Channel Myanmar

Horror

Jaga Pocong (2018) 5.5
Jaga Pocong (2018) Jaga Pocong (2018)==============လူနာတစ်ယောက်ရဲ့အိမ်မှာသွားပြုစုပေးလိုက်ရတဲ့ သူနာပြုမလေး မီလာရဲ့ ‌ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကိုကြည့်ရှုရမှာဖြစ်တယ်။ဇာတ်လမ်းအစမှာ မီလာက လူနာကလေးလေးတစ်ယောက်ကိုပြုစုပေး‌နေရင်း သိပ်မကြာခင်မှာပဲ လူနာကဆုံးသွားရှာတယ်။ အဲမှာပဲ မီလာ့ဆီကိုတာဝန်တစ်ခုကျလာပါတော့တယ်။အဲ့တာတာဝန်ကတော့ လူနာဘွားအိုကြီးတစ်ယောက်ကို သူ့အိမ်မှာအကြောဆေးသွား‌သွင်းပေးဖို့ပဲဖြစ်တယ်။ မီလာကလည်း ငြင်းလို့မရတဲ့အတွက် အိမ်ကြီးဆီကိုထွက်လာလိုက်ပါတော့တယ်။အိမ်ရှေ့ရောက်တဲ့အခါမှာ အဘွားအိုရဲ့သားဖြစ်သူ ရာဒစ်တ်က အမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းပြောပြီး သူ့အမေရဲ့အလောင်းကိုဆေးကြောပေးဖို့ မီလာ့ကိုတောင်းဆိုလိုက်ပါတော့တယ် မီလာ့ကလည်း မထူးဇာတ်ခင်းပြီး သဘောတူလိုက်တဲ့အခါမှာတော့... ‌ရင်တမမနဲ့ ခြောက်ခြောက်ခြားခြားကြည့်ရမဲ့ အင်ဒိုနီးယားသရဲကားလေးကိုတင်ဆက်‌ပေးလိုက်ပါတယ်ဗျ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing 
movie

Jaga Pocong (2018)

Scanners (1981)
Scanners (1981)  လက်နက်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ကွန်းဆက်ကုမ္ပဏီက သဘာဝလွန်စွမ်းအားတွေရှိတဲ့လူသားတွေကိုစုဆောင်းပြီး သူတို့ရဲ့အစွမ်းတွေကိုစမ်းသပ်လေ့လာနေတာပါ။ အဲဒီသဘာဝလွန်အစွမ်းနဲ့လူတွေကိုတော့ စကန်နာတွေလို့ခေါ်ပြီး စိတ်နဲ့တစ်ဖက်လူကိုထိန်းချုပ်လို့ရတာ သတ်ပစ်တာမျိုးတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့ စွမ်းအားကြီးတဲ့စကန်နာဒါရယ်ရေဗေါ့က စကန်နာအစွမ်းသုံးပြီးကမ္ဘာကိုအုပ်စိုးချင်လာတော့ ကွန်းဆက်အဖွဲ့ရဲ့ရန်သူဖြစ်လာတယ်။ အဲဒါကြောင့် ကွန်းဆက်အဖွဲ့ဝင်ဒေါက်တာရုသ်က ရေဗေါ့နဲ့ယှဥ်ပြိုင်ဖို့ တခြားစွမ်းအားကြီးစကန်နာကမ်မရွန်ကို လက်သပ်မွေးပြီး ရေဗေါ့ကိုရှာခိုင်းပါတော့တယ်။ File size…(1.9 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Scanners (1981)

Hotel (2004) 5.6
Hotel (2004) Hotel (2004) ============ဒီဇာတ်လမ်းမှာ Irene ဆိုတဲ့ မိန်းကလေးတစ်ယောက် ဩစတေးလျ တောအုပ်က လူသူအရောက်နည်းတဲ့ တစ်နေရာမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ ဧည့်ကြိုစာရေးအနေနဲ့ အလုပ်စဝင်လာခဲ့တယ်။ နောက် တော့ သူ့ရာထူးမှာလုပ်ခဲ့တဲ့ အရင်ကောင်မလေးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာမို့ သူ့ကိုအစားထိုးလိုက်တာဖြစ်ကြောင်း သိလာ ရတယ်။Irene လည်း ဟိုတယ်ရဲ့ တဖြည်းဖြည်း ကျောချမ်းစရာအငွေ့အသက် တွေကို ကြုံတွေ့လာရရင်း အရင်ကောင်မလေးရဲ့ အဆန်းတကြယ် ပျောက်ကွယ်သွားမှုက လူသတ်မှုလား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက် စပ်နေသလားဆိုတာကို ဘယ်လိုအဖြေပေါ်မလဲဆိုတာတော့ ဒီဇာတ်လမ်း ထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (450 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thwal Htoo Zin Encoder..........SWM
movie

Hotel (2004)

2004
The Djinn’s Curse (2023)
The Djinn’s Curse (2023) The Djinn's Curse (2023)ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ..... သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ..... သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ... ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. ...
movie

The Djinn’s Curse (2023)

2023
The Deadly Swarm (2024)
The Deadly Swarm (2024)  ဟော်ရာ သိပ္ပံရုပ်ရှင်သစ်ပါ။ ငွေလိုနေတဲ့ အယ်လီတို့သူငယ်ချင်းတစ်စုက ဒေါက်တာဖယ်လ်မန်းဆိုသူရဲ့ အခကြေးငွေရမယ့် ဆေးဝါးစမ်းသပ်မှုမှာ ဗော်လန်တီယာလုပ်ပေးဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကိုရောက်လာကြပါတယ်။အယ်လီတို့ရောက်ရှိသွားကြတဲ့အချိန်မှာတော့ အယ်လီတို့ကို အသိပေးထားသလိုမဟုတ်ဘဲ ဆေးဘက်၀န်ထမ်းလည်းတစုံတရာမရှိ၊ အယ်လီတို့ကို ဆေးဝါးစမ်းသပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ထားတဲ့ ဒေါက်တာဖယ်လ်မန်းရဲ့နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေရှိနေတဲ့အခါမှာတော့...အယ်လီတို့ သူငယ်ချင်းတစ်စုဟာ ဒေါက်တာဖယ်လ်မန်းရဲ့စံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံတွေ့ရမလဲ၊ အသက်အန္တရာယ်ပါကြုံတွေ့လာရတဲ့နောက်မှာတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလား၊ ဒေါက်တာဖယ်လ်မန်းနဲ့ သူ့နောက်ကွယ်က လျှို့ဝှက်စမ်းသပ်မှုတွေ၊ အကျည်းတန်တဲ့အရာတွေကရော ဘာတွေလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre... Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

The Deadly Swarm (2024)

All You Need Is Death (2023) 5.2
All You Need Is Death (2023)  “အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ”အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ......? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ........? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ...
movie

All You Need Is Death (2023)

The Haunted Hotel (2023) 5.5
The Haunted Hotel (2023)  cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့"Panggonan Wingit" လို့လည်း ခေါ်ပါတယ်။ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်ကဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာအခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူကပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါအခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက်ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ဘာတွေပတ်သတ်မှု ရှိနေတာလဲ....။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Haunted Hotel (2023)

Cry_Wolf (2005) 5.8
Cry_Wolf (2005)  Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie

Cry_Wolf (2005)

Rabid (1977) 6.3
Rabid (1977)  အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Rabid (1977)

Dead Ringers (1988) 7.2
Dead Ringers (1988)  အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက ...
movie

Dead Ringers (1988)

Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)===================ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် သဲထိပ်ရင်ဖို့ Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Bohemian Raphasody ထဲက ဇာတ်ဆောင်မင်းသမီးငယ် Lucy Boynton နဲ့ DCEU ထဲက Ivy ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင် Katee Sackhoff တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်း ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက်စ်ဟာ ငယ်စဉ်ဘဝက အပျော်အပါးနဲ့ မူးယစ်ဆေးစွဲလမ်းမှုတွေကြောင့် သမီးငယ်ဖြစ်သူခလိုဝီရဲ့ အုပ်ထိန်းခွင့်ကိုဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သမီးငယ် ခလိုဝီဟာငယ်စဉ်ကတည်းက ကလေးဂေဟာမှာ သူငယ်ချင်းတွေနဲ့အတူနေခဲ့ရတာကြောင့် အမေဖြစ်သူကို နာကျည်းနေခဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်ညမှာ ခလိုဝီရယ် သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဒန်နဲ့ မိုက်ကယ်ဟာ ရပ်ကွက်ထဲမှာ စုန်းမကြီးလို့အမည်ထွက်နေတဲ့ ဆံနီဖာလားအမျိုးသမီး "မေရီအမီနော့ဖ်" ခေါ် "ဂျင်ဂျာ" ဆိုတဲ့သူရဲ့အိမ်ကို ညညတိုင်းတံခါးသွားခေါက်ကြပါတယ်။ အစကတည်းက "တစ်ခါခေါက်ရင်စုန်းမကြီးနိုး၊ နှစ်ခါခေါက်ရင်စုန်းမကြီးကိုယ့်နောက်လိုက်လာမယ်" လို့ နာမည်ကြီးနေတဲ့အိမ်ကိုမှ သွားစခဲ့ကြတဲ့ကလေးတစ်သိုက်ဟာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ်။ တံခါးကိုခေါက်ပြီး နောက်နေ့ကျမှာပဲ ...
movie

Don’t Knock Twice (2016)

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

The Immortal (2018) 6.7
The Immortal (2018)  The Immortal (2018) ==================IMDb - 6.7/10ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ်​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ်မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် ...
movie

The Immortal (2018)

Forest of Death (2023) 4.8
Forest of Death (2023) Forest of Death (2023)===============ဇာတ်လမ်းအကျဉ်း - Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Soe Thiri Swe ပါ )File size_(500MB) Quality_Blu-Ray 720p Format_mp4 Duration_01:05:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie

Forest of Death (2023)

Cursed (2005)
Cursed (2005)  Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ်အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ...ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်...Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, ...
movie

Cursed (2005)

Axegrinder 666 (2023)
Axegrinder 666 (2023) Axe Grinder 666 (2023)ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူး ကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါ တူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင် မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါ သူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့ သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရော ဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရော အဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့.... စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.6GB | 939MB Format… ...
movie

Axegrinder 666 (2023)

2023
Immaculate (2024) 6.3
Immaculate (2024) Immaculate (2024)IMDb Rating (6.3) / Rotten Tomatoes (70%)Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းImmaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ...
movie

Immaculate (2024)

4K HEVC
Last Night at Terrace Lanes (2024)
Last Night at Terrace Lanes (2024)  ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy, Horror, Thriller Subtitle….Myanmar ...
movie

Last Night at Terrace Lanes (2024)