Channel Myanmar

Mystery

The Jester (2023)
The Jester (2023) The Jester (2023)မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

The Jester (2023)

2023
Uniki (2022)
Uniki (2022) Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Uniki (2022)

2022
The Legacy of Dr. Death: Black File (2020) 5.5
The Legacy of Dr. Death: Black File (2020) The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie

The Legacy of Dr. Death: Black File (2020)

2020
Minus 31: The Nagpur Files (2023) 7.1
Minus 31: The Nagpur Files (2023) Minus 31: The Nagpur Files(2023) IMDb - 7.2/10အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 845MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Minus 31: The Nagpur Files (2023)

2023
Silent Witness (2013) 7.0
Silent Witness (2013) တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာနာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူကထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံးရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို ...
movie

Silent Witness (2013)

2013
The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size…    5.5 GB / 1.4 GB ...
movie

The Cabin in the Woods (2011)

2011
4K HEVCHDR
The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019) 5.8
The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019) ဒါလေးကတော့ အပိုင်း (5) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarနန်းမြို့တော်မှာရှိတဲ့ အချမ်းသာဆုံးကုန်သည်တွေရဲ့ အိမ်တော်သုံးခုလုံးမှာ ပစ္စည်းတွေအခိုးခံခဲ့ရပါတယ် ။ ကင်းလှည့်သမားတွေပြောပုံအရ သူခိုးက အဝတ်ဖြူဝတ် ၊ ကျောက်ခဲဖြူလက်နက်ပုန်းသုံးပြီး သိုင်းပညာမြင့်မားပါတယ်တဲ့ ။အဲဒီလိုသဲလွန်စတွေနဲ့ကိုက်ညီနေတာက ခိုင်ဖုန်းရုံးတော်က အဆင့်လေး ကိုယ်ရံတော်ပိုင်ဖြစ်နေပါတယ် ။ ဒီလိုနဲ့ လောကတစ်ခွင်သတင်းမွှေးတဲ့ သူရဲကောင်းပိုင်တစ်ယောက် သူခိုးအဖြစ် အစွပ်စွဲခံရတော့ပါတယ် ။ခိုင်းဖုန်းရုံးတော်ကလည်း သူရဲကောင်းပိုင်ကိုယုံကြည်တာကြောင့် ဒီသတင်းကို ရှန်းယန်မှာအမှုစုံစမ်းနေတဲ့ သူရဲကောင်းပိုင်ဆီကို‌လူလွှတ်ပြောပြလိုက်ချိန်မှာတော့...သူရဲကောင်းပိုင်ပုံစံဟန်ဆောင်နေတာဘယ်သူများလဲ ? ပိုင်ယွိထန်နဲ့ဒီအမှုက‌တကယ်ပဲဆက်စပ်မှုရှိနေမလား ? ဒါ့အပြင် ခိုင်းဖုန်းရုံးတော်က ပိုင်ယွိထန်အတွက် အဖြစ်မှန်ကိုဘယ်လိုစစ်ဆေးသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h ...
movie

The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019)

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) 5.8
The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) ဒါလေးကတော့ အပိုင်း (4) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarငြိမ်းချမ်းသာယာတဲ့ ချင့်ယန်ခရိုင်မှာ ရုတ်တရက် လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ယန့်မင်းသားကြီးရဲ့ သားတော်မင်္ဂလာပွဲမှာ သတို့သမီးက မင်္ဂလာဦးညမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ တရားခံက အဓမ္မကျင့်ခဲ့ပြီးမှ သတ်သွားခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာက သတို့သမီးဟာ သေဆုံးချိန်မှာ မျက်နှာက ပြုံးနေပြီး နာကျင်မှုမရှိသလို ပုံပေါက်နေပါတယ်။သူရဲကောင်းစုံထောက်ပိုင်ယွိထန်နဲ့ ကျန်ကျောင်းတို့ဟာ ရှောင်းယောင်ဂိုဏ်းမှလုပ်တယ်လို့ သံသယဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတော့တယ်။ အဲ့နောက်မှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတော့တယ်။လူသတ်တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ ၁၅ နှစ်က ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019)

Transcendence (2014) 6.3
Transcendence (2014) Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Researchတွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့"Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်....အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့..ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google ကannounce ...
movie

Transcendence (2014)

2014
The Legend of Detective Sleek Rat 4: Dreamlike Song (2018) 5.8
The Legend of Detective Sleek Rat 4: Dreamlike Song (2018) ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmar" သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိ တိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့ သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်"ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့ သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကို ဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်က ရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ထူပေါင်ကိုမတော်တဆသတ်မိသွားရာက...ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား.. ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h 28 min Subtitle ...
movie

The Legend of Detective Sleek Rat 4: Dreamlike Song (2018)

The Possession (2012) 6.9
The Possession (2012)  ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့ကကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေဝင်ဝယ်ကြပါတော့တယ် ။အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့မင်းသားကြီး Jeffrey Dean ...
movie

The Possession (2012)

High and Low (1963) 8.4
High and Low (1963) High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie

High and Low (1963)

1963
The Thing (1982) 8.2
The Thing (1982) The Thing (1982)~ IMDb - 8.2/10, Rotten Tomatoes - 85% ~The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter... သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ...
movie

The Thing (1982)

1982
Proof (2005) 6.7
Proof (2005)  ၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
movie

Proof (2005)

Hell House LLC III: Lake of Fire (2019) 5.1
Hell House LLC III: Lake of Fire (2019) Hell House LLC III: Lake of Fire (2019)Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience - Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ "Morning Mysteries"ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့​က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ...
movie

Hell House LLC III: Lake of Fire (2019)

2019
Curious Caterer: Fatal Vows (2023)
Curious Caterer: Fatal Vows (2023)  ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Curious Caterer: Fatal Vows (2023)

The Legend of Detective Sleek Rat 3: Patridge Sky (2017) 5.8
The Legend of Detective Sleek Rat 3: Patridge Sky (2017) ဒါလေးကတော့ အပိုင်း (၂) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarသူရဲကောင်းပိုင်ယွိထန်ဟာလျိုယန့်နဲ့ သိုင်းလောကကနေနှုတ်ထွက်ပြီး ဇာတ်မြှုပ်နေသွားမယ်လို့ဆုံးဖြတ်ထားပေမယ့် လျိုယန့်ရဲ့ ညီအမလိုအရမ်းရင်းနီးရတဲ့သူတစ်ယောက်ဒုက္ခရောက်တော့ မဖြစ်မနေဝင်ကူညီခဲ့ရတယ်။အဲဒီလိုကနေပြီး လုယက်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ ရစ်ငှက်ဆိုတဲ့အဖွဲ့နဲ့ ပတ်သက်မိသွားပါတယ်။ နန်အန်းမင်းသားရဲ့သားမက်တော်ကနေပြီး ပိုင်ယွိထန်ကို အချိန်(၁၀)ရက်ပေးပြီး ရစ်ငှက်ကိုဖမ်းအမိဖမ်းခဲ့ဖို့ အပေးအယူလုပ်ခဲ့ပါတယ်။အဲဒီလိုနဲ့ပိုင်ယွိထန်ဟာ (၁၀)ရက်အတွင်းအမှုဖော်နိုင်အောင်ကြိုးစားရင်း ဒီအမှုဟာ ပစ္စည်းဥစ္စာလုယက်မှုသက်သက်မဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီရှုပ်ထွေးတဲ့အမှုရဲ့ နောက်ကွယ်ကတရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ...... သူ့ရဲ့အဓိကရည်ရွယ်ချက်ကရောတွေများဖြစ်နေမလဲ ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

The Legend of Detective Sleek Rat 3: Patridge Sky (2017)

The Legend of Detective Sleek Rat 2: The Blood Light Agato (2016) 5.8
The Legend of Detective Sleek Rat 2: The Blood Light Agato (2016) ဒါလေးကတော့ အပိုင်း (၁) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarထူလုံအဖွဲ့ကိုချေမှုန်းနိုင်ခဲ့ပြီ ဆိုပေမယ့် သတ်ဖြတ်မှုတွေက ရှိနေပါသေးတယ်။ မင်းကြီးက ပေါင်ချိန်နဲ့ ပိုင်ယွိထန်တို့ ထူလုံအဖွဲ့ကို ရှင်းလင်းလိုက်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ပေမယ့် ရာထူးနဲ့ ဆုလာဘ်တော်တွေ မချီးမြှင့်ပေးခဲ့ပဲ ပေါင်ချိန်ကို ဇာတိပြန်ခိုင်းခဲ့ပါတယ်။သတ်ဖြတ်မှုတွေ တဖန်ပြန်စတင်လာချိန်မှာ ပိုင်ယွိထန်က သူ့သိုင်းပညာနဲ့ ဉာဏ်ပညာကိုအသုံးပြုပြီး လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဖမ်းမိန့်ထုတ်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ နောက်ကွယ်က အဓိကကြံစည်သူပေါ်ထွက်လာခဲ့ပြီး အမှန်တရားလည်း ပေါ်ထွက်လာခဲ့ပါတယ်။အဓိက ကြံစည်သူက ဘယ်သူဖြစ်လိမ့်မလဲ...... မင်းကြီးနဲ့ မယ်တော်ကြီးတို့ တော်ဝင်မိသားစုအတွင်းမှာရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , ...
movie

The Legend of Detective Sleek Rat 2: The Blood Light Agato (2016)

Paranormal Activity 2 (2010)
Paranormal Activity 2 (2010) Documentary ဆန်ဆန် ကိုယ်တိုင်ကြုံတွေ့နေ့ရသလိုမျိုး Vibe ရအောင် ရိုက်ကူးထားတဲ့ Parnormal activity 1 ပြီးတဲ့နောက်မှ သူ့ရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၀ မှာထွက်ရှိထားတဲ့ Paranormal Activity 2 ကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ Jump scares တွေအများကြီးနဲ့ ဇာတ်အိမ်ကိုဖြေးဖြေးလေးနဲ့ ကြောက်ဖို့ကောင်းအောင်ခေါ်ဆောင်သွားမယ့် Horror filim မျိုးလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့.... Reys မိသားစုက သူတို့ရဲ့ကယ်လီဖိုးနီးယားတောင်ပိုင်းက အိမ်အသစ်လေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ် မွေးကင်းစကလေးလေး သူတို့ရဲ့သားဦးလေး Hunter နဲ့အတူတူပေါ့ သူတို့မသိသေးတာကတော့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုတဲ့အချက်ကိုပါ သိပ်မကြာပါဘူး တစ်နေ့မှာတော့ သူတို့အိမ်မှာဖောက်ထွင်းမှူတစ်ခုကျူးလွန်သွားသလိုမျိုး ပစ္စည်းတွေကပြန့်ကျဲရှုပ်ပွလျှက်ရှိနေပါတယ် အဖိုးတန်ပစ္စည်းတွေမပျောက်သွားပေမဲ့ သူတို့ကစိတ်မသန့်တော့တာကြောင့် လုံခြုံရေးအတွက် အိမ်မှာကင်မရာတွေတပ်ဆင်ပြီးစောင့်ကြည့်ခဲ့ကြပါတော့တယ် သူတို့အိမ်မှာ ဘယ်လိုအရာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe ...
movie

Paranormal Activity 2 (2010)