Channel Myanmar

Drama

After Sex (2007) 5.5
After Sex (2007) ဒီဇာတ်ကားလေးကတော့ စုံတွဲတွေအချင်းချင်းချစ်တင်းနှောပြီးတဲ့နောက်မှာ စကားတွေပြောရင်းခံစားချက်တွေ မျှဝေကြတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ စုံတွဲတွေအားလုံးရဲ့ လိင်ကိစ္စပေါ်အမြင်အပြင် တခြားသောဘဝအမြင်တွေပါမတူကွဲပြားမှုတွေရှိကြောင်းကို သေချာလေူပြသထားသလို လိင်စိတ်ခံယူချက်ကွဲပြားမှုတွေကိုပါဇာတ်ကားထဲကနေ သိရှိနိုင်မှာလဲဖြစ်ပါတယ်။ IMDb 5.5 ရရှိထားသလို နာမည်ကြီး Guardians of the Galaxyရုပ်ရှင်တွေထဲက မင်းသမီး Zoe Saldana နဲ့Orange Is the New Black စီးရီးထဲက Taryn Manning တို့လိုသရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားတာမလို့ကြည့်ရတာတန်စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။  File size…    1.5 GB /  642 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citrus
movie

After Sex (2007)

Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)

Reign Over Me (2007)
Reign Over Me (2007)  အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie

Reign Over Me (2007)

Aristotle and Dante Discover the Secrets of the Universe (2022) 7.1
Aristotle and Dante Discover the Secrets of the Universe (2022)  Aristotle and Dante Discover the secrets of the Universeဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက်LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူနာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto ကရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက်အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံအယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာနွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေအများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့်ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက်အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီကအာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက်အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

Aristotle and Dante Discover the Secrets of the Universe (2022)

Rumah Masa Depan (2023) 7.2
Rumah Masa Depan (2023)  အင်ဒိုနီးရှား မိသားစုDrama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဆူကရီတို့မိသားစုဟာ ဂျာကာတာမှာစားသောက်ဆိုင်လေးတွေဖွင့်ထားပြီး ဆူကရီရဲ့အမျိုးသမီးဖြစ်သူဆွာတီကလည်း ဆုရထားတဲ့ ရှက်ဖ်တစ်ယောက်ဖြစ်တဲ့အပြင်YouTube​r တစ်ယောက်လည်းဖြစ်ပါတယ် ဆွာတီရဲ့YouTube​ channel ကလည်းထင်သလောက် viewersမတက်လာတဲ့အပြင် ဆူကရီဖွင့်ထားတဲ့ဆိုင်တွေမှာလည်းအခက်အခဲလေးတွေကြုံနေရပါတယ်အဲဒီအပြင်ကိုမှ​ ဆူကရီရဲ့အဖေဖြစ်သူကလည်းရုတ်တရက်ကြီးဆုံးပါးသွားလို့ ဆူကရီတို့တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီးရွာကိုချက်ချင်းပြန်ရပါတော့တယ် ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုသလိုအမေဖြစ်သူနဲ့မိန်းမဖြစ်သူတို့ကလည်း ပြဿနာတွေတက်ကြတော့အဖေဖြစ်သူကိုမြေချပြီးတာနဲ့ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်ရက်ပြန်ဖို့အတွက်လမ်းတစ်ဝက်မရောက်ခင်မှာဘဲ​ဖုန်းတစ်ကောလ်ဝင်လာရာကနေ သူတို့လည်းမပြန်ဖြစ်တော့ဘဲရွာမှာဆက်နေဖို့အကြောင်းဖန်လာကာ ဆူကရီတစ်ယောက်ဘာတွေရင်ဆိုင်ရမလဲ အမေနဲ့မိန်းမကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့​ဆက်ကြည့်လိုက်ရအောင်ပါ File size…1.47GB / 703MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Rumah Masa Depan (2023)

[18+]Wife’s Friend Reunion(2017)
[18+]Wife’s Friend Reunion(2017) [18+]Wife's Friend Reunion(2017)*******************************အီဂျီယောင်းဆိုတဲ့ မိန်းကလေးက ယောက်ျားနှိပ်စက်တာ ခံ‌နေရပြီးတော့ တစ်ကိုယ်တည်း အာမခံလုပ်ငန်းကို လုပ်ကိုင်ရင်း ရုန်းကန်နေရရှာတယ် ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အာမခံသွင်းမဲ့သူကို မရလို့ ကြံရာမရဖြစ်နေခဲ့တယ် တစ်နေ့မှာ သူ့ငယ်သူငယ်ချင်း ဒယ်ချောဆိုသူနဲ့ တွေ့ပြီးတော့ သူက ဖိတ်တဲ့အတွက် ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားဖြစ်ခဲ့တယ် အဲဒီမှာ မင်ဂီဆိုတဲ့ လုပ်ငန်းရှင်နှာဘူး တစ်ယောက်နဲ့ တွေ့ပြီးတော့ သူနဲ့ အိပ်ပေးရင် အာမခံသွင်းပေးမယ်ဆိုပြီးတော့ အညှိခံရခဲ့တယ် တစ်ဖက်မှာလည်း နှိပ်စက်နေတဲ့ ယောက်ျားက ပိုက်ဆံ သိန်း ၅၀၀ ပေးရင် ကွာပေးမယ်လို့ ပြောလာတဲ့အခါမှာ ဂျီယောင်းလည်း ကြံရာမရတဲ့အဆုံး မင်ဂီနဲ့ သွားအိပ်လိုက်တယ် အဲဒီလိုနဲ့ မရပ်တန့်နိုင်တော့ ဂျီယောင်းတစ်ယောက် ဘယ်အချိန်ထိ လမ်းမှားကို ဆက်လျှောက်သွားဦးမလဲ ကယ်တင်ရှင် ပေါ်လာဦးမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ဇာတ်လမ်းလေးလည်းမိုက် အခန်းလေးလည်းကြိုက်ချင်နေတဲ့သူတွေအတွက်တော့ရှယ်ပါဗျို့   File Size 1.1GB & 487MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:27:00 Genre : Adult, Drama Subtitle ...
movie

[18+]Wife’s Friend Reunion(2017)

Yaariyan 2(2024) 5.3
Yaariyan 2(2024) Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yaariyan 2(2024)

2024
[18+] Stag (2024) 5.7
[18+] Stag (2024) [18+] Stag (2024) ==========ဂိုးလ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ဘတ်ချလာပါတီကိုသွားဖို့ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူယုံကြည်ရတဲ့ ကားအိုကြီးက သူ့ကိုသစ္စာဖောက်ပြီး ဖုန်းလိုင်းမမိ၊ လူသူမနီးတဲ့တောနက်တစ်နေရာမှာ ပျောက်ကွယ်သွားချိန်မှာတော့ဒုက္ခရောက်ပါတော့တယ်။အကူအညီလိုချင်ဇောနဲ့လှည့်ပတ်သွားရင်း တွေ့ခဲ့ရတာကတော့ အဲ့ဒီတောနက်အလည်မှာထီးထီးရှိနေတဲ့ အိမ်တစ်လုံး၊ အဲ့ဒီအိမ်မှာတွေ့မြင်ရတဲ့ ပဟေဠိဆန်တဲ့လူတွေပါပဲ။ အရက်သမား အိမ်ရှင်အဘိုးကြီး၊ရမ္မက်ထန်ပုံရတဲ့အဘိုးကြီးရဲ့ဇနီးနဲ့သမီး၊ ပြီးတော့ သူတို့ရဲ့ဝမ်းကွဲ တစ်သိုက်တို့ဟာ သူ့အတွက်တစ်သက်မမေ့နိုင်စရာအတွေ့အကြုံတွေကိုပေးလာတော့မှာဖြစ်ပါတယ်။ဂိုးလ် လက်ရှိရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်တွေကလူစင်စစ်တွေဖြစ်ပါရဲ့လား? ဒီအိမ်ကြီးကနေ သူဘယ်လိုလွတ်မြောက်နိုင်မလဲ?သူ့ခရီးဆုံးဖြစ်တဲ့ သူငယ်ချင်းရဲ့ဘတ်ချလာပါတီကိုရောရောက်နိုင်ဦးမှာလား?အစရှိတာတွေကိုဆက်လက်ရှူစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:29:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Stag (2024)

[18+]Sexy Voice(2016)

[18+]Sexy Voice(2016)

Pride (2007) 6.3
Pride (2007) ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie

Pride (2007)

Passion (2013) 5.3
Passion (2013) ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦးဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့်The notebooks တို့ Mean Girls တို့မှမင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှသစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကိုThriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲအကြံပေးလိုက်ပါတယ်ခင်ဗျာ File size…    1.1 GB /  657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Passion (2013)

Set It Up (2018) 6.5
Set It Up (2018) Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie

Set It Up (2018)

2017
4K HEVC
Free Willy (1993) 6.0
Free Willy (1993) ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ...
movie

Free Willy (1993)

Free Willy 2: The Adventure Home (1995) 5.1
Free Willy 2: The Adventure Home (1995) ဟော.. ဝေလငါးကြီး ဝီလီပြန်လာပါပြီ..။ ဒီတစ်ခါမှာတော့ လူပျိုပေါက်လေး ဖြစ်နေပြီဖြစ်တဲ့ ဂျက်စီ့ကို တွေ့ရမှာပါ။ ရှေ့ကားမှာ အရာရာအဆင်ပြေပြီးသားဖြစ်တဲ့ ဂျက်စီလေးဟာ ဒီကားမှာတော့ နောက်ထပ်ပြဿနာလေး တစ်ခုထပ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူက ရှာတဲ့ ပြဿနာမဟုတ်ဘဲ သူ့ဆီကိုမှ တကူးတက လာရှာတဲ့ ချစ်စရာ သက်ရှိပြဿနာလေးပဲ ဖြစ်ပါတယ်။ ဘာလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကြောင်းဆက်သွားရမယ်ဆိုရင်တော့ ဂျက်စီဟာ ဝီလီနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဝီလီဟာလည်း သူ့မိသားစုနဲ့အတူ ပြန်ဆုံနိုင်ခဲ့ပြီဖြစ်လို့ အခုဆို ဂျက်စီရော ဝီလီရော မိသားစုကိုယ်စီနဲ့ပါ။ တစ်ညမှာတော့ ရေနံတင်သင်္ဘောမှောက်ပြီး ရေနံဆီတွေ ပင်လယ်ထဲ စိမ့်ကုန်ပါတော့တယ်။ ပင်လယ်သတ္တဝါတွေအတွက် ထိခိုက်မှုများမယ့် ဝီလီတို့အတွက် အန္တရာယ်များတဲ့ ဒီအခြေအနေကို ဂျက်စီနဲ့ ဝီလီ ဘယ်လိုဖြေရှင်းကြမလဲ။ရှေ့တစ်ကားတုန်းက ပြောခဲ့သလိုပါပဲ ဒီကားမှာ ဝီလီနေရာကို Keiko သရုပ်မဆောင်တော့ပါဘူး။ ဒီကားထဲက ဝေလငါးတွေကို အင်ဂျင်နီယာနဲ့ အနုပညာရှင်ပေါင်း ၄၅ ယောက်တို့နဲ့ နာရီပေါင်း ၁သိန်းကျော်သုံးပြီး ၆လအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဝေလငါး အရွယ်အစား တစ်ခုစီအတွက် ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြခဲ့ပြီး ပေါင် ...
movie

Free Willy 2: The Adventure Home (1995)

Free Willy 3: The Rescue (1997)
Free Willy 3: The Rescue (1997) ဒီတစ်ခါတော့ ဂျက်စီလေးဟာ လုံးလုံး လူပျိုပေါက်သွားပါပြီ။ လက်တောက်လောက် ပြဿနာအိုးလေးကတည်းက မြင်လာခဲ့တဲ့ ကောင်ဆိုးလေးကို သန့်သန့်ခန့်ခန့် ၁၆ နှစ် အရွယ် သုတေသနလက်ထောက်လေးအဖြစ် မြင်ရတာဟာ ကြည်နူးစရာပါပဲ။ ပင်လယ်ကြီးက အပြောကျယ်တယ်သာဆိုတာ ဂျက်စီနဲ့ ဝီလီတို့ကတော့ ခုလည်း ပြန်တွေ့ကြပြန်ပါပြီ။ ဒီတစ်ခါက်မှာတော့ ဝီလီ့မှာရော သတင်းကောင်းတစ်ခု ရှိလို့နေပါတယ်။ ဘယ်လိုအခြေအနေတွေ ထပ်ကြုံလို့ ဘယ်လိုကယ်တင်ကြရပြန်ဦးမှာလဲ။ အဲ့ဒါတွေကိုတော့ ထုံးစံအတိုင်းပဲ မပြောပြပါဘူး၊ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါ။ ဂျက်စီ လူပျိုဖြစ်သွားလို့ ကလေးငယ်လေး မမြင်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့် ပရိတ်သတ်တချို့အတွက်တော့ ဟောဒီ့ Free Willly 3 မှာ ဂျက်စီ့ထက် အပုံကြီး ပိုချစ်ဖို့ကောင်းတဲ့ မက်စ်ဆိုတဲ့ မိတ်ဆွေသစ်လေးတစ်ဦးပါဦးမယ့်အကြောင်းကို အကြိုသတင်းပါးလိုက်ပါတယ်။ မိတ်ဆွေသစ်ရယ် အန္တရာယ်သစ်ရယ်နဲ့ ဝီလီ့ချစ်သူတို့ရဲ့ နှလုံးသားကို ဖမ်းစားဦးမယ့်စွန့်စားခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။  File size…    2.4 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ..... ...
movie

Free Willy 3: The Rescue (1997)

Free Willy: Escape from Pirate’s Cove (2010) 5.0
Free Willy: Escape from Pirate’s Cove (2010) ဒီ ၄ကားမြောက် Free Willy ကတော့ ပထမ သုံးကားနဲ့ လုံးလုံးမဆိုင်တော့တဲ့ ဇာတ်ကောင်၊ ဇာတ်ကြောင်းနဲ့ပဲဖြစ်ပါတယ်။ ရှေ့၃ကားရဲ့ မိသားစုတွေ ပြန်ပါမှာ မဟုတ်တော့သလို ဒီထဲက ဝီလီဟာလည်း မတူညီတဲ့ နောက်ထပ် ဝီလီအသစ်တစ်‌ကောင်ဖြစ်ပါတယ်။ တူတာဆိုလို့က အဲ့ဒီ ဝီလီ့ကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ ကြိုးစားမှုအပိုင်းပဲဖြစ်ပါတယ်။ ၁၂ နှစ်အရွယ် ချစ်စရာ ကလေးမလေး ကီရာဟာ ဖခင်ဖြစ်သူ တိမွေးကုဆရာဝန်ကြောင့် ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေနဲ့ မစိမ်းသူလေးဖြစ်ပါတယ်။ ဖအေတစ်ခု သမီးတစ်ခုအနေနဲ့ နေလာကြရင်း တစ်ရက်တော့ သူ့အဖေဟာ မတော်တဆတစ်ခုဖြစ်ပြီး ဆေးရုံမှာ ရက်ရှည်နေရဖို့ ဖြစ်လာတဲ့အခါ ကီရာလေးကို အာဖရိကမှာနေတဲ့ အဖိုးဖြစ်သူဆီ ပို့လိုက်ပါတော့တယ်။ ဒီကားထဲမှာကော ဝီလီဖြစ်လာမယ့် ဝေလငါးနဲ့ ကီရာလေးတို့ ဘယ်လိုစတွေ့တာဖြစ်မလဲ၊ ဘယ်လို အခက်အခဲတွေကို ဖြတ်သန်းရမလဲ၊ အခုတစ်ခါမှာရော ဘယ်လိုပြန်လွှတ်ပေးကြမလဲဆိုတာတွေတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦးနော့်။  File size…    2.1 GB /  1.3 GB Quality… BluRay 1080p / ...
movie

Free Willy: Escape from Pirate’s Cove (2010)

Warning 2 (2024) 7.5
Warning 2 (2024) Warning 2 (2024) ကလဲ့စား IMDb - 7.5/10၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ်တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်) File size…3.1GB ...
movie

Warning 2 (2024)

2024
[18+] Red Flag (2024) 5.5
[18+] Red Flag (2024) Red Flag (2024) ==============ဂျီနာက ကားအရောင်းအေးဂျင့်တစ်ယောက်ပါ။ လှပထက်မြက်ပြီး ငွေကြေးလည်းမပူပင်ရတဲ့သူ့မှာ အားနည်းချက် တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ လင်တရူးတာပါပဲ။သူ့ကိုစိတ်ဝင်စားနေတဲ့၊ အစစအရာရာပြစ်ချက်မရှိတဲ့ သူတစ်ယောက်အနားမှာရှိပေမယ့် သူကတော့ Red Flag တွေအပြည့်နဲ့ငနဲတွေကိုမှ ရွေးပြီးကြွေတတ်သလို ပတ်ဝန်းကျင်က သတိပေးမှုတွေကိုလည်း ခေါင်းထဲမဝင်ပဲမွှန်နေလေ့ရှိပါတယ်။ဒီဇာတ်ကားမှာတော့ ဂျီနာနဲ့ Red Flag ငနဲ၊ သူ့ဘေးနားမှာအမြဲရှိနေတဲ့ သူ့ကိုကြိတ်ကြွေနေတဲ့ ငယ်သူငယ်ချင်းတို့ရဲ့ကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းကိုရှုစားရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(660GB) Quality_Blu-Ray 1080p Format_mp4 Duration_00:47:00 Genre_Adult , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Red Flag (2024)

[18+] Wanted: Girlfriend (2024) 5.5
[18+] Wanted: Girlfriend (2024) [18+] Wanted: Girlfriend (2024) ===========================အသီနာနဲ့အက်ဆယ်တို့ဟာ တစ်ချိန်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူတွေပါ။ဒါပေမယ့်လည်း နေရာမရွေးအချိန်မရွေးထန်ချင်လွန်းတဲ့ အက်ဆယ်ကိုသည်းမခံနိုင်တဲ့အဆုံး အသီနာက အဆက်ဖြတ်သွားခဲ့ပါတယ်။ကာလတစ်ခုကြာလာပြီး နှစ်ယောက်သားကိုယ့်ဘ၀နဲ့ကိုယ် move on စပြုနေတဲ့အချိန်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြရင်း အရင်လိုခံစားချက်တွေ အသစ်တဖန်ဖြစ်ပေါ်လာတဲ့အခါ..။အရင်ဇာတ်ကားတွေမှာနေရာသိပ်မရခဲ့တဲ့ Shiena Yu ဆိုတဲ့မင်းသမီးအသစ်လေးနဲ့ Reina Castillo ဆိုတဲ့ တစ်ကားမှမရိုက်ဖူးသေးတဲ့အသစ်စက်စက်လေးကိုအဓိကဇာတ်ဆောင်အဖြစ်စင်တင်ပေးထားတဲ့ဇာတ်ကားပါပဲ။မြည်းစမ်းကြည့်ကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Wanted: Girlfriend (2024)

Arthur the King (2024) 7.2
Arthur the King (2024)  မင်းသားကြီး Mark Wahlberg နဲ့ Shang-Chiမင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့Sport Drama ကားကောင်းလေးဖြစ်ပါတယ်ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ကားပါ..ဇာတ်လမ်းအညွှန်းကတော့..လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံစွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီးနိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်..ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာနာမည်ကြီးထမင်းငတ်ပါပဲ...ထိပ်တန်း အဆင့် ၁၀ ထဲအမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး..အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ်ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်..ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုးကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲကမိတ်ဆွေ‌တွေကို ပြန်လည်စုစည်းပြီး...နောက်ဆုံးတစ်ကြိမ်ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်..ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့အဓိကသော့ချက်ဖြစ်လာပါတယ်... File size…(4.8 GB) / 2.28GB , 1.1GB Quality…WEB-DL 4K HEVC/1080p 5.1CH ...
movie

Arthur the King (2024)

4K HEVC