Channel Myanmar

Documentary

The Antisocial Network: Memes to Mayhem (2024) 6.3
The Antisocial Network: Memes to Mayhem (2024) The Antisocial Network - Memes To Mayhem ဆိုတဲ့ ဇာတ်ကားကတော့ Documentary လို့ ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ Rating တွေကတော့ IMDb - 6.3/10နဲ့ Rotten Tomato မှာ Tomatometer 92 တောင် ရထားတာပါ။ တကယ်ကြည့်လိုက်ပြီးရင်တော့ Rating တွေက နည်းတောင်နေသေးပါ့လားလို့ ခံစားမိစေမယ့် ဇာတ်ကားလို့ပြောလို့ရပါတယ်။ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ Hacker Group ဖြစ်တဲ့ Anonymousလို့ ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေက ပြန်ပြောပြထားတာပါ။ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အခုနောက်ဆုံး ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအထိ အင်တာနက်ယဉ်ကျေးမှုရဲ့အရွေ့နဲ့ ...
movie

The Antisocial Network: Memes to Mayhem (2024)

2024
What Jennifer Did (2024) 6.1
What Jennifer Did (2024) အေးချမ်းဆိတ်ငြိမ်လှတဲ့ ကနေဒါနိုင်ငံက မြို့‌လေးတစ်မြို့မှာ ဗီယက်နမ် မိသားစုနေထိုင်ကြပါတယ်။ မိဘ နှစ်ပါးနဲ့ သမီးလေးတစ်ယောက်ရှိတဲ့ သူတို့မိသားစုဟာ ရိုးသားကြိုးစားပြီး အားလုံးနဲ့ သင့်မြတ်အောင်နေတတ်သူတွေပါ။တစ်ညမှာတော့ အဲဒီမိသားစုအိမ်လေးကို လူတစ်စုအတင်းဝင်ရောက်လာပြီး အကြမ်းဖက်တဲ့အတွက် အမေဖြစ်သူသေဆုံးကာ အဖေဖြစ်သူမှာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ သမီးလေးမှာတော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့ စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။အဲဒီအမှုအကြောင်း တစ်မြို့လုံး ဟိုးလေးတကျော်ဖြစ်သွားပြီး ဆိတ်ငြိမ်တဲ့မြို့လေးမှာ ပူပန်မှုတွေ ဖုံးလွှမ်းသွားပါတော့တယ်။ ဒီအဖြစ်အပျက်တွေကတော့ 2010 ခုနှစ်က ကနေဒါမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။ အမှုကို စုံစမ်းစစ်ဆေးကြတဲ့အခါမှာတော့ အံ့အားသင့်ဖွယ် မယုံနိုင်ဖွယ် ကြိုးကိုင်စီမံသူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘယ်သူက ဘယ်လိုကြောင့်ကျူးလွန်ခဲ့ရသလဲ။ ဘယ်လို တွေစီမံခဲ့လဲ ဆိုတာကို မကြာသေးခင်ကမှ Netflix မှာပြသခဲ့တဲ့ true crime documentary အသစ်စက်စက်လေး မှာ ဆက်လက်ရှုစားနိုင်ပါတယ်။ဒီအမှုမှာ ပါဝင်ခဲ့သူတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး လူ့စိတ်ရဲ့ဆန်းကျယ်ပုံ ကြောက်မက်ဖွယ်ကောင်းပုံတွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 400MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

What Jennifer Did (2024)

2024
Spelling the Dream (2018) 6.9
Spelling the Dream (2018) Spelling the dream (2018) =========================Documentary ကြိုက်နှစ်သက်သူ CM ပရိသတ်ကြီးများအတွက်Netflix က ထုတ်လွှင့်တဲ့ Spelling the Dream ကို တင်ဆက်ပေးချင်ပါတယ်။ထူးခြားတစ်ခုက ပရိသတ်ကြီးတို့ ပုံမှန်မြင်တွေ့နေကျပျင်းစရာနောက်ခံစကားပြောသံကြီးနဲ့ documentary မျိုး မဟုတ်ဘဲHorror ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသလိုအသည်းတယားယား ခံစားရမှာပါ။ ကမ္ဘာ့အရပ်ရပ်က အိန္ဒိယလူမျိုးတွေ နယ်ပယ်မျိုးစုံမှာထူးချွန်ထက်မြက်ကြောင်းကို လူတိုင်းနီးပါး သိကြပါတယ်ဗျ။ဥပမာ နည်းပညာ၊ ဆေးပညာ အစရှိသဖြင့် နယ်ပယ်အတော်အများရဲ့ထိပ်သီးနေရာတွေ ခေါင်းဆောင်နေရာတွေမှာအိန္ဒိယလူမျိုးတွေရှိကြတာ ထုံးစံလို ဖြစ်နေပါတယ်။ခင်ဗျားတို့ရော တွေးကြည့်ဖူးလားဗျ သူတို့မှာဘာလျှို့ဝှက်ချက်တွေများရှိနေမလဲ၊ ဉာဏ်ကောင်းဆေးတွေထူးချွန်ထက်မြက်ဆေးတွေ လျှို့ဝှက်ဖော်စပ်ပြီးသောက်နေကြတာများလား။ဒီ Documentary မှာတော့ အိန္ဒိယ-အမေရိကန်ဆယ်ကျော်သက်ကလေးတွေဟာလူတိုင်းသိချင်နေကြတဲ့မေးခွန်းတွေကို ပြန်ဖြေပေးထားပါတယ်။ Scripps National Spelling Bee ဆိုတာအမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးစာလုံးပေါင်းပြိုင်ပွဲဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ စာလုံးပေါင်းချန်ပီယံတွေထိပ်တိုက်ရင်ဆိုင်ကြတဲ့ ပွဲပေါ့။ ချန်ပီယံတွေဟာကျွန်တော်တို့ ခင်ဗျားတို့ ကြားတောင်မကြားဘူးတဲ့ရှည်လျားထွေပြားနက်နဲတဲ့ စာလုံးတွေကိုအမှားအယွင်းမရှိ ပေါင်းနိုင်ကြတဲ့လူတွေပါ။ ဒီကားထဲမှာ Scripps National Spelling Bee ပြိုင်ပွဲအအတွက်ပြင်ဆင်နေကြတဲ့ အိန္ဒိယ-အမေရိကန် ...
movie

Spelling the Dream (2018)

Peter Doherty: Stranger In My Own Skin (2023) 6.7
Peter Doherty: Stranger In My Own Skin (2023) Peter Doherty: Stranger In My Own Skin (2023)မူးယစ်ဆေးဆိုတာဟာ အနုပညာလောကရဲ့ အမှောင်ဖက်ခြမ်းတစ်ခုလိုပါပဲ။ မူးယစ်ဆေးကြောင့် ဘဝပျက်သွားကြတဲ့ အနုပညာရှင်အမြောက်အများကို ဒီမှာရော ကမ္ဘာအနှံ့မှာပါ မြင်တွေ့ခဲ့ကြရပါတယ်။ အခုလည်း မူးယစ်ဆေးကြောင့် ရုန်းကန်ခဲ့ရတဲ့ The Libertines ဆိုတဲ့ ရော့ခ်တေးဂီတအဖွဲ့က အနုပညာရှင်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ် ။ Rotten Tomatoes- 86%, IMDb rating – 6.7 ရရှိထားပါတယ်။The Libertines အဖွဲ့ဟာ ၁၉၉၇ ခုနှစ်မှာ ကားလ်နဲ့ ပိထ်ဒိုဟာတီဆိုတဲ့ လူငယ်နှစ်ယောက်ကဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်များမှာတော့ သူတို့အဖွဲ့ဟာ နာမည်ကြီးလာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့သားတွေပြိုကွဲပြီး သီးသန့်အဖွဲ့တွေနဲ့ လှုပ်ရှားခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်နေကြတုန်း ရှိပါသေးတယ်။ ဒီ Documentary မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့ပြိုကွဲခဲ့ရပုံတွေ၊ မူးယစ်ဆေး ဖြတ်ဖို့ ...
movie

Peter Doherty: Stranger In My Own Skin (2023)

BTOB TIME: Be Together the Movie (2023)
BTOB TIME: Be Together the Movie (2023) BTOB Time Be Together The Movie အညွှန်းအချိန်အကြာကြီးတည်မြဲနိုင်တဲ့ အချစ်တွေကို လက်ညှိုးညွှန်ပြပါဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံးဟာ ရယူလိုခြင်းအလျင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ အရင်းတည်ထားတဲ့ အိုင်ဒေါ နဲ့ ပရိသတ်တွေရဲ့ဆက်ဆံရေးလို့ပဲဆိုချင်ပါတယ်BTOB နဲ့ Melody တို့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေဟာ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ရင် အဓိကဇာတ်ဆောင်တွေဟာ Melody ဖြစ်ပြီး နောက်တစ်ကြိမ် မင်းတို့တွေဆီကို လှမ်းလာနေတာဟာ BTOB ဖြစ်ပါလိမ့်မယ်ဒီရုပ်ရှင်လေးမှာ သေချာပေါက်ပါဝင်မှာကတော့ သံယောဇဉ်ကြိုးတွေ မြဲမြဲချည်ထားတဲ့ ၁၀ နှစ်တာ အပြန်အလှန် ချစ်ခြင်းတွေပေါ့ Idol တွေနဲ့ Fan တွေရဲ့ နှလုံးသားချင်းထပ်တူကျတဲ့နေရာ ၊ ရင်ခုန်သံတွေ တူညီနေတဲ့နေရာက Concert တွေဆိုလည်း မမှားပါဘူး။ အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်လေးကို လှပတဲ့ရုပ်ရှင်လေးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားတဲ့ BTOB Time Be Together The Movie လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာမို့ BTOB နဲ့ Melody လေးတွေကြားထဲက လှပတဲ့သံယောဇဉ်တွေ ၊ ...
movie

BTOB TIME: Be Together the Movie (2023)

Life, Animated (2016) 7.4
Life, Animated (2016) ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့“အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကိုထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီးရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီးဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကိုရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကိုရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင်ဖန်တီးထားတာမဟုတ်ပါဘူး။ကျွန်တော်သေချာပြောနိုင်တာတစ်ခုကဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။  ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်...အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီးတက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက်အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုးသွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီးအရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီးမိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီးစကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက“Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့... အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ?အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ?ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက်ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကိုအတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ.... File size…    1.1 GB /  630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Life, Animated (2016)

The Greatest Night in Pop (2024) 8.0
The Greatest Night in Pop (2024)  နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie

The Greatest Night in Pop (2024)

Nothing Lasts Forever (2022) 7.1
Nothing Lasts Forever (2022) ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက်ဗဟုသုတ ရမယ့် documentaryတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever - ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကိုကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်းသေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာနစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကိုဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီးဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကိုဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီးအမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့အာမခံပေမဲ့ ...
movie

Nothing Lasts Forever (2022)

2022
American Factory (2019) 7.4
American Factory (2019) တရုတ်ဘီလီယံနာသူဠေးတစ်ယောက်အမေရိကန် အိုဟိုင်းအိုပြည်နယ်မှာ ဖန်ထည်စက်ရုံလာထည်ထောင်တယ်.နာမည်က ဖူယောင်တဲ့.ဒီမတိုင်ခင်ရှေ့စက်ရုံပိတ်သိမ်းလိုက်လို့အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့ အမေရိကန်တွေ အလုပ်ပြန်ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်ပျော်နေခဲ့ကြတာပေ့ါ. တကယ်တမ်းစက်ရုံစပြီးလည်ပတ်တော့လည်း အမေရိကန်လူမျိုးတွေကိုနေရာပေးရာထူးပေးအလုပ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမယ့် လုပ်ငန်းခွင်အခြေခံလုံခြုံမှုလေးတောင်မရှိတဲ့တရုတ်အလုပ်ခွင်မှာလုပ်ရတဲ့အမေရိကန်တွေအတွက်တော့တကယ့်ကိုတစ်ရက်နဲ့တစ်ရက်ပြဿနာပေါင်းမျိုးစုံရင်ဆိုင်လာရပါတယ်။ဒီဇာတ်ကားကိုကြည့်ရတဲ့အချိန် ကိုယ့်နိုင်ငံကစက်ရုံတွေမှာလဲဒီလိုတွေဖြစ်နေတယ်ဆိုတာကိုသိလာမှာပါ.အဆုံးသတ်မှာအမေရိကန်တွေပဲအနိုင်ရမလားစီးပွားရေးလုပ်ငန်းရှင်တရုတ်ကြီးတွေကပဲအနိုင်ပိုင်းခဲ့နိင်မလားဆိုတာကိုကြည့်ရမှာ.ဖြစ်ရပ်မှန်မှတ်တမ်းတင်ဇာတ်ကားဖြစ်ပြီးBarack and Michelle Obama'sထုတ်လုပ်ရေးပိုင်ဇာတ်ကားလဲဖြစ်ပါတယ်။ File size…    2.3 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Documentary/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aye Chansu
movie

American Factory (2019)

2019
The Nightmare (2015) 5.7
The Nightmare (2015) The Nightmare (2015) ==================တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲ ဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့...။တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာ ခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်း ဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီ သတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီး သွေးထွက်တယ်။အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲ လာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့ သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (557 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Horror Translator.......Ngwe Zin Encoder..........SWM
movie

The Nightmare (2015)

2015
JFK: What The Doctors Saw (2023) 7.5
JFK: What The Doctors Saw (2023) JFK: What The Doctors Saw (2023)~ IMDb - 7.5/10, Rotten Tomatoes - 83% ~Q: "ကနေဒီ" ကို ဘယ်သူသတ်သလဲ။ Me: "ကနေဒီ" ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား "လီ ဟာဗေး အောက်စ်ဝဲလ်" ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။သမ္မတ ...
movie

JFK: What The Doctors Saw (2023)

2023
Inside the Mind of a Cat (2022) 6.9
Inside the Mind of a Cat (2022) Inside the Mind of a Cat (2022) IMDb - 6.9 "ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ"ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းကကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလိုကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်းခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင်(၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမကကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်းအများကြီးလုပ်လာနိုင်ခဲ့ပါပြီ။ ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့ကကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန်ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့Documentary တစ်ပုဒ်ဖြစ်တဲ့အပြင်ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။ File size…     1.2 GB /   588 MB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 7m Genre ..... Documentary Subtitle…. Myanmar ...
movie

Inside the Mind of a Cat (2022)

2022
Poisoned: The Dirty Truth About Your Food (2024) 6.8
Poisoned: The Dirty Truth About Your Food (2024) ဒီတစ်ခါတော့ IMDB 6.8 ရထားပြီး RT 100% ‌‌‌တောင် ရထားတဲ့ Netflix ရဲ့Documentary ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကိုတော့ စာရေးစရာ Jeff Benedict ရဲ့Poisoned: the deadly truth about E ဆိုတဲ့ စာအုပ်ကိုကျောရိုးယူပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုပညာ‌‌ရှင်တွေနဲ့အတူတူ မေးမြန်းရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ US မှာ ဖြစ်ပျက်နေတဲ့အစားအသောက်က ဖြစ်တဲ့ ရောဂါတွေ၊ အဲဒီရောဂါတွေ ကူးစက်နိုင်မှန်းသိသိနဲ့ပိုက်ဆံတစ်မျက်နှာပဲ ကြည့်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့၊ သေသေချာချာမထိန်းချုပ်တဲ့အစိုးရရဲ့ ပျက်ကွက်မှုတွေစတဲ့ ရုပ်ဆိုးတဲ့ အမှန်တရားကို ကြည့်ရှုရမှာဖြစ်ပြီးအဲဒီလို အခက်အခဲတွေကို ဂရုမစိုက်ဘဲ ပြည်သူတွေဘက်က ရပ်တည်ပြီးတရားစွဲဆိုပေးခဲ့တဲ့ ရှေ့နေ ဘေလ်မာလာ နဲ့အတူ နစ်နာသူတွေဆေးပညာရှင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဖွင့်ဟပြောဆိုမှုတွေနဲ့ဒီပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားပုံတွေ အကြံပြုချက်တွေကိုမေးမြန်းမှတ်တမ်းတင်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။  File size…    1.5 GB ...
movie

Poisoned: The Dirty Truth About Your Food (2024)

2024
Curry & Cyanide: The Jolly Joseph Case (2023) 6,7
Curry & Cyanide: The Jolly Joseph Case (2023) Curry & Cyanide - The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb - 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ...
movie

Curry & Cyanide: The Jolly Joseph Case (2023)

2023
Persona : Sulli (2023) 8.8
Persona : Sulli (2023) 'Persona: Sulli' အညွှန်းအခုအချိန်ထိ ရင်ထဲမှာတသသနဲ့ လွမ်းဆွတ်ရဆဲဖြစ်တဲ့ နတ်သမီးမလေး Sulli (or) ချွဲဂျင်လီရဲ့ ဘဝခရီးကို Documentary အဖြစ် ဖန်တီးထားတဲ့ “Persona: Sulli” ဆိုတဲ့ documentary film လေးကို တင်ဆက်ပေးလိုက်ပါတယ်။အောင်မြင်မှုရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ရတဲ့အမျိုးသမီးလေးတစ်ယောက်အကြောင်း ၊ လူထုရဲ့မျက်စိရှေ့မှာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရောက်ရှိသွားခဲ့တဲ့ အတွေ့အကြုံတွေ ခံစားချက်တွေအကြောင်း..။ဒါလေးကိုကြည့်ခြင်းအားဖြင့် Sulli ဆိုတဲ့ကောင်မလေး ကြုံတွေ့ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ဘဝအလွှာအထပ်ထပ်တွေ ၊ အောင်မြင်မှုရဲ့ဖိအားတွေ ၊ သူနဲ့မကိုက်ညီခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသေသတ်မှတ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ ၊ social phobia နဲ့ cyberbullying အစရှိတာတွေကို ခံစားနားလည်လာရမှာပါ။ချွဲဂျင်လီ (သို့) Stage Name Sulli လို့ခေါ်တဲ့ K-pop idol ကောင်မလေးရဲ့ ဘဝခရီးကို ပုံဖော်ထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးဟာ Sulli ကို ချစ်ခင်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်ချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်နော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ ...
movie

Persona : Sulli (2023)

2023
Trees and Other Entanglements (2023) 6.6
Trees and Other Entanglements (2023) Trees, and Other Entanglements (2023)IMDb - 6.6/10ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ အိုင်းရင်းတေလာဘရော့စကီဆိုတာ မှတ်တမ်းရုပ်ရှင်တွေနဲ့ပဲ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးတစ်ဦး။ သူ့ရဲ့ပထမဆုံးဖြစ်တဲ့ နားမကြားတဲ့သူ့မိဘတွေအကြောင်းကိုရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Hear and Now(2007)ကနေတင် ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ သစ်ပင်တွေရဲ့အကြောင်းနဲ့ သစ်ပင်တွေနဲ့ ရောယှက်လာခဲ့တဲ့လူတွေရဲ့ဘ၀ဇာတ်ကြောင်းတွေပေါ့။သစ်ပင်တွေမှာပဲ ကျွန်တော်တို့ရဲ့ လူသားသမိုင်းတွေကို ပြန်ပြောင်းပြောနိုင်တဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ ဒီရုပ်ရှင်ထဲမှာဆို သစ်ပင်တွေကြားမှာ ပုန်းကွယ်နေခဲ့တဲ့ ကလေးတစ်ယောက်၊ အမေရိကန် ဘွန်ဇိုင်းပညာရှင်တစ်ယောက်၊ သစ်ပင်တွေကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံပညာရှင်တစ်ယောက်၊ သစ်တောကြီးကို ကာကွယ်ဖို့ကြိုးစားတဲ့မိခင်တစ်ယောက်၊ ဘွန်ဇိုင်းပင်တွေကို မှီတွယ်ရင်း နေထိုင်ခဲ့ကြတဲ့ ဂျပန်မိသားစု...စတဲ့ ဇာတ်လမ်းပေါင်းများစွာ။ ဒီလို သစ်ပင်တွေရယ် သစ်ပင်တွေနဲ့ ဆက်စပ်နေတဲ့ဘ၀တွေရယ်ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ်Genre..... Documentary Quality…. 1080p | 720p File size… 2.9GB | 1.3GB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator .....aungmo3han Encoder ...
movie

Trees and Other Entanglements (2023)

2023
The Crash Reel (2013) 8.2
The Crash Reel (2013) Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက်ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက်ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီးအမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေလည်းတသီကြီးရရှိထားပါတယ်။ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရအသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်းရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ်ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။  File size…    1.3 GB /  760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Documentary Subtitle…. ...
movie

The Crash Reel (2013)

2013
Pencils Vs Pixels (2023) 6.7
Pencils Vs Pixels (2023) Pencils Vs Pixels (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခု​ခေတ် ကြည့်ရှု​နေရတဲ့ ကာတွန်းကား​တွေဖြစ်​ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်း​တွေရဲ့​နောက်ကွယ်က လူ​တွေအ​ကြောင်း​ကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။ဒီ Documentary ​လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်​​ပေါ်လာလဲက​နေစပြီး ဒီ​ဘက်ခေတ်ကာတွန်းတွေရဲ့ အရည်​အ​သွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာ​တွေကို ​​​အလုံးစုံသိသွား​စေရုံတင်မကဘဲ နည်းပညာ​​တွေမတိုးတက်​သေး ကာတွန်းကိုလက်နဲ့သာ​ရေးပြီး ထုတ်လုပ်ရတဲ့​ခေတ်မှာ ကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ ငယ်ငယ်က​ခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီး​တွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီ​နောက်ကွယ်ကလူ​တွေရဲ့ကြိုးစားမှု​တွေကိုသိရှိရပါလိမ့်မယ်။အဲဒီလိုကနေ ​နောက်ပိုင်း​ခေတ် ကွန်ပြူ​တာဖန်တီးမှု​တွေဝင်​ရောက်လာတဲ့အခါ ကာတွန်း​လောကကြီး​ပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်း​တွေ ထွက်လာ​တော့ လက်​ရေးနှစ်ဖက်မြင်(2D) ကာတွန်း​လောကလူ​တွေ ဘယ်​​လောက်​တောင်ရုန်းကန်ခဲ့ရလဲ... ​ခေတ်ကြီးက​ရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လို​ပြန်ပြောင်း​ရွှေ့သွားလဲ... ဆိုတာ​တွေကို ကာတွန်း​လောကရဲ့ အ​တောက်ပဆုံး အချိန်​တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie

Pencils Vs Pixels (2023)

2023