Channel Myanmar

Family

Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
Elf (2003) 7.1
Elf (2003)  ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie

Elf (2003)

Listen Up! (Hora-her’a) (2023) 6.9
Listen Up! (Hora-her’a) (2023)  ဒီဇာတ်ကားလေးကတော့ 2023 မှာ ထွက်ရှိထားတဲ့ ပါကစ္စတန်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။နော်ဝေးနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ရင်း ​ဘဝကိုကြိုးစားရုန်းကန်နေကြတဲ့ ပါကစ္စတန် working class မိသားစုလေးတစ်စုရဲ့ နွေရာသီအားလပ်ရက် အဖြစ်အပျက်လေးတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ မာမုဒ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူရဲ့အားလပ်ရက် နွေရာသီကို အပန်းဖြေရင်း စိတ်အေးလက်အေးဖြတ်သန်းဖို့ စီစဥ်ထားပေမဲ့ ပါကစ္စတန်မှာနေတဲ့ ဦးလေးဖြစ်သူ သူတို့ဆီ အလည်လာလိုက်တဲ့အချိန်မှာ သူ့ရဲ့အစီအစဥ်တွေအားလုံး ပျက်သွားပြီး ပျော်စရာအချိန်တွေကနေ စိတ်ညစ်စရာအချိန်တွေဆီကို နေ့ချင်းညချင်း ပြောင်းလဲသွားပါတော့တယ်။ဒီလိုနဲ့ သူတို့မိသားစုကြားက အဖုအထစ်လေးတွေ အခက်အခဲတွေ ပြဿနာတွေနဲ့ အလွဲအချော်လေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရင်း ဘဝအမောလေးတွေကို တစ်ခဏတာပြေပျောက်စေလိုက်ပေါ့ဗျာ။ File size…(1.6 GB)/(9oo Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vadar
movie

Listen Up! (Hora-her’a) (2023)

All I Want for Christmas: The Magic Time Machine (2022) 5.7
All I Want for Christmas: The Magic Time Machine (2022) All I Want for Christmas: The Magic Time Machine (2022) ========================================လူစီယာက ခရစ္စမတ်ကျောင်းတော်မှာ စာသင်နေတဲ့ကျောင်းသူလေးပါ။ တစ်နေ့မှာ သူတို့ကျောင်းအုပ်ကြီးက သူ ဆန်တာကလော့စ်ဖြစ်ခဲ့တဲ့ အချိန် တုန်းက စိတ်ဒဏ်ရာကို သတိရသွားပြီး ခရစ္စမတ်ကို ဖျက်သိမ်းလိုက်ဖို့ အမိန့်ချလိုက်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်လိုမျိုး ကျောင်းအုပ်ကြီး စကားကပဲ အတည်ဖြစ်နေတဲ့အချိန်မှာ လူစီယာက ခရစ္စမတ်ဖြစ်မြောက် ရေးအတွက် ကြိုးစားပါတော့တယ်။ကလေးတွေကိုဆို အရာမသွင်းချင်တဲ့ လူကြီးတွေ ဆပ်ကပ်အဖွဲ့တွေ အချိန် ခရီးသွားစက်တွေနဲ့ လူစီယာတစ်ယောက် ခရစ္စမတ်ကို ဘယ်လိုကယ်တင် မလဲ။ ကျောင်းအုပ်ကြီးရဲ့ စိတ်ဒဏ်ရာကရော ဘာများလဲဆိုတာ ဒီဇင်ဘာလမှာ ခရစ္စမတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.3 GB) / (518 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......EL Encoder..........SWM
movie

All I Want for Christmas: The Magic Time Machine (2022)

2022
Alison’s Choice (2015) 4.9
Alison’s Choice (2015) Alison's Choice (2015) ================18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံး အကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ် တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်း ရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများ တွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်း အဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရ ပါ​​တော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာ ကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင် စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Alison’s Choice (2015)

2015
Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie

Family Switch (2023)

2023
The Naughty Nine (2023)
The Naughty Nine (2023)  ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ...
movie

The Naughty Nine (2023)

Bad Blood (2023) 6.1
Bad Blood (2023)  ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ....။ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျမင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ....။မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကိုအများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေလက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်...အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့သာစိတ်ကူးခဲ့ပါတော့တယ်....ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ...။ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရအလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး...လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး...။ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုကဖမ်းခေါ်သွားတဲ့အခါမှာတော့...လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကိုအက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...။  File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bad Blood (2023)

Dashing Through the Snow (2023) 5.5
Dashing Through the Snow (2023) Dashing Through the Snow (2023) =========================ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (784 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung
movie

Dashing Through the Snow (2023)

2023
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

Good Burger 2 (2023)
Good Burger 2 (2023)  ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Good Burger 2 (2023)

Elf Me (2023) 5.2
Elf Me (2023) Elf Me (2023)မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ... သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်... နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ... နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ... ကြည့်ရှူအားပေးနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Elf Me (2023)

2023
R.A.D.A.R.: The Adventures of the Bionic Dog (2023)
R.A.D.A.R.: The Adventures of the Bionic Dog (2023)  ဇာတ်လမ်းလေးကတော့ မိသားစုနဲ့အတူတူပေါ့‌ပေါ့ပါးပါးကြည့်လို့ရမယ့် စက်ရုပ်ခွေးလေးရေဒါအကြောင်းပါပဲ....။ဒီခွေးလေးကို ဒေါက်တာ ဗန်ဟွတ်ဆိုသူ စိတ္တဇလူဆိုးကြီးကဖန်တီးခဲ့တာပါ...။ရည်ရွယ်ချက်ကတော့ စက်ရုပ်ခွေးလေးရဲ့ အစွမ်းကို အသုံးချပြီးကမ္ဘာအနှံ့က ရတနာတွေရှာဖွေဖို့ပေါ့လေ.....။ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တီးထားတယ်ဆိုပေမယ့်စက်ရုပ်ခွေးလေးရေဒါဟာ မေတ္တာတရားကိုသာလိုလားတောင့်တသူပါ...။တစ်နေ့မှာ ဒီခွေးလေးဟာ ရတနာရှာထွက်ရင်း သူတို့အပူနဲ့သူတို့ ရတနာရှာထွက်လာတဲ့ ဂေ့ဘ်နဲ့ ကိုင်လီဆိုတဲ့ကလေးနှစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး....သူလိုလားတောင့်တတဲ့ မေတ္တာတရားကိုခံစားမိတဲ့အခါ...စက်ရုပ်ခွေး ရေဒါလေးဟာ ဂေ့ဘ်တို့အနားပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့....။ဒါကို လူဆိုးကြီး ‌ဒေါက်တာ ဗန်ဟွတ်က လက်ခံပါ့မလား....၊ဂေ့ဘ်တို့ကိုရော ဘယ်လိုဒုက္ခတွေပေးဦးမှာလဲ....၊ရေဒါလေးရဲ့အစွမ်းတွေက ဘာတွေဖြစ်မလဲ  ဂေ့ဘ်တို့ကရော စက်ရုပ်ခွေးလေးနဲ့အတူလူဆိုးကြီးကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.92GB / 1.02GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

R.A.D.A.R.: The Adventures of the Bionic Dog (2023)

Cloudy with a Chance of Meatballs (2009) 6.9
Cloudy with a Chance of Meatballs (2009) ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေမိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကိုCM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က ...
movie

Cloudy with a Chance of Meatballs (2009)

2009
Bhoothnath (2008) 6.4
Bhoothnath (2008) Boothnath(2008) IMDb - 6.4/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ်အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ် တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့ သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.13GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie

Bhoothnath (2008)

2008
Leo (2023) 7.1
Leo (2023) Leo (2023) ========= IMDb Rating - 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင် ထားပါတယ်။လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက် သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့ လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။ မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie

Leo (2023)

2023
A Heidelberg Holiday (2023) 6.9
A Heidelberg Holiday (2023)   ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ ...
movie

A Heidelberg Holiday (2023)

Trolls Band Together (2023)
Trolls Band Together (2023) Trolls Band Together (2023)နာမည်ကျော် ဂီတကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Trolls မှင်စာလေးများ ကာတွန်း သုံးကားမြောက်လာပါပြီ။ပထမနှစ်ကားကတော့ Trolls 2016, Trolls World Tour 2020 တို့ပါပဲ။ အသံသရုပ်ဆောင်အနေနဲ့လည်း ဂျက်စတင်တင်ဘာလိတ် နဲ့ အန်နာ ကန်းဒရစ်တို့ပဲ ပါဝင်ပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Trolls မှာ မိသားစုတွေပိုမြိုင်ဆိုင်သွားအောင် ဘရန့်ရဲ့ ငယ်ငယ်ကကွဲသွားတဲ့ အစ်ကိုတွေ ပြန်ပါဝင်လာပါတယ်။ ဘရန့်ဟာ ဘရိုဇုံဆိုတဲ့ ညီအစ်ကိုတွေနဲ့ဖွဲ့ထားတဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့တစ်ခုက အငယ်ဆုံးညီလေးဖြစ်ခဲ့ပါတယ်။တစ်နေ့မှာတော့ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် ညီအစ်ကိုတွေအကုန် တစ်လမ်းစီထွက်သွားခဲ့ပြီး ဘရန့်ကိုတော့ အဘွားနဲ့ ထားခဲ့ကြပါတယ်။ နှစ် ၂၀ နီးပါး အဆက်အသွယ်မလုပ်တော့တဲ့ အစ်ကိုတွေကို စိတ်နာနေပေမဲ့ တစ်နေ့မှာတော့ အကြီးဆုံးအစ်ကိုဂျွန်ကလာပြီး အစ်ကိုလတ်ဖြစ်သူ ဖလွိုက်ကို မသမာသူနှစ်ယောက်က ဖမ်းထားတဲ့အကြောင်းနဲ့ သူ့ကိုကယ်နိုင်ဖို့ ညီအစ်ကိုတွေအားလုံး ပြန်စုဖို့လိုကြောင်း ပြောလာတဲ့အခါ....File size…(5GB) ...
movie

Trolls Band Together (2023)

The Great Indian Family (2023) 6.3
The Great Indian Family (2023) The Great Indian Family (or) အိန္ဒိယရဲ့ အကောင်းဆုံးမိသားစု =================================== IMDb - 6.9/10 ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဇာတ်ကား‌‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗဒ်ဗက်ရ် ထရီပတ်သီ (ခ) ဘန်ဂျန်ကူးမားဆိုတဲ့ ကောင်လေးဟာ သူတို့နေထိုင်ရာမြို့လေးရဲ့ အလေးစားခံရဆုံး ပုရောဟိတ်ကြီး စီရာရမ် ထရီပတ်သီရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ဗဒ်ဗက်ရ်ဟာ ငယ်ရွယ်စဉ်က မြွေလှေကားဂိမ်းကို သဘောကျနှစ်ခြိုက်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ အီရှ်ဝါယာမယ်ပနီဟာလည်း (တစ်ကျောင်းလုံးက ကောင်လေးတွေ သဘောကျရတဲ့ သူဌေးသမီးလေး) သူနဲ့ တစ်ကျောင်းတည်းတက်နေသူဖြစ်ပြီးတော့ အီရှ်ဝါယာဟာ သူရဲ့ မွေးနေ့ကို ဗဒ်ဗက်ရ်ကို ဖိတ်ကြားလိုက်ပါတယ်။ပုရောဟိတ်ကြီးရဲ့ သားဖြစ်တဲ့အလျောက် ဗဒ်ဗက်ရ်ဟာလည်း ပုရောဟိတ်လေးဖြစ်လာဖို့ ပွဲတော်ကျင်းပဖို့ အချိန်ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ အီရှ်ဝါယာရဲ့ မွေးနေ့နဲ့ ပွဲတော်လုပ်မယ့်နေ့က တိုက်ဆိုင်လို့ နေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့အတွက် အားခဲထားပေမယ့် ပရောဟိတ်လေးအဖြစ် ခံယူဖို့ ကတုံးတုံးခံလိုက်ရရင်း အဖေဖြစ်သူဟာ မွေးနေ့ပွဲတစ်ခုကို ‌‌ရိုးရာပွဲပြုလုပ်ပေးဖို့အတွက် သွားရာကို သားဖြစ်သူကိုပါ ခေါ်သွားတဲ့အခါမှာ သူ့သူငယ်ချင်းဖြစ်သူရဲ့ ...
movie

The Great Indian Family (2023)

2023
LEGO Marvel Avengers: Code Red (2023)
LEGO Marvel Avengers: Code Red (2023)  Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre...Animation, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

LEGO Marvel Avengers: Code Red (2023)