Channel Myanmar

Drama

Ice Road: Vengeance (2025) 5.2
Ice Road: Vengeance (2025)  Ice Road: Vengeance (2025) IMDb Rating (5.2) The Ice Road (2021) ရဲ့ အဆက် Ice Road: Vengeance (2025) ထွက်ရှိလို့လာပြီဘဲဖြစ်ပါတယ်။နီပေါရဲ့ ဧဝရတ်တောင်တန်းတွေမှာသွားရိုက်ထားတာဖြစ်တဲ့အတွက် ရိုက်ချက်အပြင်အဆင်တွေက အတော်လေး ကြည့်လှပါတယ်။အီရတ်မှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ ညီဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအရ သူ့ရဲ့အရိုးပြာကို ဧဝရတ်တောင်တန်းတွေမှာ ကျဲပေးဖို့ဆိုပြီး နီပေါကို မိုက်မက်ကယ်ဆိုတဲ့ အစ်ကိုဖြစ်သူဟာ တစ်ကိုယ်ထဲ့ပူဆွေးရင်းခရီးနှင်လာခဲ့ပါတယ်။ဒါပေမဲ့ သူရောက်လာတဲ့ ဧဝရတ်တောင်ခြေစခန်းကတောင်ပေါ်ရွာလေးမှာ ဒေသခံမြေတွေကိုအပိုင်သိမ်းပြီး ဆည်ကြီးဆောက်ဖို့ တာဆူနေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရန်စွယ်နဲ့တွေ့ပြီးဒေသခံတိုးဂိုက်အဖွဲ့နဲ့ရွာသူ/သားတွေကို ကူညီပေးဖို့ မိုက်ခ်တစ်ယောက်ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File size…(6.3 GB) / (3.1 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama,Thriller Duration….01:53:58 Subtitle….Myanmar ...
movie

Ice Road: Vengeance (2025)

2025
4K HEVC
The Ice Road (2021) 7.4
The Ice Road (2021) Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကိုကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက်ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကိုဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် ...
movie

The Ice Road (2021)

2021
The Noisy Mansion (2025) 6.5
The Noisy Mansion (2025) The Noisy Mansion (2025)*************************IMDb... 6.5 ပရိသတ်ကြီးတို့ရေ သူများကိစ္စကို ဝင်ဖြေရှင်းပေးတတ်တဲ့လူတွေသာ အများအားဖြင့်လူမုန်းခံရတတ်ပြီး အဖတ်လုပ်ခံရလေ့မရှိတတ်ကြသော်လည်း တစ်ခါတရံမှာထိုသူတွေကပဲ တစ်ပါးသူအတွက် ပြဿနာကို ပြေလည်အောင် ဦးဆောင်ပြီးဖြေရှင်းတတ်ကြတာမျိုးလည်း ရှိပြန်ပါတယ်။ဒါကြောင့် ဒီလိုဇာတ်ကောင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေအပျိုကြီးမမ အန်ဂေါအူဟာ မောင်လေးနှစ်ယောက်ရှိပြီး မောင်အကြီးဖြစ်သူ ရှေ့နေအန်ဒုအွန်းနဲ့တစ်အိမ်တည်းနေကာ တူတူမလေးတွေကို ပြုစုစောင့်ရှောက်ပေးပါတယ်။လွတ်လပ်စွာနေတတ်ပြီး ကိစ္စတိုင်းကို ဝင်ပါဖြေရှင်းတတ်တဲ့ အလုပ်လက်မဲ့ အန်ဂေါကိုမောင်ဖြစ်သူက လိုက်ထိန်းနေရစမြဲပါ။ တစ်နေ့မှာတော့ အန်ဂေါ်ဟာ ထုံးစံအတိုင်း သူများကိစ္စဝင်ပါတဲ့အခါမှာမောင်ဖြစ်သူရဲ့ ကလေးတွေကိုပါ ခေါ်ဆောင်သွားတာကြောင့် ဒုအွန်းတစ်ယောက် ဒေါသပုန်ထကာအစ်မကို အိမ်ပေါ်က နှင်ချလိုက်ပါတော့တယ်။ဒါနဲ့ပဲ အန်ဂေါဟာ ရှင်းယူရပ်ကွက်က တိုက်ခန်းတစ်ခုမှာ ငှားနေစဉ် မနက်အရုဏ် ၄ နာရီအချိန်တိုင်းမှာမျက်နှာကျက်ကနေ တဒုန်းဒုန်းနဲ့ ထုသံတွေကို ကြားလာရပြီးနောက်မှာ သူ့ရဲ့ပင်ကိုဗီဇအတိုင်း ဝင်ပါစုံစမ်းဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်ပါတော့တယ်။လူမျိုးစုံ စရိုက်မျိုးစုံ နေနေတဲ့တိုက်ခန်းအကြောင်းသိလာရချိန်မှာ အန်ဂေါတစ်ယောက်ဆူညံသံနောက်ကွယ်က တရားခံကို ရှာတွေ့ပါ့မလား ...ဆူညံသံတွေကရော သမရိုးကျဖြစ်လာတဲ့အသံတွေလား...ပယောဂဆက်နွယ်နေလားဆိုတာကို ...
movie

The Noisy Mansion (2025)

1987: When the Day Comes (2017)
1987: When the Day Comes (2017) 1987: When the Day Comes (2017)********************************IMDb... 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon,Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေအမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီးသရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်းကြည့်ရှုကြရမဲ့ ...
movie

1987: When the Day Comes (2017)

Children Who Chase Lost Voices (2011) 7.1
Children Who Chase Lost Voices (2011) Children Who Chase Lost Voices (2011) -------------------------------------------------- IMDb - 7.1/10, MyAnimeList - 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင်Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးကဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်းရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီးအဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲတွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီးသတင်းတွေပျံ့နေပါတော့တယ်။ ...
movie

Children Who Chase Lost Voices (2011)

West Side Story (1961) 7.6
West Side Story (1961) West Side Story 1961Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်းသိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက်ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးကတစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးကပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကိုခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်းအများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။  File size…    ...
movie

West Side Story (1961)

Tornado (2025) 6.2
Tornado (2025) ဆာမူရိုင်း ဖူဂျင်နဲ့ သမီးဖြစ်သူ တိုနေတိုးဟာ အင်္ဂလန်ပြည်တလျှောက် လှည်ကလေးတစ်စီးနဲ့ ဂျပန်ရိုးရာဆာမူရိုင်း ရုပ်သေးပြဇာတ်ကို လှည့်လည်ဖျော်ဖြေရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ သားအဖတွေဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ ရုပ်သေးပြဇာတ်ဖျော်ဖြေနေရင်း ရာဇဝတ်သားသုံးယောက်က လမ်းကြုံတဲ့အတွက် သူတို့ဓားပြတိုက်လာတဲ့ရွှေထုပ်ကိုခဏချပြီးပြဇာတ်ကို ဝင်ကြည့်နေခဲ့ပါတယ်။ပြဇာတ်မှာ ဈာန်ဝင်ပြီး မျောသွားတဲ့ဓားပြသုံးယောက်ဟာ သတိလည်းဝင်လာရော ရွှေထုပ်ကြီးက မရှိတော့ပါဘူး။အဲအချိန်မှာ တိုနေတိုးက ရွှေထုပ်ခိုးသွားတဲ့ကောင်လေးကို ဓားပြလက်ချက်နဲ့သေမှာစိုးလို့ ကူဖွက်ပေးခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဓားပြသုံးယောက်က ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ ရှူးဂါမန်းနဲ့ လစ်တဲရှူးဂါးတို့ သားအဖ ဦးဆောင်တဲ့ဓားပြအုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လို့နေပါတယ်။ဓားခုတ်ရာလက်ဝင်ရှိုမိတဲ့ တိုနေးတိုးကြောင့် သူမရဲ့အဖေဟာ ဓားပြအုပ်စုရဲ့လက်ချက်နဲ့ သေရတဲ့အတွက် သူမဟာ အဲဓားပြအုပ်စုကိုဘယ်လိုလက်စားလိုက်ချေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။File Size… (1.74 GB) / ( 849 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….. Action , Drama ...
movie

Tornado (2025)

Thunderbolts* (2025) 7.7
Thunderbolts* (2025) Thunderbolts* (2025)IMDb Rating (7.7) / Rotten Tomatoes (88 %)(4K  WEB-DL  ကြည်တောက် Update )ဒါရိုက်တာ Jake Schreier ဖြစ်ပြီး Beef စီးရီးတို့ Paper Town, Skeleton Crew တို့ရဲ့ ဖန်တီးရှင်ပီပီ ဒရာမာရော ဟာသရော အက်ရှင်ရော ကောင်းကောင်းပိုင်ပိုင်နိုင်နိုင်ရိုက်ကူးထားပါတယ်။ မင်းသားမင်းသမီးတွေကလည်း လူဟောင်းတွေချည်းပဲမို့ ဇာတ်ကောင်အသားကျပြီးသားဖြစ်ပြီး ကွက်တိသရုပ်ဆောင်နိုင်ကြပါတယ်။ ဘော့ နေရာမှာသရုပ်ဆောင်တဲ့ Lewis Pullman ကလည်း Top Gun မှာကတည်းက ဘော့နေရာမှာ ပါထားတဲ့သူဖြစ်ပြီး ဒီကားမှာလည်း အလားအလာအများကြီး ပြသွားပါပြီ။အညွှန်းမာဗယ်ရုပ်ရှင်ရဲ့ ၃၆ ကားမြောက် ရုပ်ရှင်ဖြစ်ပြီး အဆင့်-၅ ရုပ်ရှင်တွေရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ မာဗယ်ရုပ်ရှင်တွေထဲမှာ ကောင်းတယ်လို့ ပြောရတဲ့ အဆင့်ထဲကိုတော့ ရောက်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ Winter Soldier တို့ ...
movie

Thunderbolts* (2025)

4K HEVC
Kannappa (2025) 4.1
Kannappa (2025) Kannappa (2025) IMDb - 4/10WEB DL HDTC ဗားရှင်းဖြင့်တင်ဆက်ထားပါသောကြောင့်ကြော်ညာများပါဝင်ခြင်းကို သတိပြုပါ။ဘာဟုဘာလီသရုပ်ဆောင် တလေဂူးမင်းသားကြီး ပရာဘာ့စ်ရဲ့ ရုံတင်ကားသစ်ကြီး HDTCဗားရှင်း ထွက်လာတာမို တင်ဆက်ပေးလိုက်ပါတယ်။အရှေးကူးမားလည်း ပါဝင်အားဖြည့်ပေးထားပြီး တက်သစ်စမင်းသမီးချောလေး ပရီတီးမူခွန်ဒန်ရဲ့ အကအလှတွေကိုပါရှုစားကြရမှာပါ။(*ဘာသာရေးကားဖြစ်တာမို အခေါ်အဝေါ်တွေ အမည်တွေလွဲမှားခဲ့ပါက ကျွန်တော်တို Bollywood Teamကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်။*)ရွာမှာဖြစ်နေတဲ့ ကပ်ဘေးကြီးအဆုံးသတ်စေဖို ဘုရားနာမည်တပ်ပြီး ရွာရဲ့နတ်ဆရာမက သီနာဒူရဲ့သူငယ်ချင်းဖြစ်သူကိုယဇ်ပူဇော်လိုက်ပါတယ်။အဲဒီကစလို သီနာဒူတစ်ယောက် ဘုရားဆိုတာကို ကျောက်တုံးကြီးတစ်တုံးကလွဲရင် ဘာမှကောင်းကျိုးမပေးတဲ့အရာဆိုပြီးအမုန်းတရားကြီးထွားခဲ့ပါတယ်။အရာအားလုံးကို မြင်တော်မူတဲ့ အရှင်သိဝက သီနာဒူ ကလေးဘ၀ကတည်းက စောင့်ကြည့်နေပြီး တစ်နေ့ကျရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပေါ့။မုဆိုးတစ်ယောက်ဖြစ်လာတဲ့သီနာဒူ ဘုရားပေါ်သက်ဝင်ယုံကြည်လာပုံနဲ့ စရီကာလာဟာသ်စတီဗိမာန်တော်ကြီး တည်ဆောက်ကိုးကွယ်လာပုံကိုမြင်တွေ့ရမဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်ဘာသာရေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.6 GB / 1.8 GB Quality… HDTC 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Kannappa (2025)

Azooma (2012) 6.4
Azooma (2012) Azooma (2012)**************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် 2012 ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှုခင်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ Our unwritten Seoulမှ မင်းသမီးကြီး Jang Young Nam, movieတို့ရဲ့ဆရာကြီး Ma Dong Seok တို့အပြင် Vincenzoမှ Hwang Tae gwangနဲ့ Light Shop မှ Bae Seong Woo တို့ ပါဝင်ပါတယ် ..Yoon Yeong Nam(Jang Young Nam)ဟာ ယောကျ်ားနဲ့ကွာရှင်းထားပြီး ဆယ်နှစ်အရွယ်သမီးလေးနဲ့အတူ ကြိုးစားနေထိုင်နေသူပါ...တစ်နေ့မှာတော့ အလုပ်များပြီး သမီးဖြစ်သူကျောင်းဆင်းချိန်ကို ကြိုဖို့အတွက် နောက်ကျသွားခဲ့တာကြောင့် ကံဆိုးမှုကြီးစတင်ခဲ့ပါတော့တယ်..သမီးဖြစ်သူကို သူစိမ်းတစ်ဦးက အမေ့ဆီကိုပို့ပေးမယ်ဆိုပြီး ညာခေါ်သွားကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခြင်း ခံလိုက်ရပါတယ်..သမီးဖြစ်သူ မတရားကျင့်ခံရတာထက် မိမိနာမည်ကျမှာကိုပဲ စိတ်ပူနေတဲ့ သွားဆရာဝန်ယောကျ်ားခံစားချက်ကို နားလည်ပါတယ်လို့တဖွဖွပြောပြီး အမှုကိုသေချာမစုံစမ်းပေးတဲ့ တာဝန်ခံစုံထောက်သက်ငယ်မုဒိမ်းမှုအတွက် တရားမျှတမှု မရှိတဲ့ ဥပဒေကြားမှာ Yeong Nam တစ်ယောက် တရားခံကို ဖမ်းဆီးပြီးအပြစ်ပေးနိုင်ပါ့မလားဆိုတာကို ဒေါသတလိပ်လိပ်ထွက်ရင်း လောင်မြိုက်စွာနဲ့ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ...
movie

Azooma (2012)

A Bloody Aria (2006) 6.4
A Bloody Aria (2006) A Bloody Aria (2006) **********************Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ ...
movie

A Bloody Aria (2006)

Beasts Clawing at Straws (2020) 7.1
Beasts Clawing at Straws (2020) Beasts Clawing at Straws (2020)********************************ဒီတစ်ခါမှာတော့ နာမည်ကြီး မင်းသားမင်းသမီးတွေ ရှယ်ကို ပါဝင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Mystery, Thriller မှုခင်းကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား Jung Woo Sung, မင်းသမီးကြီး Jeon Do Yeon, Light Shop ကားထဲက မင်းသား Bae Sung Woo, အမေခန်းတွေရိုက်နေကျ ဝါရင့်မင်းသမီးကြီး Youn Yuh Jung, Nine puzzles ကားထဲက စုံထောက်မင်းသား Jeon Man Sik တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း *************ဆိပ်ကမ်းအရာရှိတစ်ယောက်ဖြစ်တဲ့ ဂန်ထယ်ယောင်း (Jung Woo Sung) ဟာ ချစ်သူဖြစ်သူ ချေးယူထွက်ပြေးသွားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အတွက် အလုပ်ပင်ပင်ပန်းပန်းလုပ်နေရသူပါ...ဂင်ဂျုံမန် (Bae Sung Woo) ကတော့ နေမကောင်းဖြစ်နေတဲ့ အမေနဲ့ သမီးဖြစ်သူကျောင်းစရိတ် အတွက် ချွေးထုတ်ခန်းမှာ အလုပ်လုပ်ပြီး ...
movie

Beasts Clawing at Straws (2020)

The Ritual (2025) 4.6
The Ritual (2025)  The Ritual (2025)Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းအဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC ...
movie

The Ritual (2025)

2025
Suppressed (Aka) Němá tajemství (2024) 7.1
Suppressed (Aka) Němá tajemství (2024)  Suppressed (Aka) Němá tajemství (2024)တိကုဆရာဝန်တစ်ယောက် မြင်းကန်တဲ့ဒဏ်ရာနဲ့ စကားပြောနိုင်စွမ်းရော အသိဉာဏ်ရော ဆုံးရှုံးသွားခဲ့တယ်။ဇနီးဖြစ်သူနဲ့ အမေဖြစ်သူတို့က အဆင်မပြေကြပေမဲ့ ညှိရင်းနှိုင်းရင်း လူနာဖြစ်သူ အဆင်ပြေဖို့နည်းလမ်းတွေရှာခဲ့ကြတာပေါ့။နောက်ထပ်ပေါ်လာတာက မြင်းပိုင်ရှင်ဖြစ်သူ သားမိနှစ်ယောက်၊ သူ့မြင်းကြောင့်ဖြစ်ရတာဆိုပြီး တာဝန်ယူမှုတာဝန်ခံမှုတွေလုပ်ရင်း လူနာကို ကူညီစောင့်ရှောက်ပေးခဲ့တယ်။လူနာ ရုတ်တရက်သေသွားချိန်မှာတော့ တရားခံဘယ်သူလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery Duration…. 01:42:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo
movie

Suppressed (Aka) Němá tajemství (2024)

2024
Sunday (2024) 7.8
Sunday (2024) ဒီဇာတ်လမ်းလေးကတော့ ဒီနေ့ခေတ်ရဲ့ အခြေအနေကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်..ရွာတစ်ရွာမှာ အဘိုးကြီးနဲ့ အဘွားကြီးလင်မယားစုံတွဲ တစ်တွဲရှိပါတယ်..သူတို့မှာ သားနှစ်ယောက်ရှိပေမဲ့ သားအကြီးက အိမ်ထောင်ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲနေသူဖြစ်သလို သားအငယ်ကလည်းအဝေးတစ်နေရာမှာ အလုပ်သွားလုပ်ရင်း ပိုက်ဆံရှာနေသူပဲဖြစ်ပါတယ်..သားအကြီးဖြစ်သူက ဝေးဝေးတစ်ခါ သူတို့ဆီကိုလာလည်တတ်ပေမဲ့ သားအငယ်ကတော့ အိမ်ကိုတော်ရုံမပြန်ပါဘူးဒါကြောင့် အဘိုးကြီးနဲ့အဘွားကြီးလင်မယားတို့ဟာ သားအငယ်ကိုမျှော်ရင်းနဲ့ နေ့စဉ်ဘဝကို နှစ်ယောက်တည်း ဖြတ်သန်းနေကြရပါတယ်..အသက်ကြီးပိုင်းတွေဖြစ်ကြတာကြောင့် ခေတ်ပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်မရှိကြချိန်မှာ အခြေအနေအရ အိမ်ကစက်ပစ္စည်းတွေကိုခေတ်ပေါ်စက်ပစ္စည်းတွေနဲ့ အစားထိုးရတဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့ရပုံတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးကိုကြည့်ပြီး ကိုယ့်ရဲ့မိဘတွေ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ ခံစားချက်တွေကို ကိုယ်ချင်းစာ ခံစားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်..ဒါကြောင့် ခံစားကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်..File Size… (1.09 GB) / ( 507 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard ...
movie

Sunday (2024)

The Fire And The Moth (2025) 5.5
The Fire And The Moth (2025) နိုင်ဂျီးရီးယား အနောက်ပိုင်းက ဆိတ်ငြိမ်တဲ့ မြို့ငယ်လေးမှာ ဆဘာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှားပါး အီဖဲး ကြေးဝါရုပ်ခေါင်းတစ်ခုကို ခိုးယူပြီး ထွက်ပြေးလာတယ်။ဒါပေမယ့် ဒီရတနာဟာ သူ့အတွက် ကံတရားကို ပြောင်းလဲပေးမယ့်အစား အကြမ်းဖက်မှုနဲ့ သစ္စာဖောက်မှုတွေရဲ့ မှောင်မိုက်တဲ့ လောကထဲ ဆွဲသွင်းလိုက်တယ်။အာဏာရှင်တွေ ရက်စက်တဲ့ အနုပညာရောင်းဝယ်သူတွေနဲ့ လိုက်လံဖမ်းဆီးမှုတွေကြားမှာ ဆဘာတစ်ယောက် အသက်ရှင်ဖို့ ရုန်းကန်ရင်း သူချစ်ရသူတွေကိုကာကွယ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး... File Size… (1.24GB) / ( 755 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre …..Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie

The Fire And The Moth (2025)

Hitler: The Last Ten Days (1973) 6.5
Hitler: The Last Ten Days (1973) ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကိုသုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာသူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့်၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီးဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိသစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်းသူရဲ့နောက်ဆုံးနေ့ရက်တွေ၊‌နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေနောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    2.2 GB /  1.1 ...
movie

Hitler: The Last Ten Days (1973)

[18+] I Would Rather Kill You (2025) 6.8
[18+] I Would Rather Kill You (2025) [18+] I Would Rather Kill You (2025)*************************************မြို့ကြီးပြကြီးကနေ တိတ်ဆိတ်အေးချမ်းတဲ့ ကျေးလက်ဒေသကို ပြောင်းရွှေ့လာကြတဲ့ ညီအစ်မ နှစ်ယောက်ဖြစ်တဲ့ ဆောဂျောင်းနဲ့ ဂျီယောင်းတို့ဟာရွာရဲ့ပျော်ရွှင်မှုနဲ့ သာယာဝပြောရေးအတွက် နေ့မအား ညမအား ထမ်းဆောင်နေတဲ့ လူငယ်ဥက္ကဋ္ဌနဲ့ ရွာအုပ်ချုပ်ရေးမှူးတို့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ် ..သူတို့ ညီအစ်မရွာကို ရောက်လာကတည်းက လူငယ်ဥက္ကဌနဲ့ ရွာအုပ်ချုပ်ရေးမှူးတို့က မှန်ပြောင်းတစ်လက်နဲ့ လိုက်ချောင်းရင်း အလုပ်တွေ ရှုပ်နေခဲ့ကြပါတယ် ..သူတို့တင်မကဘဲ ညီအစ်မနှစ်ယောက်ကို လိုချင်တပ်မက်နေတဲ့ ဝရမ်းပြေးတစ်ဦးလည်း ရှိ‌နေပါသေးတယ် ..တစ်နေ့မှာ အဲဒီဝရမ်းပြေးက ညီအစ်မ‌နှစ်ယောက်ရဲ့ အိမ်ထဲ ဖောက်ထွင်းဝင်လာပြီးတော့ ညီအစ်မနှစ်ယောက်လုံးကို ဓားစာခံအနေနဲ့ ချုပ်ကိုင်ထားပါတယ် ..ကိုယ့်အိမ်မှာကိုယ်နေရင်း ဝရမ်းပြေးရဲ့အသုံးတော်ခံ ဖြစ်သွားရှာတဲ့ ညီအစ်မနှစ်ယောက် နောက်ဆုံးတော့ လွတ်မြောက်သွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. File Size : 1.6GB, 725 MB Quality : 1080p,720p Format…mp4 Duration…1 hr. 45min. Genre : Adult, Drama Subtitle : Myanmar ...
movie

[18+] I Would Rather Kill You (2025)

Off the Grid (2025) 4.3
Off the Grid (2025)  Off the Grid (2025)အမေရိကန်နဲ့ အီတလီ ပူးပေါင်းရိုက်ထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ ဒါရိုက်တာ Johnny Martin က ရိုက်ထားပြီး ဇာတ်ညွှန်းကို James Agnew က ရေးထားတယ်။အဓိကသရုပ်ဆောင်တွေကတော့ Josh Duhamel၊ Greg Kinnear၊ Peter Stormare နဲ့ María Elisa Camargo တို့ပဲ။ဇာတ်လမ်းက Guy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်အကြောင်း ဗဟိုပြုထားတယ်။သူက လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးလိုက်ပေမယ့် ဒါကို Belcor Enterprises ဆိုတဲ့ ကုမ္ပဏီက လက်နက်အဖြစ် အသုံးပြုဖို့ ကြံစည်တယ်။Guy က ဒီလိုဖြစ်မလာအောင် သူ့ရဲ့သုတေသနတွေကို ယူပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ တင်နက်ဆီပြည်နယ်ရဲ့ တောထဲမှာ လူသူကင်းတဲ့ ဘဝတစ်ခုကို စတင်နေထိုင်ရင်း ဘယ်သူနဲ့မှ သိပ်မရောနှောပဲ ...
movie

Off the Grid (2025)

2025
4K HEVC
Pi (1998) 7.3
Pi (1998)  Pi (1998)IMDb Rating (7.3) / Rotten Tomatoes (88%) ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDbမှာလည်းမခေလှတဲ့ သိပ္ပံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Psychological Thriller တွေကိုကြိုက်တတ်သူတွေအနေနဲ့တော့လက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးထဲမှာတော့ Max လို့ခေါ်တဲ့သင်္ချာပညာရှင်တစ်ယောက်ကိုဦးတည်ထားပါတယ်။ သူဟာ သင်္ချာကိန်းတစ်ခုကိုရှင်းရင်း ကွန်ပြူတာမှာ ကိန်းဂဏန်းစဉ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ဆရာကိုမေးကြည့်တဲ့အခါ သူ့ဆရာကလည်း တိုက်တိုက်ဆိုင်ဆိုင် ကိန်းလုံးရေ ၂၁၆လုံးရှိတာလားလို့မေးလိုက်ပြန်ပါတယ်။ ဒါနဲ့ပဲ Max တစ်ယောက်ခေါင်းစားနေတုန်း ဂျူးဘာသာရေးသမားတစ်ယောက်က ဟီဘရူးဘာသာနဲ့ပတ်သက်ပြီးလာပြောပြရာကနေ ကိန်းလုံးရေ ၂၁၆လုံးအကြောင်းထပ်ပါလာပြန်ပါတယ်။ဆိုတော့ Max အနေနဲ့ဒီအကြောင်းကိုတအားသိချင်လာပေမဲ့ သူ့ဆရာကတော့ ကွန်ပြူတာကြောင်တာပါလို့အကြောင်းပြပြီး သူ့ကိုတားမြစ်ပါတော့တယ်။ အဘိုးကြီးကလည်းမူမမှန်တာကြောင့် Max အနေနဲ့ဒီအရာကိုမသိသိအောင်စုံစမ်းပါတော့တယ်။ဆိုတော့ဒီကိန်းတန်း ၂၁၆လုံးကဘာတွေလဲ…ဘာရဲ့အဓိပ္ပာယ်ဖြစ်မလဲ…သိပ္ပံနဲ့ဘာသာရေးကိုပါယှဉ်တွဲပြသထားတဲ့ဒီဇာတ်ကားလေးကတော့ တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီး ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ဖို့အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(3.1 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L
movie

Pi (1998)

1998