Channel Myanmar

Romance

Die in a Gunfight (2021) 4.7
Die in a Gunfight (2021) ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Die in a Gunfight (2021)

4K HEVC
Equals (2015) 6.0
Equals (2015)  ဒီဇာတ်ကားလေးကတော့ မင်းသား Nicholas Houltနဲ့မင်းသမီး Kristen Stewartတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအမျိုးအစားက sci-fi၊romanceအမျိုးအစားဖြစ်ပြီးဇာတ်အိမ်နဲ့ သရုပ်ဆောင်တွေ ကွက်တိကျလိုက်ဖက်နေတာကိုလည်းခံစားရမှာပါ။ဇာတ်လမ်းအကြောင်းကိုပြောပြရင် ကမ္ဘာ့ပျက်ကပ်ကြီးအပြီးခေတ်လွန်ကာလတစ်ခုမှာ လူတွေဟာ စိတ်ခံစားချက်ကိုဦးစားမပေးတော့ဘဲ အရာရာကို စနစ်တကျ စက်ရုပ်လိုသာနေထိုင်ကြပါတော့တယ်...။တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ အထိအတွေ့ဆိုတာမရှိသလိုစိတ်ခံစားချက်ကို ရောဂါတစ်ခုလိုလက်ခံကျင့်သုံးနေကြတာပါ...။ခံစားချက်ပေါ်လာရင်၊ စွဲလမ်းသွားရင် ဒီစိတ်ကို ကုသဆေးတွေနဲ့ချုပ်တည်းပြီးနေရပါတယ်...။ဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းဖို့ကဖြစ်နိုင်ပါ့မလားဆိုတာကို....ဒီဇာတ်လမ်းလေးကြည့်ရင်း sci-fi ရိုမီယို၊ဂျူးလိယက်ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှုစားလိုက်ပါတော့ဗျာ...။ File size…1.18GB / 497MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 41m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Equals (2015)

Teri Baaton Mein Aisa Uljha Jiya (2024) 7.1
Teri Baaton Mein Aisa Uljha Jiya (2024) Teri Baaton Mein Aisa Uljha Jiya (2024) "ချစ်သူရဲ့ စကားသည်သာ..." IMDb - 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ...
movie

Teri Baaton Mein Aisa Uljha Jiya (2024)

2024
Ondu Sarala Prema Kathe (2024) 8.3
Ondu Sarala Prema Kathe (2024) Ondu Sarala Prema Kathe (2024) "ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်" IMDb - 8.4/10ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်) File size…2.14GB / 1.03GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Ondu Sarala Prema Kathe (2024)

2024
Irish Wish (2024) 5.5
Irish Wish (2024)  ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohanဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။Kirsten Hansen ရေးသားပြီး Janeen Damianရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာအိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီးLindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာသူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာအိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကိုလိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါမတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။  File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH /  720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Irish Wish (2024)

Addicted to Love (1997) 6.1
Addicted to Love (1997)  Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam ...
movie

Addicted to Love (1997)

My Norwegian Holiday (2023) 6.6
My Norwegian Holiday (2023) ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့  JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ် File size…(1.4 GB)/(689 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

My Norwegian Holiday (2023)

My Sassy Girl (2008) 6.3
My Sassy Girl (2008) ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie

My Sassy Girl (2008)

2008
1080p Untouched
My Sassy Girl (2001) 8.0
My Sassy Girl (2001) My Sassy Girl (2001) IMDb Rating (8.0) / Rotten Tomatoes (93%) ကိုရီးယားရုပ်ရှင်လောကမှာကော၊ Asia ရုပ်ရှင်လောကမှာပါ Jun Ji Hyun ( Gianna Jung ) ဆိုပြီး နာမည်တစ်ခုကို ခိုင်ခိုင်မာမာရစေခဲ့တဲ့အပြင် ခုချိန်ထိ လူကြိုက်အများဆုံး Korean romcom အဖြစ်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုရင်တော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ My Sassy Girl ပါပဲ။ အဲ့နှစ်ပိုင်းတွေမှာ Jun Ji Hyun ကိုယောကျ်ားလေး၊ မိန်းကလေးတွေသာမက သူတို့အနုပညာလောကသားအချင်းချင်းတောင် ကြိတ်ကြွေခဲ့ရတာပါတဲ့။ ကြောငြာတွေ၊ ရုပ်ရှင်တွေဆိုတာလည်း သူမှသူပါပဲ။ ခုချိန်ထိ အာရှရဲ့အလှဆုံးမင်းသမီးတွေထဲမှာ နှစ်တိုင်းပါပြီး ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ နံပတ်တစ်ဖြစ်နေတုန်းပါ။ ပြန်ရိုက်တဲ့ကားတွေ၊ နောက်ပိုင်းဆက်ထွက်တဲ့ကားတွေရှိပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ original movie ကို ဘယ်ကားမှ မမှီပါဘူး။ My Sassy ...
movie

My Sassy Girl (2001)

2001
1080p Untouched
Charlie (2015) 8
Charlie (2015) Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Charlie (2015)

2015
5lbs of Pressure (2024)
5lbs of Pressure (2024)  ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအ‌နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်‌တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်‌တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie

5lbs of Pressure (2024)

Becoming Jane (2007) 7.0
Becoming Jane (2007) IMDb rating - 7 Rotten Tomatoes - 58%“ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာလန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်ကအချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေတွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလားမိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား... UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာWhite Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား James McAvoy အပြင် Harry Potter ထဲကProfessor McGonagall ဖြစ်တဲ့ Maggie Smithတို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ် File size…    1.3 GB /  620 ...
movie

Becoming Jane (2007)

2007
Say Anything… (1989) 7.3

Say Anything… (1989)

1989
Sometimes I Think About Dying (2023) 6.6
Sometimes I Think About Dying (2023)  ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက'ရေး'အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့....။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်...။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sometimes I Think About Dying (2023)

Akaash Vani (2013) 6.3
Akaash Vani (2013) Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ်အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.9GB / 811MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie

Akaash Vani (2013)

2013
Nicholas Nickleby (2002) 7.1
Nicholas Nickleby (2002) အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie

Nicholas Nickleby (2002)

As If It’s True (2023) 5
As If It’s True (2023) As If It's True (2023) "တကယ်ဆိုရင်..." IMDb - 5/10"One More Chance"လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့ Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီး ဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။ အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက် လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင် သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့ တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size…  1.3GB | 559MB Format… ...
movie

As If It’s True (2023)

2024
Between Calmness and Passion (2001) 6.6
Between Calmness and Passion (2001) Reisei to jônetsu no aida (2001) Between Calmness and Passion~ IMDb - 6.6/10, MyDramaList - 7.3/10 ~ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် ...
movie

Between Calmness and Passion (2001)

2001
[18+]Pati Patni Aur Woh (2021)
[18+]Pati Patni Aur Woh (2021) Pati Patni Or Woh "ခံစားချက် အသစ်အဆန်း"တခြား Dark Side တွေ ကြည့်ရတာ ရိုးအီနေမယ့် ပရိသတ်ကြီးအတွက် 21 မကျ 18 မကတဲ့ အိန္ဒိယ erotic ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရွှေရင်နှစ်မွှာ ဖွံ့ခိုင်ပြီး ကိုယ်လုံးကိုယ်ပေါက် ဆူဖြိုးတဲ့ မင်းသမီးနှစ်လက် အပီအပြင် ချစ်ပွဲဝင်တာကို ကြည့်ရမှာ ဖြစ်ပြီး...ပြကွက်တိုင်းမှာ နောက်ခံတီးလုံးလေးကလည်း လှုပ်ရှားပွတ်သပ်မှု တစ်ချက်တိုင်းစီနဲ့ လိုက်ဖက်ညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါနီခေးလ်နဲ့ ဆိုနိုင်နာတို့က တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့် အရမ်းချစ်ကြပြီး နီခေးလ် ရုံးရောက်နေရင်တောင် လစ်တဲ့အချိန် phone sex ရင်း ချစ်ကြပါတယ်တစ်နေ့ "နိုင်နာ"ဆိုတဲ့ နီခေးလ်ရဲ့သူငယ်ချင်း အိမ်ကိုလာလည်ရင်း ညဘက်ရောက်တော့ အခန်းထဲမှာ နိုင်နာတစ်ယောက်တည်း ပတ်ဝန်းကျင်ဘေးဘီကို မေ့ပြီး စိတ်လွတ်လက်လွတ် တစ်ကိုယ်တော် ချစ်ပွဲနွှဲနေတာကို....အိမ်ထောင်သည်ဖြစ်သူ ဆိုနိုင်နာ မြင်တွေ့သွားချိန်မှာ ခံစားချက်အသစ်အဆန်းတွေ ပေါက်ဖွားလာပြီး မိန်းမသားနှစ်ယောက်ကြား ရမ္မက်ဇောအပြည့်နဲ့ ချစ်ပွဲဝင်ကြပုံကို ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San ...
movie

[18+]Pati Patni Aur Woh (2021)

2021