Channel Myanmar

Family

LEGO Marvel Avengers: Code Red (2023)
LEGO Marvel Avengers: Code Red (2023)  Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre...Animation, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

LEGO Marvel Avengers: Code Red (2023)

Summer Vacation [ Vacaciones de verano ] (2023)
Summer Vacation [ Vacaciones de verano ] (2023)   "နွေရာသီအားလပ်ရက်"လို့အမည်ရတဲ့ ဟာသရုပ်ရှင်ကားသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အော်စကာနဲ့ ဖီးလစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ အော်စကာမှာတော့ ခရစ်စတိုဘော နဲ့ လော်ရာဆိုပြီး သားတယောက် သမီးတယောက်ရှိပြီး ဖီးလစ်မှာတော့ ကာမင်ဆိုတဲ့ သမီးတယောက်ရှိပါတယ်။ဖီးလစ်ဟာ ရိုးသားကြိုးစား အရှက်အကြောက်ကြီးပြီး ပိန်ပါးသလောက် အော်စကာကတော့ အပျင်းကြီးပြီး အကျင့်ပုပ်တဲ့ လူ၀၀ကြီးပါ။တနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကုမ္ပဏီကနေအလုပ်ပြုတ်သွားပြီး ဟိုတယ်တခုမှာ အလုပ်သွားလုပ်ဖို့အကြောင်းဖန်လာပါတယ်။ဒါပေမဲ့ အလုပ်သွားလုပ်တဲ့အခါမှာ ‌ဖီးလစ်နဲ့ အော်စကာနှစ်ယောက်တည်းမဟုတ်ဘဲ သူတို့ရဲ့ သားသမီးသုံး‌ယောက်ပါ လိုက်ပါလာဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့ ဟိုတယ်ကိုရောက်သွားတဲ့အချိန်မှာ ဖီးလစ်တို့သူငယ်ချင်းနှစ်ယောက် ကလေးတသိုက်နဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအစပိုင်းက အကြောင်းအရာတွေကို စပွိုင်လာဖြစ်မှာစိုးတာကြောင့် ရီဗျူးကိုတိုတိုပဲရေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်မောချင်ရင်တော့ ကြည့်ဖို့ရွေးချယ်သင့်ကြောင်း အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုရပ်လိုက်ပါတော့မယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Summer Vacation [ Vacaciones de verano ] (2023)

Alabama Moon (2009) 6.4
Alabama Moon (2009) Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie

Alabama Moon (2009)

2009
Bee Season (2005) 5.5
Bee Season (2005) Bee Season (2005) =============ဒီကားနဲ့ အဓိကဇာတ်ရုပ်ဖြစ်တဲ့ Flora Crossက 2006 Best Young Actress မှာ အဲ့ခေတ်အခါက ဟယ်ရီပေါ်တာဇာတ်ကားထဲက Emma Watson, The Chronicles of Narnia ဇာတ်ကားထဲက Georgie Henley တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ ဒီကားထဲမှာ ဘာသာ ရေးနဲ့နှီးနွှယ်နေတဲ့အတွက် စိတ်ဝင်စားစရာအချက်တွေပါဝင်နေပါတယ်။ ပြီးတော့ Bee Season ဆိုတာ သူတို့နိုင်ငံမှာ ကလေးတွေအတွက် ကျင်း ပတဲ့စာလုံးပေါင်းပြိုင်ပွဲပါ။ စကားလုံးတွေက ဂူဂဲလ်ခေါက်ရှာကြည့်ရင် တောင် နားမလည်နိုင်တဲ့အထိကြမ်းတာပါ။ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင် ၄ယောက်ရဲ့အေးတိအေး စက်သရုပ်ဆောင်မှုတွေအပြင်၊ ဘာသာရေးအမြင်မတူမှုတွေနဲ့ဆန်းသစ်တဲ့ စကားလုံး၊အတွေးအခေါ်တွေကို မြင်တွေ့ရမှာပါ။ကယ်လီဖိုနီးယား၊အုတ်ကလန်းမှာနေကြတဲ့ နော့မန်းတို့မိသားစုက ကြည်နူး အားကျစရာကောင်းတဲ့မိသားစုလေးပါ။ အိမ်ထောင်ဦးစီးအဖေဖြစ်သူက ဘာသာရေးပိုင်းလေ့လာလိုက်စားတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူရဲ့ဘာ သာရေးအမြင်တွေကိုလည်း မိသားစုအပေါ်ချပြပြီး မိသားစုဝင်တိုင်းကို ဂျူး ဘာသာဝင်အဖြစ် ကူးပြောင်းစေခဲ့သူပေါ့။ သားအကြီးဖြစ်သူက ဖအေကို အားကျ‌တော့ ဖအေစိတ်ကျေနပ်စေမယ့်အရာမှန်သမျှလုပ်ပေးတယ်၊ ဖြစ်ချင် တော့ သမီးအငယ်ဖြစ်သူ အယ်လိုင်ဇာက စီရင်စုစာလုံးပေါင်းပြိုင်ပွဲမှာ အနိုင် ရလိုက်တော့ ဖအေဖြစ်သူရဲ့အာရုံစိုက်မှုတွေက သမီးအငယ်အပေါ် ကျရောက် လာတဲ့အခါ နော့မန်းမိသားစုရဲ့ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File ...
movie

Bee Season (2005)

2005
Honey, I Blew Up the Kid (1992) 4.9
Honey, I Blew Up the Kid (1992) Honey, I Blew Up the Kid (1992) =======================ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်‌ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို ...
movie

Honey, I Blew Up the Kid (1992)

1992
Power Rangers Samurai: Clash of the Red Rangers – The Movie (2011) 6.1
Power Rangers Samurai: Clash of the Red Rangers – The Movie (2011) Power Rangers Samurai: Clash of the Red Rangers - The Movie (2011) ================================================= IMDb Rating - 6.1/10ဒီဇာတ်ကားမှာတော့ Power Rangers Samurai တွေနဲ့ RPM Rangers တွေကြားက Crossover ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Professor Cog နဲ့ Scott Truman တို့ရင်ဆိုင်တိုက်ခိုက်ရာကနေ Professor Cog ကစကော့ ကို လှည့်စားပြီး တစ်ခြားကမ္ဘာကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒီနောက် Samurai Rangers တွေရဲ့ကမ္ဘာကို ရထားတစ်စင်းနဲ့ရောက်ရှိ လာပြီး Master Xandred ရဲ့မြေအောက်လောကကိုသွားဖို့ကြိုးစားနေပါတယ်။ Samurai Rangers တွေကလည်း Master Xandred ရဲ့လက်ပါးစေတွေနဲ့ တိုက်ခိုက်နေရတဲ့အချိန်မှာ RPM Ranger Red ရောက်ရှိလာပြီး သူတို့ကို ကူညီပေးခဲ့ပါတယ်။ အချင်းချင်းမိတ်ဆက်ရင်းနှီးသွားရာကနေ သူတို့ဟာ ဘုံရန်သူတွေကို ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် Professor Cog နဲ့ Master Xandred သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကိုပါ မဟာမိတ်ဖွဲ့ပူးပေါင်းတိုက် ခိုက်ကြမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ...
movie

Power Rangers Samurai: Clash of the Red Rangers – The Movie (2011)

2011
Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) ======================= IMDb Rating - 6.4/10ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the ...
movie

Honey, I Shrunk the Kids (1989)

1989
Cats Don’t Dance (1997) 6.9
Cats Don’t Dance (1997) Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Cats Don’t Dance (1997)

1997
Where Are You, Christmas? (2023) 6.4
Where Are You, Christmas? (2023) Where Are You, Christmas? (2023) ========================= IMDb Rating - 6.4/10ပျော်ရွှင်ဖွယ်ခရစ်စမတ်ပါခင်ဗျာ..ခရစ်စမတ်ကာလကို ဖြတ်သန်း ရတော့မှာမို့ ခရစ်စမတ်ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်စမတ်ဆိုတာကတော့ ဘာသာရေးအရကြည့်ရင်တော့ ဘာသာ တစ်ခုတည်းရဲ့ ပျော်ပွဲရွှင်ပွဲလို့ ထင်မှတ်ကြမှာပါ။ ဒါပေမယ့် ယနေ့ ခေတ်မှာတော့ ကျွန်တော်တို့တတွေဟာ ဘာသာရေးဘောင်တွေကို အခြေခံလူမှုစံနှုန်းအဖြစ် ပြောင်းလဲလာနိုင်တဲ့အခါမှာ ဘာသာရေး တစ်ခုရဲ့ ပျော်ပွဲရွှင်ပွဲအခါသမယဟာ အဲဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမှု အသိုင်းအဝန်းကသာမက နည်းပညာရဲ့ ကျေးဇူးကြောင့် ရပ်ဝေးက လူတွေကပါ ခံစားလို့ရတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါပြီ။ခုတစ်ခါမှာလည်း ခရစ်စမတ်ကို ထူးခြားစေချင်တဲ့အတွက် စိတ်ကူး ယဥ်ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ ခရစ်စမတ်ဆိုတာ လူတိုင်း က နှစ်တိုင်းမှာ ကြုံရတော့ ခရစ်စမတ်ရဲ့ တကယ့်အနှစ်သာရကို မေ့ ပျောက်လာကြတဲ့အတွက် ခရစ်စမတ်ဆိုတာ ဘာလဲဆိုတာကို ပြန်လည် ရှာဖွေတာပါ။ မိသားစုနဲ့အတူ ကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါဗျ။ ဒီ Where are you Christmas (2023)က MDB rating 6.5 ကိုရရှိ ထားပါတယ်။ ဒါရိုက်တာ Dustin Rikert ...
movie

Where Are You, Christmas? (2023)

2023
An Unfinished Life (2005) 7
An Unfinished Life (2005) An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie

An Unfinished Life (2005)

2005
Are You Ok Baby? (2023) 8.8
Are You Ok Baby? (2023) Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

Are You Ok Baby? (2023)

2023
Peddha Kapu – 1 (2023) 8.0
Peddha Kapu – 1 (2023) Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie

Peddha Kapu – 1 (2023)

2023
Rangoli (2023) 9.2
Rangoli (2023) Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့ မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။ အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။ အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 2.95GB  / 1.13GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie

Rangoli (2023)

2023
The Woman in the Storm ( 2023 ) 6.2
The Woman in the Storm ( 2023 ) မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ...... ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ...... လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Woman in the Storm ( 2023 )

A Really Haunted Loud House (2023) 6.4
A Really Haunted Loud House (2023) A Really Haunted Loud House (2023) ===========================October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ ...
movie

A Really Haunted Loud House (2023)

2023
The Christmas Venue (2023) 5.8
The Christmas Venue (2023)  စိတ်ပင်ပန်းနေလို့ အပန်းဖြေချင်တဲ့သူတွေအတွက် ခရစ္စမတ် အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ကိတ်တစ်ယောက် ခရစ္စမတ်နီးမှ ဘဲပစ်ခံလိုက်ရတာကနေ စတင်ထားပါတယ် ဘဲပစ်ခံလိုက်ရတဲ့ ကိတ်ဟာ စိတ်ပြေလက်ပျောက် အဖေ့ရဲ့ တည်းခိုခန်းလေးဆီ ပြန်သွားတဲ့အခါ သူ့အဖေကလည်း ပြင်ဆင်စရိတ်မတတ်နိုင်တော့တဲ့အတွက် တည်းခိုခန်းလေးကို ရောင်းဖို့ကြံနေတာနဲ့ တိုးပါတော့တယ် တစ်ပူပေါ် နှစ်ဘူဆင့်နေတဲ့ ကိတ်ဟာ မင်္ဂလာပွဲစီစဉ်သူ သူငယ်ချင်းဆီကနေ သူ့အဖေရဲ့တည်းခိုခန်းမှာ မင်္ဂလာပွဲ ကျင်းပပြီး နေရာငှားခနဲ့ တည်းခိုခန်းကို ပြန် ပြင်ဆင်မယ်လို့တွေးကာ သူ့ရဲ့‌ကျောင်းနေဖက် ဒရူးနဲ့ စလုပ်ပါတော့တယ် ပေါ့ပေါ့ပါးပါးနဲ့ မပျင်းရဘဲ စိတ်ဝင်စားစရာကောင်းသလို ကြည်နူးစရာလေးတွေနဲ့ ဟာသတွေလည်း ပါဝင်တာကြောင့် စိတ်အပန်းပြေစေမှာပါ... File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

The Christmas Venue (2023)

Sparkle: A Unicorn Tale (2023) 6.0
Sparkle: A Unicorn Tale (2023)  ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ယူနီကွန်းလေးကို အကြောင်းပြုပြီးဇာတ်အိမ်တည်ထားတဲ့မိသားစု Drama Fantasyဇာတ်လမ်းလေးပါ....။မှော်အစွမ်းတွေရှိတဲ့ ယူနီကွန်းတွေဟာ သူရွေးချယ်ထားတဲ့လူကိုကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သက်တံ့ပေါ်ကနေဆင်းလာပြီးဆုတောင်းတွေဖြည့်ဆည်းပေးလေ့ရှိပါတယ်တဲ့...။ဇာတ်လမ်းလေးထဲမှာတော့ အန်နာဘယ်လ်ဆိုတဲ့ ကလေးမလေးဟာသူငယ်ငယ်ကတည်းက မိခင်ဖြစ်သူဆုံးပါသွားပြီး ဖခင်ဖြစ်သူကလည်းစစ်ပွဲထဲပါသွားလို့ အဘိုးဖြစ်သူနဲ့သာအတူနေရသူလေးပါ...။ကံခေပြီး အဘိုးဖြစ်သူပါဆုံးပါးသွားတော့ မျက်စိသူငယ်နားသူငယ်နဲ့တစ်ကောင်ကြွက်ဖြစ်သွားပါလေရော...။အဘိုးဖြစ်သူမရှိတဲ့နောက် အဘိုးရဲ့အိမ်ကိုဘဏ်ကသိမ်း၊ အန်နာဘယ်လ်လေးလည်းမိဘမဲ့ဂေဟာရောက်သွားရှာပါတယ်...။ဒီအ‌ခြေအနေကိုမကြည့်ရက်တဲ့ ယူနီကွန်းလေးတစ်ကောင်ဟာအန်နာဘယ်လ်လေးရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်....။အန်နာဘယ်လ်လေးရဲ့ဆုတောင်းကဘာတွေဖြစ်မလဲ...၊ ယူနီကွန်းလေးကရောဘယ်လိုဆုတောင်းတွေဖြည့်ပေးမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။  File size…1.30GB / 684MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 24m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sparkle: A Unicorn Tale (2023)

Blippi’s Big Dino Adventure (2023)
Blippi’s Big Dino Adventure (2023)  ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကြည့်ရှုရမှာကတော့ ပတ်ခ်ရိန်းဂျားအာရှာဆိုတဲ့ ဒိုင်နိုဆောစောင့်ရှောက်သူ တစ်ယောက် အလည်လွန်ပြီး မေမေတီရက်စ် ဒိုင်နိုဆောဥတွေကို ပျောက်သွားတဲ့အတွက် သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘလီပီနှင့် မီကာကို အကူအညီတောင်းပြီး ဥပျောက်ရှာပုံတော်စွန့်စားခန်းကြီးဖြစ်ပါတယ်။တစ်ခုရှိတာက ဥကလေးတွေက တစ်နာရီအတွင်းမှာ အကောင်ပေါက်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်အတွင်း ဒိုင်နိုဆောအမျိုးမျိုးရန်ကို ဘယ်လိုရှောင်ရှားပြီး ဥရှာကြမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး သူတို့ ဥရှာပုံတော်ထွက်တဲ့တစ်လျှောက်မှာ ပစ္စည်းအမျိုးမျိုးရဲ့ ခေါ်ဝေါ်ပုံ တွေကို စိတ်ဝင်တစား လေ့လာရမှာဖြစ်ပါတယ်။ အလုပ်များတဲ့ သားသားမေမေ မီးမီမေမေတွေအနေနဲ့လည်း ကိုယ်ချစ်သားသမီးတွေကို အင်္ဂလိပ်စာနဲ့ အထိအတွေ့ရှိအောင် ဒီလိုဇာတ်ကားဖွင့်ပေးထားတတ်တယ်ဆိုရင် မြန်မာလိုဘာသာပြန်ဆိုထားတဲ့အတွက် ကလေးတွေကိူ ဘာသာနှစ်မျိုး ရင်းနှီးစေပြီး bilangual သဘောမျိုးဖြစ်တဲ့အတွက် ပိုသင့်လျော်လို့ ကလေးတွေအတွက် ဖွင့်ထားပေးလို့ရပါတယ်။ ဒီတော့ သားသားမီးမီးတို့ရော မေမေတို့တင်မက အားလုံးပါ ကြည့်ရှုပေးကြပါဦးနော်။ File size…(1.6 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre...Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Blippi’s Big Dino Adventure (2023)

Monster High 2 (2023)
Monster High 2 (2023)  Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ ...
movie

Monster High 2 (2023)