Channel Myanmar

Music

Amar Singh Chamkila (2024)
Amar Singh Chamkila (2024) Amar Singh Chamkila (2024) (ချန်ကီလာကို ချေချွတ်တော်မူခန်း) April ၁၂ ရက်နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ဒီကားလေးကတော့ IMDb 8.4 အထိရရှိထားတဲ့ကားလေးဖြစ််ပြီး ပန်ဂျက်အဆိုတော်တစ်ဦးဖြစ်တဲ့ အမာဆင်းဂ် ချမ်ကီလာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်ဝန်းကျင်တွေမှာ အရမ်းကိုထူးချွန်တဲ့ အဆိုတော်တဦးဖြစ်ပြီး နာမည်ကြီးသလောက်ကို တစ်ဖက်မှာ သူရေးခဲ့တဲ့ ဘွင်းဘွင်းရှင်းရှင်းရှိလွန်းတဲ့ စာသားတွေကြောင့် အောင်မြင်သလောက်ကို လူမုန်းလည်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ ဘာမဟုတ်တဲ့ တောသားကောင်လေးဘဝကနေ နာမည်ကြီးအဆိုတော်ဖြစ်လာရတဲသူ့ဘဝကလည်း အနိမ့်အမြင့်တွေများခဲ့တာပါပဲ။ဒါပေမဲ့ တကယ်တမ်းသူလိုချင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ သူရော သူချစ်ရတဲ့လူရော သူအားကိုးတဲ့ အဖွဲ့သားတွေရောပါ အတူတူလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ သေဆုံးချိန်မှာ အသက် ၂၇ ပဲရှိသေးတာမို့ ကြိုးစားပြီးရင်းခဲ့တဲ့အချိန်တွေနဲ့ မတန်လောက်အောင်ကို ကြွေချိန်စောတယ်ပဲပြောရမှာပါ။ သူ့ဘဝသူ့ဇာတ်ကြောင်းနဲ့ ဘဝအခြေအနေအထွေထွေကို မြင်သာအောင်ရိုက်ကူးတင်ဆက်ထားတာမို့ CM Bollywood Team က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…2.4GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Amar Singh Chamkila (2024)

2024
The 66th Annual Grammy Awards (2024) 6.5
The 66th Annual Grammy Awards (2024) The 66th Annual Grammy Awards (2024) ===============================ဒီ 2024 ဂရမ်မီပွဲမှာတော့ Special Event တွေရော History Making တွေရော အများကြီးပါ။ နှစ် ၃၀ ကြာပြီးမှ Billy Joel ရဲ့ Comeback, အသက် ၈၀ ပြည့်ပြီးမှ ပထမဆုံးအကြိမ် ဂရမ်မီ စင်မြင့်ထက်မှာ လာ ဖျော်ဖြေတဲ့ Joni Mitchell, Album of the Year လေးကြိမ်ဆက်တိုက် ဆွတ်ခူးဖူးတဲ့ ပထမဆုံးသောသူ ဖြစ်လာတဲ့ Taylor Swift, အနုပညာ သက်တမ်း ၁၈ နှစ်အကြာမှ ပထမဆုံးသော ဂရမ်မီလိပ်ပြာလေးကို ဆွတ် ခူးရရှိခဲ့သူ Miley Cyrus... စသဖြင့် အမှတ်တရတွေ စုံလှတဲ့ ပွဲတစ်ပွဲပါ။ အမှတ်တရတွေ အများကြီးနဲ့ ၆၆ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကြီးကို အားလုံး ပြန်လည်ခံစား ကြည့်ရှုနိုင်ဖို့ CM က တင်ဆက်ပေးလိုက်ပါတယ်။စကားချပ်: ဘာသာပြန်ရတဲ့ ...
movie

The 66th Annual Grammy Awards (2024)

2024
Zero to Hero (2023) 6.1
Zero to Hero (2023)  ဂီတအမျိုးအစားတွေထဲမှာ Rock(ရော့ခ်) Country(ကန်းထရီး)Pop(ပေါ့ပ်) အစရှိသဖြင့်အများကြီးရှိသလို လူတိုင်းကလည်းကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ပြီးတော့ အဲ့လို ဂီတတွေကိုကြိုက်တဲ့လူတွေထဲမှာလည်း တစ်ချိန်ချိန်မှာအောင်မြင်ပြီးတော့ နာမည်ကြီးကျော်ကြားချင်တဲ့အိပ်မက်ရှိကြသူတွေလည်း ရှိကြမှာပါ။ဒါပေမယ့် ဘ၀ပေးအခြေအနေနဲ့ ကံတရားရဲ့မျက်နှာသာမပေးမှုတွေကြောင့် အိပ်မက်တွေကိုချောင်ထိုးထားရတဲ့လူတွေအတွက်အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကစိတ်ခွန်အားတက်ကြွစရာဖြစ်မှာပါ။ဇာတ်ကားလေးရဲ့နာမည်ကတော့ Zero To Hero ဖြစ်ပြီးIMDb Rating 6.1 ရရှိထားပါတယ်။ဇာတ်ကြောင်းလေးကတော့ ဟီးရိုးဆိုတဲ့ ရော့ခ်ကာကြီးအပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့မှာအရမ်းချစ်ရတဲ့ နယ်လ်ဆန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဟီးရိုးက အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ကာကြီးတစ်ယောက်အရမ်းဖြစ်ချင်နေသူဖြစ်ပြီး လက်ရှိမှာတော့ ထမင်းမငတ်အောင်တူရိယာအရောင်းဆိုင်လေးတစ်ဆိုင်မှာပဲ အလုပ်လုပ်ရင်းကျေနပ်နေရပါတယ်။ ဒါပေမယ့် လူကပဲအငြိမ်နေမယ်ပညာက အငြိမ်မနေဘူးဆိုတဲ့အတိုင်း ဆရာကြီးလုပ်မိလို့အလုပ်ပြုတ်သွားပါတော့တယ်။သူတို့မသိတဲ့ တခြားဖက်ခြမ်းမှာလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်ဆင်တူတဲ့ သူတို့နိုင်ငံရဲ့ အကောင်းဆုံးလူကြိုက်အများဆုံး အဆို‌တော်က အလှအပအတွက်နဲ့ဆေးမှားထိုးမိပြီး ကိုမာဝင်သလိုပါဖြစ်သွားပါတော့တယ်။အဲ့ဒီ အဆိုတော်ရဲ့  နိုင်ငံလှည့်ဖျော်ဖြေပွဲကလည်း ရှိနေခဲ့ပြီးပွဲစီစဉ်သူတွေက ပွဲကိုမဖျက်ချင်တဲ့အတွက် ကြံရာမရဖြစ်နေတုန်း ရုပ်ချင်းချွတ်စွပ်တူတဲ့ ဟီးရိုးကိုတွေ့ပြီးနိုင်ငံရဲ့နာမည်အကြီးဆုံး အဆိုတော်တစ်ယောက်နေရာက နေသရုပ်ဆောင်ပြီးဖျော်ဖြေပေးရမယ်ဆိုတဲ့ အခွင့်အရေးကိုကမ်းလှမ်းလာတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရော ကိုယ့်ရဲ့အိပ်မက်တွေတကယ်ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကိုရောက်လာရင်ဆုပ်ကိုင်မှာလား လက်လွှတ်လိုက်မှာလားဆိုတာကိုဇာတ်ကားလေးကိုကြည့်ရင်းဖြေပေးသွားကြပါဦး။ File size…2.14GB / ...
movie

Zero to Hero (2023)

Footloose (2011) 5.8
Footloose (2011)  ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်..  File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Footloose (2011)

Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

Bob Marley One Love(2024) 7.0
Bob Marley One Love(2024) Bob Marley One Love(2024)*************************20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲကတစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်းဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ...
movie

Bob Marley One Love(2024)

4K HEVC
Peter Doherty: Stranger In My Own Skin (2023) 6.7
Peter Doherty: Stranger In My Own Skin (2023) Peter Doherty: Stranger In My Own Skin (2023)မူးယစ်ဆေးဆိုတာဟာ အနုပညာလောကရဲ့ အမှောင်ဖက်ခြမ်းတစ်ခုလိုပါပဲ။ မူးယစ်ဆေးကြောင့် ဘဝပျက်သွားကြတဲ့ အနုပညာရှင်အမြောက်အများကို ဒီမှာရော ကမ္ဘာအနှံ့မှာပါ မြင်တွေ့ခဲ့ကြရပါတယ်။ အခုလည်း မူးယစ်ဆေးကြောင့် ရုန်းကန်ခဲ့ရတဲ့ The Libertines ဆိုတဲ့ ရော့ခ်တေးဂီတအဖွဲ့က အနုပညာရှင်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ် ။ Rotten Tomatoes- 86%, IMDb rating – 6.7 ရရှိထားပါတယ်။The Libertines အဖွဲ့ဟာ ၁၉၉၇ ခုနှစ်မှာ ကားလ်နဲ့ ပိထ်ဒိုဟာတီဆိုတဲ့ လူငယ်နှစ်ယောက်ကဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်များမှာတော့ သူတို့အဖွဲ့ဟာ နာမည်ကြီးလာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့သားတွေပြိုကွဲပြီး သီးသန့်အဖွဲ့တွေနဲ့ လှုပ်ရှားခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်နေကြတုန်း ရှိပါသေးတယ်။ ဒီ Documentary မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့ပြိုကွဲခဲ့ရပုံတွေ၊ မူးယစ်ဆေး ဖြတ်ဖို့ ...
movie

Peter Doherty: Stranger In My Own Skin (2023)

BTOB TIME: Be Together the Movie (2023)
BTOB TIME: Be Together the Movie (2023) BTOB Time Be Together The Movie အညွှန်းအချိန်အကြာကြီးတည်မြဲနိုင်တဲ့ အချစ်တွေကို လက်ညှိုးညွှန်ပြပါဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံးဟာ ရယူလိုခြင်းအလျင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ အရင်းတည်ထားတဲ့ အိုင်ဒေါ နဲ့ ပရိသတ်တွေရဲ့ဆက်ဆံရေးလို့ပဲဆိုချင်ပါတယ်BTOB နဲ့ Melody တို့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေဟာ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ရင် အဓိကဇာတ်ဆောင်တွေဟာ Melody ဖြစ်ပြီး နောက်တစ်ကြိမ် မင်းတို့တွေဆီကို လှမ်းလာနေတာဟာ BTOB ဖြစ်ပါလိမ့်မယ်ဒီရုပ်ရှင်လေးမှာ သေချာပေါက်ပါဝင်မှာကတော့ သံယောဇဉ်ကြိုးတွေ မြဲမြဲချည်ထားတဲ့ ၁၀ နှစ်တာ အပြန်အလှန် ချစ်ခြင်းတွေပေါ့ Idol တွေနဲ့ Fan တွေရဲ့ နှလုံးသားချင်းထပ်တူကျတဲ့နေရာ ၊ ရင်ခုန်သံတွေ တူညီနေတဲ့နေရာက Concert တွေဆိုလည်း မမှားပါဘူး။ အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်လေးကို လှပတဲ့ရုပ်ရှင်လေးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားတဲ့ BTOB Time Be Together The Movie လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာမို့ BTOB နဲ့ Melody လေးတွေကြားထဲက လှပတဲ့သံယောဇဉ်တွေ ၊ ...
movie

BTOB TIME: Be Together the Movie (2023)

The Scent of Green Papaya (1993) 7.3
The Scent of Green Papaya (1993) ၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာမူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာအိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ်သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြားသူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်းအရွယ်ရောက်ကြီးပျင်းလာတဲ့အချိန်တနေ့မှာတော့ သူ ငယ်ငယ်ကတည်းကကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာအစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ်ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေကြီးပျင်း ရင့်ကျက်လာတဲ့အချိန်ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲအဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ဒိုင်ယာလော့ဂ်များများစားစားမပါဘဲရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ဇာတ်လမ်းကိုသွားထားတာပါဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့Cinematography ကောင်းတဲ့အပြင်Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ်IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကိုရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲသူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလိုဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာGolden Camera, ...
movie

The Scent of Green Papaya (1993)

This Is Me…Now (2024)
This Is Me…Now (2024) ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ...
movie

This Is Me…Now (2024)

The Greatest Night in Pop (2024) 8.0
The Greatest Night in Pop (2024)  နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie

The Greatest Night in Pop (2024)

Taylor Swift: Speak Now World Tour Live (2011) 8.9
Taylor Swift: Speak Now World Tour Live (2011) Taylor Swift: Speak Now World Tour Live (2011) ==================================== IMDb Rating - 8.9/10Speak Now Tour ကိုတော့ သိပ်ကို ခမ်းနားတဲ့ ပြဇာတ်တစ်ပုဒ်လို့ တင်စားချင်ပါတယ်။ ဘာသာပြန်သူ ကိုယ်တိုင်လည်း Speak Now era မှာ Swiftie တစ်ယောက်ဖြစ်ခဲ့တာပါ။ အဖေဝယ်လာပေးတဲ့ Speak Now Tour အခွေကို တစ်နေ့ တစ်ခေါက်မှ မကြည့်ရရင် မနေနိုင်ခဲ့ရလောက်အောင်ကို ဒီ Tour ကို သဘောကျပါတယ်။ အားလုံးသိတဲ့အတိုင်း စင်မြင့်ထက်မှာ ဂီတပြဇာတ်တစ်ပုဒ်ကို ကြည့် နေရသလို ပရိသတ်ကို ဖျော်ဖြေတင်ဆက်တတ်တာ Taylor ရဲ့ စတိုင်လ်တစ်ခုပါ။ ဒီလို ဖျော်ဖြေမှုတွေထဲကမှ ပြဇာတ်အဆန်ဆုံးက Speak Now Tour ပါ။Sparks Fly သီချင်းနဲ့ အငွေ့တွေကြားကနေ Taylor ထွက်လာပုံတွေ... Speak Now သီချင်းကို ဇာတ်လမ်းတစ်ပုဒ်လို သရုပ်ဖော်သွားတွေ ... စသဖြင့်ပေါ့။ အမှန်တိုင်းပြောရရင် ဘာသာပြန်က ...
movie

Taylor Swift: Speak Now World Tour Live (2011)

2011
Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
Robot Dreams (2023) 7.6
Robot Dreams (2023) Robot Dreams (2023)~ IMDb - 7.6/10, RT - 100%, Meta - 81% ~Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ...
movie

Robot Dreams (2023)

2023
La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie

Spice World (1997)

1997
Miles Ahead (2016) 6.4
Miles Ahead (2016) Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လိုဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီးEwan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ်လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musicalဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေအနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ ‌နာမည်ကြီး ဖခင်တွေထဲကတစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန်ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ရိုးလင်းစတုန်း မဂ္ဂဇင်းက ...
movie

Miles Ahead (2016)

2015
Walk the Line (2005) 7.8
Walk the Line (2005) Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie

Walk the Line (2005)

2005