Channel Myanmar

Romance

West Side Story (1961) 7.6
West Side Story (1961) West Side Story 1961Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်းသိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက်ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးကတစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးကပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကိုခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်းအများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။  File size…    ...
movie

West Side Story (1961)

200 Pounds Beauty (2006) 6.7
200 Pounds Beauty (2006) 200 Pounds Beauty (2006)**************************IMDb... 6.7 "မာရီယာ~~~" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီးဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေး‌နေရတဲ့ အဆိုတော်မလေး ဟန်နာ။သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား...ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရောမကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality ...
movie

200 Pounds Beauty (2006)

You Call It Passion (2015) 6.2
You Call It Passion (2015) You Call It Passion (2015)*************************IMDb... 6.2 ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ Our Unwritten Seoul ထဲကမင်းသမီးလေး Park Bo-young နဲ့ Partners For Justice ထဲက မင်းသားကြီး Jung Jae-young တို့ရဲ့Comedy,Romance ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက်ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာအလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်ကအင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအ​ဆဲခံရမလဲ..သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ..ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်းစစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ...
movie

You Call It Passion (2015)

Boys and Girls (2000) 5.4
Boys and Girls (2000)  Boys and Girls (2000)IMDb Rating (5.4) / Rotten Tomatoes (11%) ဒီတစ်ခါမှာတော့ 2000ခုနှစ်ကထွက်ရှိထားတဲ့ Boys and Girls ဆိုတဲ့ Romance Comedy ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Freddie Prinze Jr. နဲ့ Claire Forlani တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းရိုင်ယန်နဲ့ဂျန်နီဖာဟာ ငယ်ငယ်တုန်းက L.Aမြို့ကိုပျံသန်းမယ့် လေယာဥ်ပေါ်မှာ ဘေးချင်းကပ်ထိုင်စီးရာကနေ ခင်မင်ခဲ့ပါတယ် ထို့နောက် ကွဲကွာသွားပြီး နှစ်တွေကြာပြီး တက္ကသိုလ်မှာမှပြန်ဆုံတွေ့ပါတယ်။ရိုင်ယန်က ဘယ်ကိစ္စမဆိုကိုအလေးအနက်ထားတတ်ပြီး သေချာအစီစဥ်ဆွဲပြီးမှလုပ်တတ်သူပါ။ ဂျန်နီဖာကတော့ ဘာကိုမှသိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူပါ။ဒီလိုဆန့်ကျင်ဘက်အကျင့်စရိုက်တွေနဲ့သူတို့နှစ်ယောက်ဟာ ကောလိပ်တက်တဲ့အရွယ်မှာပြန်တွေ့တော့လည်း အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။သူတို့နှစ်ယောက်တစ်ယောက်အပေါ်တစ်ယောက် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေပေမဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကြောက်တာကြောင့် နှစ်ယောက်စလုံးမြိုသိပ်ထားခဲ့ကြပါတယ်။အကျင့်စရိုက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေမှာအမြင်မတူတာတွေဖြစ်မလဲ?သူတို့တွေသူငယ်ချင်းအဆင့်ထက်ကျော်သွားမလား?ဒါမှမဟုတ် တစ်သက်လုံးသူငယ်ချင်းအဖြစ်ပဲဆက်ရှိနေသွားမှာလား? (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. ...
movie

Boys and Girls (2000)

2000
Meet the In-Laws (2011) 6.3
Meet the In-Laws (2011) Meet the In Laws (2011) **************************ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ F4, Sweet Home ထဲက မင်းသမီးချော Lee Si Young နဲ့ Possessed, My Mister တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Song Sae Byeok တို့ရဲ့ အချစ်ဟာသ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ရိုးသားတဲ့ ဟျွန်းဂျွန်းဆိုတဲ့ ကောင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲတဲ့ ကာတွန်းရေးဆရာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟျွန်းဂျွန်းက သူနဲ့ စာအပြန်အလှန် ပေးဖြစ်နေတဲ့ ဒါဟုံးဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ဒါဟုံးကို သူ့ရဲ့ အဖေဖြစ်သူက လက်ထပ်ဖို့အတွက် တစ်ချိန်လုံး ကြင်ဖက်တွေ့ခိုင်းနေတော့ ဒါဟုံးက သူချစ်ရတဲ့ ဟျွန်းဂျွန်းနဲ့ပဲ လက်ထပ်ဖို့ နှစ်ယောက်အတူ စီစဉ်ပါတော့တယ်။ဒါပေမဲ့ ဟျွန်းဂျွန်းဖခင်နဲ့ ဒါဟုံးရဲ့ ဖခင်က ကျောင်းတုန်းက ပြိုင်ဘက်တွေဖြစ်ပြီး ရန်ငြှိုးရှိကြပါတယ်။ အဲဒီအတွက် ဟျွန်းဂျွန်းအဖေကလည်း ဂယောင်းဆန်ဒိုမြို့သူနဲ့ လက်မထပ်စေချင်သလို ဒါဟုံးအဖေကလည်း ဂျောလာဒိုမြို့သားနဲ့ လက်မထပ်စေချင်ဘူး ဖြစ်နေတာပါ ...
movie

Meet the In-Laws (2011)

My Tutor Friend 2 (2007) 6.5
My Tutor Friend 2 (2007) My Tutor Friend 2 (2007) *****************************ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ****************ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ...
movie

My Tutor Friend 2 (2007)

Tune in for Love (2019) 7.2
Tune in for Love (2019) Tune in for Love (2019)**********************IMDb... 7.2 လမ်းကလေးတစ်ခုမှာ အတူဖြတ်လျှောက်မိကြတဲ့ သူစိမ်းနှစ်ယောက်ဟာ မတော်တဆအဝတ်အစားအချင်းချင်း ပွတ်တိုက်မိခဲ့ရုံဆိုရင်တောင် အတိတ်ဘဝမှာ သူတို့ဟာရေစက်ဆုံခဲ့ကြဖူးလို့ ဖြစ်ပါတယ်။အကယ်၍များ လူနှစ်ယောက်ဟာ ဖူးစားကံပါပြီး ဘဝတစ်သက်တာ အတူ ဖြတ်သန်းခွင့်ရခဲ့ရင်တော့သူတို့ဟာ ဘဝပေါင်း ၈၀၀၀ လောက် ရေစက်ဆုံခဲ့ကြဖူးလို့ပါပဲတဲ့။ချစ်ရသူနဲ့ပေါင်းဖက်ရဖို့က အဲဒီလောက်အထိ ရှားပါးခက်ခဲပါတယ်။အကြောင်းတစ်စုံတစ်ခုကြောင့် မကိုင်မိတဲ့ ဖုန်းတစ်လုံး၊ မသွားခဲ့မိတဲ့နေရာလေးတစ်နေရာကြောင့်ဝေးရဖို့အကြောင်းဖန်လာခဲ့ရင် ခင်ဗျားတို့ ခံနိုင်ရည်ရှိပါ့မလား...နာမည်ကြီး ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Jung Hae In နဲ့ Kim Go Eun တို့ကတော့ဒီလိုသေးငယ်တဲ့ ရွေးချယ်မှုလေးတွေကြောင့် အတူလျှောက်မဲ့လမ်းတွေမှာ အဖော်မဲ့သွားနိုင်ကြောင်းကိုဆွေးမြေ့ချစ်ကြည်နူးဖွယ်ကောင်းအောင် Tune in for love မှာ အတူပုံဖော်ပေးထားကြပါတယ်။ဇာတ်လမ်းအကြောင်းလေး ပြောပြရရင်တော့ "မီဆူ" ဟာ သူ့အစ်မဖြစ်သူနဲ့ မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။အဲဒီမုန့်ဆိုင်မှာပဲ လူငယ်ထိန်းသိမ်းရေးစခန်းက လွတ်မြောက်လာတဲ့ "ဟျွန်းအူ" နဲ့ တွေ့ဆုံကြတယ်ပေါ့နော်။"ဟျွန်းအူ" တစ်ယောက် မုန့်ဆိုင်လေးမှာ ...
movie

Tune in for Love (2019)

Your Lie In April (2016) 6.8
Your Lie In April (2016) ဧပြီလ… ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေ ဖွေးဖွေးလှုပ်လှုပ်နဲ့ ပွင့်နေချိန် မကြာခင်မှာပဲ ပန်းလေးတွေ ပြန်လည်ကျမလားဆိုတာကို အာရုံစိုက်နေချိန်မှာ… ဒီဇာတ်ကားလေးကတော့ ဆာကူရာပန်းတွေနဲ့ အလှကို အခြေခံထားတဲ့ အချစ်၊ သံသယ၊ နာကျင်မှု၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်မင်းသား – ဂျပန်နာမည်ကြီးမင်းသား Yamazaki Kento က “ကိုးဆေး” အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်ငယ်ကတည်းက မိခင်ရဲ့သင်ကြားမှုကြောင့် စန္ဒရားကို အထူးကျွမ်းကျင်တဲ့ ကိုဆဲအိတစ်ယောက်ဟာ… တစ်နေ့မှာတော့ မိမိအကြိုက်ဆုံး စန္ဒရားတီးခြင်းကို စွန့်လွတ်လိုက်ရတယ် ဘာကြောင့်လဲမထင်မှတ်ပဲ ကိုဆဲအိရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ တယောဆရာမလေး “ခါအိုရီ” သူမက ဘယ်သူလဲ? သူမရဲ့ ရှိနေမှုက ကိုးဆေးရဲ့ ဘဝကို ပြန်လည်အလင်းရောင်ဖြစ်လာစေမလား?အဲဒီအချိန်မှာပဲ… ကိုးဆေးရဲ့ငယ်သူငယ်ချင်း “ဆုဘာကီ” ဟာ သူ့ကိုချစ်နေပေမယ့် မရနိုင်တဲ့အချစ်နဲ့ရင်ဆိုင်ရတယ် ကိုးဆေးရဲ့နှလုံးသားဟာ ဘယ်ဖက်ကိုဆုတ်သွားမလဲဂျပန်မန်းဂမှ ပြုပြင်ထားပြီး လူငယ်ပရိတ်သတ်တွေအကြား ထင်ရှားသံကြားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဆာကူရာပန်းပွင့်လှုပ်လှုပ်အချိန်မှာ မျှော်လင့်ချက်နဲ့အတူ နာကျင်မှုကိုလည်း ခံစားစေမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်ထပ်ပြောနေရင် စပွိုင်းတယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး သေချာတာတစ်ခုကတော့ ဒီဇာတ်ကားလေးဟာ ရ င်ထဲတခုခုကျန်ထားစေမယ့် ...
movie

Your Lie In April (2016)

2016
Little Voice (1998) 7.0
Little Voice (1998)  Little Voice (1998)IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းအယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ "ရေးဆေး"ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ "အယ်လ်ဗီ"ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။အနုပညာလောကက အေးဂျင့်ပီပီ "ရေးဆေး"ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ...
movie

Little Voice (1998)

1998
One Fine Day (1996) 6.5
One Fine Day (1996)  One Fine Day (1996)IMDb Rating (6.5) / Rotten Tomatoes (53%) Ocean'sရုပ်ရှင်စီးရီးရဲ့ ပင်တိုင်စံမင်းသားကြီး George Clooneyနဲ့မင်းသမီး Michelle Pfeifferတို့ရဲ့ ကိုးဆယ်ကျော်ခုနှစ်ကRom/Com အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်က မြို့တော်ဝင်ရဲ့မကောင်းသတင်းကို ဆောင်းပါးရေးနေတဲ့ နာမည်ကြီးသတင်းထောက်။ ဇနီးဟောင်းဖြစ်သူက သွားစရာရှိလို့ သမီးဖြစ်သူကို လာထားခဲ့တဲ့နေ့ကျမှသူရေးတဲ့ဆောင်းပါးက ပြဿနာအကြီးအကျယ်တက်ပါရော။မယ်လယ်နင်းက သားတစ်ယောက်ရှိတဲ့ စင်ဂယ်မားသား ဒီဇိုင်နာတစ်ယောက်။ ရုံးမှာ အရေးကြီးကလိုင်းယန့်နဲ့ တွေ့ရမဲ့အရေး သားဖြစ်သူကို အပ်ထားရမဲ့လူရှိဖြစ်နေချိန်။ဒီလိုမျိုး ဒုက္ခကိုယ်စီ၊ ကလေးကိုယ်စီနဲ့ သူတို့နှစ်ယောက် စတွေ့ကတည်းကအထေ့အငေါ့တွေနဲ့ အဆင်မပြေကြရာကနေ ကိုယ့်အလုပ်ပြဿနာကိုယ် ရှင်းကြရင်းဘာတွေဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:48:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae ...
movie

One Fine Day (1996)

1996
BA:BO – Miracle of Giving Fool (2008) 7.3
BA:BO – Miracle of Giving Fool (2008) BA:BO - Miracle of Giving Fool (2008)************************************IMDb... 7.3 CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်တင် ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့မမလှလှ Ha Ji-wonတို့နဲ့အတူ မင်းသား Cha Tae-hyun နဲ့ မင်းသား Park Hee-soonတို့ငယ်ရွယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင်Ba Boဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးဟာ webtoonကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဆိုပါ webtoonကိုရေးသားသူကတော့ အားလုံးသိကြတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Moving, Light Shop အစရှိတဲ့ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးသူ Kang Full ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းကမတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်း ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ ...
movie

BA:BO – Miracle of Giving Fool (2008)

[18+] Sex On Phone (2025)
[18+] Sex On Phone (2025)  Sex On Phone (2025) အမန်ဒါဟာသူ့ခင်ပွန်းပတ်ဘလို အိမ်မှာအနေကြာလာပြီး အလုပ်ရှာမရတဲ့အဆုံးမဖြစ်မနေအနေနဲ့အထူး call center တစ်ခုမှာအော်ပရေတာအလုပ်ဝင်လုပ်ခဲ့ရပါတယ်။အထူးဆိုတာကတော့ သူတို့ရဲ့ call center ဟာခေါ်ဆိုသူတွေကို အသံနဲ့စိတ်ကျေနပ်တဲ့အထိ လိင်ဝန်ဆောင်မှုပေးရတာပါ။ ခေါ်ဆိုသူတွေထဲမှာ ပုံမှန်သူလိုကိုယ်လိုလူတွေ ပါသလို ဆန်းဆန်းပြားပြား အကြမ်းပတမ်းကိုမှ နှစ်သက်သူတွေလည်းပါဝင်ပါတယ်။အမန်ဒါကိုယ်တိုင်ကတော့ သူ့ပုံမှန်ဖောက်သည်ဖြစ်တဲ့ ခေါ်ဆိုသူနဲ့ဖုန်းပြောဖြစ်တဲ့အချိန်တိုင်း သူသဘောကျနှစ်သက်တဲ့အပြာမင်းသားတစ်ယောက်ကိုစိတ်ကူးယဉ်မှန်းဆလေ့ရှိတဲ့အတွက် မိနစ်များများရပြီး အလုပ်မှာအောင်မြင်သလိုသူကိုယ်တိုင်အတွက်လည်းစိတ်ကျေနပ်မှုရတတ်ပါတယ်။ဒါပေမယ့် တစ်ဖက်လူတွေဟာ ဖုန်းပေါ်ကတစ်ဆင့်၊ အသံကတစ်ဆင့်မကျေနပ်တော့ပဲ အပြင်မှာတွေ့ဖို့အထိ စတင်လှုပ်ရှားလာချိန်မှာတော့ စိတ်ကူးနဲ့လက်တွေ့ဘ၀ကြား ကမောက်ကမဖြစ်ရပ်တွေနဲ့အမန်ဒါဘ၀တစ်ခုလုံးဗြောင်းဆန်ဖို့ဖြစ်လာပါတော့တယ်။တွေ့နေကျ Vivamax ကားတွေလိုမဟုတ်ပဲ Production Design ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း၊ သရုပ်ဆောင်ကောင်းတွေရဲ့အင်အားတောင့်တောင့်နဲ့ပွဲထွက်လာခဲ့ပြီး Mainstream Erotic Thriller တွေကို ကောင်းကောင်းယှဉ်နိုင်မယ့်ဇာတ်ကားတစ်ကားပါ။ မြည်းစမ်းကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:38:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by ...
movie

[18+] Sex On Phone (2025)

2025
Our Times (2025) Nuestros Tiempos 5.3
Our Times (2025) Nuestros Tiempos  Our Times (2025)IMDb Rating (5.3) 1966 ခုနှစ်က သိပ္ပံပညာရှင်နှစ်ယောက်က နည်းပညာတွေ မယုံနိုင်လောက်အောင် တိုးတက်နေပြီဖြစ်တဲ့ 2025 ခုနှစ်ကို မတော်တဆအချိန်ကူးပြောင်းမိခဲ့ကြပါတယ်။အမျိုးသမီးဖြစ်တဲ့ နိုရာအတွက်တော့ ခေတ်သစ်ကြီးက အခွင့်အရေးပေါင်းများစွာက ကြိုဆိုနေပေမဲ့ သူ့ယောကျာ်းဖြစ်သူအတွက်တော့ အမျိုးသမီးတွေ နေရာယူထားပြီးဖြစ်တဲ့ လောကကြီးမှာ အသားကျမနေခဲ့ပါဘူး။သူတို့အချိန်ကို ပြန်သွားဖို့ကိစ္စနဲ့ပတ်သက်ပြီး နိုရာက ထွေဝေလာပြီး သူတို့နှစ်ယောက်ကြားမှာ ကတောက်ကဆဖြစ်လာပါတော့တယ်။နိုရာအနေနဲ့ 2025 ခုနှစ်ရဲ့ အောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ အနာဂတ်လမ်းကို ရွေးမလား အတိတ်က ခင်ပွန်းဖြစ်သူနဲ့ အမှတ်တရတွေကိုပဲ ရွေးချယ်သွားမလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှု့လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။)File size…(1.2 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,Science Fiction Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Serenity
movie

Our Times (2025) Nuestros Tiempos

2025
The Thief and the Cobbler (1993) 7.1
The Thief and the Cobbler (1993) 1993 မှာထွက်ခဲ့တဲ့ animation လေးပါပဲ။ သာမန် သမားရိုးကျဖြစ်နေတဲ့ ဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ သူ့ရဲ့ animation style တွေ၊ sound effects တွေက surreal ဆန်ပြီး ကြည့်ရတာအီလေးမသွားစေတဲ့အချက်က ဒီကားကို သမားရိုးကျ 20 ရာစုနှစ် ကာတွန်းရုပ်ရှင်တွေဆီကနေကွဲထွက်သွားစေတဲ့ အချက်ပါပဲ။ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရအောင်။ ဟိုးရှေးရှေးတုန်းက ရွှေမြို့တော်ကြီးတစ်ခုရှိတယ်တဲ့၊ အဲမြို့ကြီးရဲ့ အလယ်ကမျှော်စင်ထိပ်မှာမြို့ကို အန္တရာယ်မကျရောက်အောင် စောင့်ရှောက်ထားတဲ့ ရွှေဘောလုံးသုံးလုံးရှိတယ်တဲ့။အဲဘောလုံးသုံးလုံးသာ အခိုးခံရမယ်ဆို မြို့ကြီးလှည်း ပျက်သုဥ်းရလိမ့်မယ်ဆိုပြီးဟောကိန်းတွေထုတ်ထားတာရှိတယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း ဒီဟောကိန်းပေါ်မှာပဲအခြေပြုပြီး ဖြစ်လာတာပေါ့။ Classic 2d animation လည်း ကြည့်ချင်တယ်၊ မြင်တွေ့နေကျ ဇာတ်ကောင်တွေသီချင်းဆိုပြီးစွန့်စားခန်းဖွင့်ကြတဲ့၊ မင်းသမီးကသီချင်းဆိုရင်း မင်းသားလာကယ်တာစောင့်တဲ့ဇာတ်လမ်းမျိုးတွေလည်း ကြည့်ရတာအီနေပြီဆို surreal ဆန်တဲ့ animation တွေနဲ့ ရိုးရှင်းတဲ့story ကို ကောင်းကောင်းပေါင်းစပ်ထားတဲ့ သူခိုးနှင့် ဖိနပ်ချုပ်သမား ဆိုတဲ့ ရုပ်ရှင်က သင့်အတွက်ပါပဲ။  File size…    2.2 ...
movie

The Thief and the Cobbler (1993)

Time of EVE: The Movie (2010) 7.2
Time of EVE: The Movie (2010) Time of Eve (2010) ----------------------- IMDB - 7.2/10, MyAnimeList - 7.9/10 ဒီကားလေးကတော့ လုံးဝကို Underated ဖြစ်ပြီးတော့ Sci-fi ပိုင်းတွေကိုကြည့်ရတာစိတ်ဝင်စားတဲ့သူတွေအတွက် Recommended ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ အနာဂတ်မှာ စက်ရုပ်တွေကိုအကျယ်အပြန့်အသုံးပြုလာကြတယ်။ ဒီလိုမျိုး လူသားတွေဟာ စက်ရုပ်တွေကို လိုလေသေးမရှိအသုံးပြုလာနိုင်တဲ့အတွက် ဖြစ်သလိုဆက်ဆံလာကြပြီး တစ်ဖက်မှာလည်း စက်ရုပ်တွေကိုသက်ရှိလူတစ်ယောက်လို ဆက်ဆံပြီး နားလည်သဘောပေါက်ပေးတဲ့သူတွေလည်း ရှိလာတယ်။ဒါပေမဲ့ ဒီလိုစက်ရုပ်တွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံမှုတွေကို ပတ်ဝန်းကျင်မှာအထင်သေးကဲ့ရဲ့ခြင်းခံရတယ်။ အဲဒီမှာ ဇာတ်ကားလေးရဲ့ MC ဖြစ်သူ Rikuo ကလည်းပတ်ဝန်းကျင်အတိုင်း ကြီးပြင်းလာလို့ စက်ရုပ်တွေကိုလိုသလိုခိုင်းစေအသုံးပြုရတယ်လို့ပဲအမြင်ရှိတာပေါ့။ တစ်နေ့မှာသူ့ရဲ့စက်ရုပ် Sammy ဟာ ထူးဆန်းစွာပြုမူနေတာကိုသူသတိထားမိလာတယ်။ Sammy ရဲ့လှုပ်ရှားမှုမှတ်တမ်းကို ပြန်စစ်ပြီး သူဘယ်တွေသွားခဲ့လဲဆိုတာကိုRikuo ဟာ သူ့သူငယ်ချင်း Masaki နဲ့အတူခြေရာခံရင်း Time of Eve ဆိုတဲ့ ထူးဆန်းတဲ့ကော်ဖီဆိုင်လေးကိုရောက်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (အညွန်းနဲ့ ...
movie

Time of EVE: The Movie (2010)

Sunshine (1999)
Sunshine (1999) Sunshine ဟာ ရုပ်ရှင်တစ်ခုသက်သက်သာမဟုတ်ဘဲ ဥရောပသမိုင်းရဲ့နှစ်ပေါင်းတစ်ရာ ရာစုနှစ်တစ်ခုလုံးကို ဟန်ဂေရီဂျူးမိသားစုတစ်စုရဲ့မျက်လုံးထဲကနေဖြတ်မြင်ရအောင်ဖန်တီးပြထားတဲ့အနုပညာလက်ရာတစ်ခုပါပဲ အော်စတို-ဟန်ဂေရီအင်ပါယာခေတ် နာဇီခေတ်နဲ့ကွန်မြူနစ်ခေတ် ခေတ်သုံးခေတ်ကိုဖြတ်သန်းခဲ့ရတဲ့ ဂျူးမိသားစု generation သုံးဆက်ကိုမြင်တွေ့ရမှာဖြစ်ပြီး အဘိုး အဖေနဲ့သားဖြစ်သူတို့ရဲ့ ခေတ်သုံးခေတ်မှာအသီးသီးကြုံတွေ့ခဲ့ရတဲ့ အစိုးရတွေရဲ့မတည်မြဲပြောင်းလဲတတ်တဲ့နိယာမတွေ,ဂျူးမုန်းတီးရေးဝါဒီတွေ ယုံကြည်မှုနဲ့သစ္စာဖောက်မှုတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ လူတွေရဲ့အသိအမှတ်ပြုခံရဖို့ကြိုးစားရင်း ရှုပ်ထွေးလှတဲ့နိုင်ငံရေးလှည့်ကွက်တွေအောက်မှာ ဘဝအန်ိမ့်အမြင့်အတက်အကျ နိုင်ငံရေးသားကောင်ဖြစ်ခဲ့ရတာတွေနဲ့ အချစ်နွံထဲမှာလဲပိတ်မိခဲ့တဲ့သားကောင်တွေအဖြစ်ပုံဖော်ထားတဲ့ ရသအစုံကိုခံစားရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်။ Main lead ကလဲ ''ဗိုဒါမော့''လို့ဟယ်ရီပေါ်တာစီးရီးနဲ့လူသိများတဲ့ မင်းသားကြီး Ralph Fiennes ဖြစ်တာမို့ ဇာတ်လမ်းအရှိန်အတက်တွေအကျတွေနဲ့ တစ်ကားလုံးမပျင်းရဘဲနစ်မြောသွားရမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ခုလို့ညွှန်းလိုက်ပါတယ်နော်...File size…(3.1 GB)/(1.8 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, History, Romance War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si 
movie

Sunshine (1999)

Gas Food Lodging (1992) 6.6
Gas Food Lodging (1992) "Gas Food Lodging" ဟာ Allison Anders ရိုက်ကူးထားတဲ့ ပေါ့ပါးတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပြီးစာရေးဆရာ Richard Peck ရေးသားတဲ့ Don't Look and It Won't Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။(Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုအတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ဒီရုပ်ရှင်ဟာ နယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ...
movie

Gas Food Lodging (1992)

To Barcelona, Forever (2025) 6.6
To Barcelona, Forever (2025)  To Barcelona, Forever (2025)Romanceကားကြိုက်သူတွေအတွက် ၂၀၂၅ခုနှစ်မှာပဲထွက်ရှိထားတဲ့ Romance ကားကောင်းကောင်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ။ဇာတ်ကားအညွှန်းလေးကတော့ စာရေးဆရာအဖြစ် ခြေလှမ်းစတင်ခဲ့တဲ့အန်နာဟာ သူမရဲ့အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ အယ်ရီကာရဲ့မင်္ဂလာပွဲအတွက် စပိန်နိုင်ငံ, ဘာစီလိုနာမြို့ကိုရောက်လာခဲ့ပါတယ်။အဲဒီလိုလာရင်းနဲ့ ဟာဗီယာလို့ ခေါ်တဲ့စပိန်နိုင်ငံသား လေးတစ်ယောက်နဲ့မတော်တဆဆုံတွေ့ကြရင်း သူတို့အချစ်ဇာတ်လမ်းစဖို့ အကြောင်းဖန်လာခဲ့တာပေါ့။ဒီလိုနဲ့သူတို့နှစ်ယောက်တွေ့ဆုံစကားပြောကြရင်းနဲ့ ဟာဗီယာရဲ့မိသားစုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟင်းခပ်အမွှေးအကြိုင်ဖြစ်တဲ့ ဆာဖရွန်ကိုထုတ်လုပ်ပြီး အရမ်းသီးသန့်ဆန်ကာလျို့ဝှက်ပြီးနေကြတဲ့မိသားစုဖြစ်တာကိုစာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်နာကသိရှိသွားအခါ သူတို့မိသားစုကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးဖို့ သူတို့မိသားစုအကြောင်းကို စာရေးချင်စိတ်တွေတဖွားဖွားဖြစ်လာတော့တာပါပဲ။ဒါပေမဲ့တစ်ဖက်ကလဲ သူတို့မိသားစုရဲ့ နှစ်ရာချီထိန်းသိမ်းခဲ့တဲ့လျို့ဝှက်ချက်တွေကိုအသိခံမှာမဟုတ်တာကြောင့် အန်နာဟာ ဟာဗီယာရဲ့ သတို့သမီးလောင်းအဖြစ်ဟန်ဆောင်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ?သူတို့အချစ်လမ်းက ရော ချောမွေ့ပါ့မလား ? ထိုမိသားစုရဲ့လျို့ဝှက်ချက်တွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size… (1.7 GB) / (800 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Comedy, Romance Duration…. 01:24:30 Subtitle…. ...
movie

To Barcelona, Forever (2025)

2025