ ခြေနှစ်ချောင်းမကယ်ကောင်း ဆိုထားဘိပါနဲ့ အိမ်ပေါ်ခေါ်တင်ကျွေးမွေးလေတော့ အသက်ဆုံးရှုံးရပြန်တယ်။ လောကမှာငွေက ဒုတိယဘုရားသခင်လို့ဆိုထားပေမယ့် ဒီဘုရားသခင်ကလူ့အသက်ကိုနှုတ်စေတာ ယုံကြပါသလား။ဟုတ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးကြောင့်ပင်ဖြစ်လင့်ကစား ကိုယ်ကယ်တင်လိုက်တဲ့ခြေနှစ်ချောင်းဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို အမြဲစောင့်ကြည့်သတိထားရပါမယ်။ဒီဇာတ်ကားလေးမှာတော့ ကိုယ်ကယ်တင်မိတဲ့ ခြေနှစ်ချောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘဝအကြောင်းတွေကိုရိုက်ပြထားပြီးငွေနောက်လိုက်ရင်း ကိုယ့်သွေးသားတွေကိုအမဲဖြတ်ကြတဲ့ လူတစ်စုအကြောင်းကိုလည်း ရိုက်ပြထားပါတယ်။ဆိုတော့ ၁၈အပေါင်းအခန်းတွေတပြုံကြီးနဲ့ ခံစားကြည့်ရှုအားပေးကြပေတော့နော်....။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2.1GB Quality…720p Format…mp4 Duration….3h  Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

{18+} Devadasi (2020)

2020
The Legend of the Mermaid ( 2024 ) 5.7
The Legend of the Mermaid ( 2024 ) ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကို ပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာ ရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာ လူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။ စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲ ရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့် ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။ အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Legend of the Mermaid ( 2024 )

MyCorona (A Wall Away) (2022) 5.1
MyCorona (A Wall Away) (2022) ဒီကားကတော့ ကိုဗစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဇာတ်ကားဆိုပေမဲ့ တခြားကားတွေလို အနိဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာတွေ မပါဝင်ဘဲ ပုံမှန် Romance ကားတစ်ကားလိုပဲ စိတ်အေးလက်အေး ကြည့်ရှုနိုင်မှာပါ။ကိုဗစ်ကြောင့် အယ်လ်အေက တိုက်ခန်းတစ်ခုအတွင်းမှာ မနေချင်ချင်၊ နေချင်ချင် အတူရှိနေကြရတော့တဲ့ အိမ်နီးချင်းတွေ၊ တစ်အိမ်တည်းနေ မိသားစုတွေနဲ့ ချစ်သူတွေက ပုံမှန်ကာလမှာ မမြင်နိုင်၊ မသိနိုင်တဲ့ အမှန်တရားတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခြင်းရှိမရှိနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ပြီး အဆုံးထိ နားလည်မှုရှိရှိ အတူရှိနေနိုင်သွားကြမလား ဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။အလုံပိတ်အခန်းတွင်း အချိန်ပေါင်းများစွာ နေလာရတဲ့အခါ အရင်ကမတွေးဖူးတာတွေ၊ မသိမမြင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင်အကြောင်းကအစ ကိုယ့်ဘေးကလူရဲ့ အကျင့်စရိုက်အသေးလေးတွေကအထိ မြင်လာကြတာမို့ အသွားအလာတွေ ပိတ်လိုက်တဲ့အခါ နှလုံးသားတံခါးတွေ ပွင့်လာနိုင်၊ မလာနိုင်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(995 Mb)/(471 ...
movie

MyCorona (A Wall Away) (2022)

Which Brings Me to You (2024) 5.6
Which Brings Me to You (2024)  အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ်ဇာတ်လမ်းလေးတွေရှိကြမှာပါ...။အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင်ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင်မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်းစိုးထိတ်သွားရလေ့ရှိတယ်တဲ့။ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ်သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းကအရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီးတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့...။တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာစိတ်ကူးမိကြပါသတဲ့။သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းကတစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့....အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှသဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Which Brings Me to You (2024)

Under Your Bed (2023)
Under Your Bed (2023) 18+ Under Your Bed (2023)၁၈ ယောက် စုကြည့်မှရမယ့် Thriller, Melodrama ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးနေခဲ့တဲ့ ဂင်ဂျီဟွန်းဟာ တက္ကသိုလ်မှာ ယယ်အွန်းဆိုတဲ့ကောင်မလေးကို တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အချစ်ဦးတို့ရဲ့ထုံးစံအတိုင်း ကွဲကွာခဲ့ကြရပြန်ပါတယ်။ဒီလိုနဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ တက္ကသိုလ်ကအချစ်ဦး ယယ်အွန်းကိုရှာဖွေဖို့ ဂျီဟွန်းတစ်ယောက် ကြိုးစားရင်း အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ငယ်ချစ်ဦးယယ်အွန်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့…။ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုအောက်မှာ မရှုမလှခံစားနေရတဲ့ ယယ်အွန်းကို သူ့ရဲ့အိပ်ရာအောက်ကနေ အမြဲတမ်းစောင့်ကြည့်နေတဲ့ ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Thriller, Melodrama ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Romance, Thriller Quality…. 1080p | 720p File size… 1.2GB | 499MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Encoder ..... ...
movie

Under Your Bed (2023)

Saba Nayagan (2023) 8.0
Saba Nayagan (2023) Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ)CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ‌ဇာတ်လိုက်‌ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ....ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.94GB/ 1.3GB Quality…WEB DL 1080p ...
movie

Saba Nayagan (2023)

2023
Last Holiday (2006) 6.6
Last Holiday (2006) Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie

Last Holiday (2006)

2006
Far from the Madding Crowd (2015) 7.1
Far from the Madding Crowd (2015) Far from the Madding Crowd (2015) =========================== IMDb Rating - 7.1/10"ငါ့ကို လက်ထပ်နိုင်မလား" ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Far from the Madding Crowd (2015)

2015
Saving Face (2004) 7.4
Saving Face (2004) Saving Face (2004) =============== IMDb Rating - 7.4/10အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes 88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲက မိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chen လည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်- အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ် မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းက အမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြ သလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မ ပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြ ဘူးပေါ့။ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီး တဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲ နေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျား ရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘ အရိပ်အောက်မှာပဲ ...
movie

Saving Face (2004)

2004
An Ice Palace Romance (2023) 5.9
An Ice Palace Romance (2023) An Ice Palace Romance (2023) =======================စိတ်ကူးအိပ်မက်ဆိုတာမျိုးက လိုက်နေရင်းပျောက်ဆုံးသွားတတ်ပြီး၊ ဖြစ်ချိန်တန်တော့မှ ဖျတ်ကနဲ ပြန်ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းထဲက လော်ရီဆိုတဲ့ မိန်းကလေးအတွက်လည်း ဒီလိုအဖြစ် မျိုးပါပဲ။ဇာတ်လမ်းအကျဉ်း - လော်ရီမာရှယ်ဟာ သတင်းဌာနတစ်ခုမှာ ဌာနခွဲအသစ်ရဲ့ခေါင်းဆောင် ဖြစ်အောင် ကြိုးပမ်းနေတဲ့ သတင်းသမားတစ်ယောက်ပေါ့။ လုပ်ငန်း လိုအပ်ချက်အရ သူ့ဇာတိမြိုလေးဆီက ရေခဲနန်းတော်ဆိုတဲ့ သမိုင်း၀င် စကိတ်ကွင်းဆီ သွားရဖို့ ဖြစ်လာပါတယ်။ လော်ရီအတွက် ပြန်မသွား ချင်ဆုံးနေရာ၊ ပြန်မတွေးချင်ဆုံးအတိတ်ပေမဲ့ မြို‌လေးဆီပြန်ပြီး အတိတ် ကို ပြန်တူးဖော်ရမဲ့အကြောင်းတွေ ပေါ်လာပါတယ်။ အဲဒီမှာ မာ့ခ်နဲ့ဇိုဝီတို့ သားအဖနဲ့ ကြုံဆုံမိပါတော့တယ်။ရေခဲနန်းတော်နဲ့ပတ်သက်လို မာ့ခ်နဲ့လော်ရီတို ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာ က သမိုင်း၀င်အဆောက်အအုံစကိတ်ကွင်းကို ဖျက်ပြီး ခေတ်မီကွန်ဒိုတွေ ဆောက်မဲ့ ကိစ္စပါပဲ။ ရေခဲနန်းတော်ကိုကာကွယ်မဲ့ မာ့ခ်နဲ့ အထက်ကခိုင်းတဲ့ အတိုင်း လုပ်ရမဲ့လော်ရီတို ဘယ်လိုထိပ်တိုက်တိုးမလဲ၊ ဇာတိမြိုလေးမှာ လော်ရီရဲ့ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ ဇာတိကို ပြန်ပြီး နဖူးစာရွာလည်တဲ့ လော်ရီတစ်ယောက် အချစ်နဲ့အလုပ်ကြား ဘာကို ရွေးချယ်မလဲ... ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။ ခရစ္စမတ်ကို ခပ်ပါးပါးနောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်တာမို Romance ရုပ်ရှင်ပရိသတ်ကြီး ...
movie

An Ice Palace Romance (2023)

2023
Ulagammai (2023)
Ulagammai (2023) Ulagammai 2023(မဟုတ်မခံ အူလာဂမ်မိုင်)ဒီဇာတ်လမ်းက ဝတ္ထုတိုဆုရဖူးတဲ့ စာရေးဆရာ Su. Samuthiram ရဲ့ ဝတ္ထုဇာတ်လမ်းတွေ‌ထဲကတစ်ပုဒ်ကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်စိုက်ခင်းတွေနဲ့ စိမ်းစိုနေအေးချမ်းနေတဲ့ရွာလေး တစ်ရွာမှာ အူလာဂမ်ဂိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် ဘယ်သူ့ကိုမှမကြောက် ရဲရဲတင်းတင်း သတ္တိရှိတဲ့ကောင်မလေး တစ်နေ့ သူ့အလုပ်ရှင်သမီး သတို့သားလောင်းသွားတွေ့တဲ့အချိန် သတို့သားလောင်းက သူ့ကိုမြင်ပြီး သူမှသူစွဲစွဲလန်းလန်းဖြစ်သွားတော့တယ် ဒီပြဿနာကို သွားဖြေရှင်းဖို့လုပ်ကာမှ အစ်မရဲ့သတို့သားလောင်းကို ခိုးကြောင်ခိုးဝှက်တွေ့ရလားဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပိုပြဿနာကြီးတော့တာပေါ့အပေါ်ယံကြည့်ရင် စိမ်းစိုတဲ့လယ်ကွင်းကြီးတွေနဲ့နေချင်စဖွယ်တောရွာလေးဟာ နေချင်စဖွယ်ကောင်းပေမဲ့ ကျားမခွဲခြားမှုတွေ ဇာတ်နိမ့်မြင့်ခွဲခြားမှုတွေနဲ့ ဆတ်ဆတ်ထိမခံစွာတေးလန်လေးတို့ ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကတော့....(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2GB / 944MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ ToMo ~ Alex
movie

Ulagammai (2023)

2023
Kaiva (2023) 8.3
Kaiva (2023) Kaiva 2023 CM ပရိသတ်ကြီးအတွက် ကန်နာဒါစကားပြောဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ကန်နာဒါကားတွေရဲ့ ထုံးစံအတိုင်း အက်ရှင်ဘာညာကတော့ စိတ်ပျက်စေရမှာ မဟုတ်တာမို့ ဇာတ်ကြမ်းလေးတွေကြိုက်တဲ့ ပရိသတ်အတွက်တော့ အကိုက်ပါပဲဇာတ်လမ်းအကျဉ်းကတော့ ဘန်ဂလာရူမြို့ဆိုတာ မြေအောက်လောကသားတွေ ဒုစရိုက်သမားတွေနဲ့ပြည့်နေသလို သမိုင်းကြောင်းအရလဲ ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီလာဇာတ်လမ်းများစွာနဲ့ မြို့လေးတစ်မြို့ပါအဲ့အချိန်မှာ နယ်မြို့လေးက မင်းသားကိုင်ဗာက အလုပ်လုပ်ဖို့ ဘန်ဂလာရူမြို့ကို ရောက်လာချိန်မှာ ဆယ်လ်မာလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဇာတ်လမ်းလေးကရိုးရှင်းပေမယ့် မရိုးရှင်းတာက ဆယ်လ်မာရဲ့အလုပ်ရှင်မှာ ရန်သူတော်ကြီးသုံးယောက်ရှိနေတာပါ…မြေအောက်လောကသားတွေကြားက ရန်ငြိုးတွေကြားမှာ ဆယ်လ်မာက ဘယ်လိုကြားညှပ်သွားမလဲ ဆယ်လ်မာကိုချစ်တဲ့ ကိုင်ဗာကရော ဘယ်လိုပါပတ်သတ်ရမှာလဲဆိုတာ CM ပရိသတ်ကြီးပဲ စောင့်မျှော်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တော့ Saii~ Zwe~KKKZ~Cherry တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.42GB / 1.22GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Kaiva (2023)

2023
Romance with a Twist (2024) 6.7
Romance with a Twist (2024) Romance with a Twist (2024)ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။အညွှန်း ...
movie

Romance with a Twist (2024)

2023
Puspa Indah Taman Hati (2023) 7.8
Puspa Indah Taman Hati (2023) Puspa Indah Taman Hati 2023 အညွှန်း‌အချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင် ၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။ အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။ မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။ အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါ ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့ CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p ...
movie

Puspa Indah Taman Hati (2023)

2023
Little Rose (2010) 7.0
Little Rose (2010) 1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံ​Drama ကားလေးပဲဖြစ်ပါတယ်တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့​ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့​အတွက်​ အသံလွှင့်သူကိုဖော်ထုတ်ဖို့​အစိုးရက​ပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်​ပါမောက္ခ​တွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ်အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး​ ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့​ သူ့ချစ်သူကာမီလာကို​ အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ်ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့​သဘောတူလိုက်ပြီး ပါမောက္ခ​အဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို​ လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို​ ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B
movie

Little Rose (2010)