Channel Myanmar

Crime

Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

Senzano Savana (2023)
Senzano Savana (2023) Senzano Savana (2021)ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီး ကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့ တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီး လူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူက သူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။ သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 748MB | 310MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar ...
movie

Senzano Savana (2023)

Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie

Believer (2018)

2018
In the Land of Saints and Sinners (2023) 6.4
In the Land of Saints and Sinners (2023) အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။သမိုင်းအကျဉ်းအိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ ...
movie

In the Land of Saints and Sinners (2023)

No Rest for the Wicked (2011) 6.4
No Rest for the Wicked (2011)  ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ...။ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိရရှိခဲ့တဲ့ကားလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီးသုံးလောင်းပြိုင်လူသတ်မိသွားပါတယ်...။စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ...အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက်သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကိုဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်...။ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့....။ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ... File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

No Rest for the Wicked (2011)

Brick(2005) 7.2
Brick(2005)  IMDb 7.2/10 Rotten tomatoes 80%ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီကဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခုလူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရောဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရောဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာအားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်အားလုံးသိကြတဲ့ 500 ...
movie

Brick(2005)

Lord of War (2005) 7.6
Lord of War (2005)  Lord of War (မရဏကုန်သည်)မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ ...
movie

Lord of War (2005)

4K HEVC
Wingwomen (2023) 5.7
Wingwomen (2023) Wingwomen (2023) ===============Netflix ရဲ့ အက်ရှင်ကားကောင်း‌ ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ် လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေ ဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက် ရွေးစင် လူသတ်သမားတွေပေါ့။သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနား ဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကို လက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသား တွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာ ကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီး အလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (752 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thiha Yan Naing Encoder..........SWM
movie

Wingwomen (2023)

2023
Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
Detective Karthik (2023) 6.8
Detective Karthik (2023) Detective Karthik 2023 (စုံထောက်ကြီးကာသစ်)Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb - 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ...တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Detective Karthik (2023)

2023
Death on the Border (2023) 4.2
Death on the Border (2023) Death on the Border (2023) ====================အမေရိကန်နဲ့ မက္ကစီကို နယ်စပ်ဟာ တရားမဝင်တဲ့ အလုပ်တွေ အရမ်းပေါတဲ့အရပ်ဒေသတစ်ခုလို့ နာမည်ကြီးပါတယ်။ ဒီဇာတ် လမ်းကလည်း ဒီနယ်စပ်က လူကုန်ကူးမှုတစ်ခု အကြောင်းပါ။လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘက်က မိန်းမငယ်လေး တွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး နယ်စပ်လမ်းတစ်လျှောက် ကနေ လူကုန်ကူးပါတယ်။ အမေရိကန်ဘက်က ရဲစုံထောက်တစ် ယောက်ဟာလည်း လောင်းကစားကြွေးကြောင့် ဒီအလုပ်မှာ လာ ငြိစွန်းတော့ လူကုန်ကူးအဖွဲ့အတွက် ကိစ္စတွေက အဆင်ချောလို့ နေပါတယ်။ဒီလို ဥပဒေဘက်တော်သားတွေ ပါဝင်ပတ်သတ်နေတဲ့ ဒီလုပ်ရပ်ကို သိတဲ့ ရဲမေနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဝရမ်းပြေးအဖြစ်ခံပြီး အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက်က လူကုန်ကူးမှုတွေကို တားဆီးဖို့ ကြိုးစားကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.79 GB) / (683 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Act Molemy Encoder..........SWM
movie

Death on the Border (2023)

2023
Nine Dead (2009)
Nine Dead (2009)  2010 ခုနှစ်ထွက်ရှိခဲ့တဲ့ ဒီ Horror/Thriller ဇာတ်ကားက သရဲကားမဟုတ်ဘဲ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုပါ။ဇာတ်လမ်းအစကို ပြန်ပေးဆွဲမှုတွေ များစွာနဲ့ စတင်ထားပါတယ်။ ပြန်ပေးဆွဲသမားဟာ သူစိမ်း ၉ယောက်ကို အခန်းတစ်ခုထဲမှာ သံတိုင်တွေနဲ့ လက်ထိပ်တွေခတ်ထားပြီး ဖမ်းဆီးထားပါတယ်။ သူတို့ ၉ယောက်ကို ဘာလို့ ဖမ်းဆီးခဲ့ရသလဲဆိုတဲ့ အဖြေကို ရှာနိုင်ရင် အသက်ရှင်ခွင့်ရှိမှာပါ။ဒါပေမယ့် ၁၀မိနစ်ပြည့်တိုင်း ပြန်ပေးသမားက ဝင်လာပြီး ဘာလို့ ဒီကိုရောက်နေရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြရင် တစ်ယောက်ချင်းစီကို သတ်သွားမှာပါ။ မသိဖူး မဆုံဖူးကြတဲ့ လူ၉ယောက်ဟာ သူတို့တွေ ဘာကြောင့် အဖမ်းခံထားရလဲ သူတို့ဘဝမှာ ဘယ်လိုအမှားကြီးကြီးတွေ ကျူးလွန်မိခဲ့ကြရလဲ အတူတူ အဖြေရှာကြရပါတော့တယ်။ File size…(688 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie

Nine Dead (2009)

Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
Chaaver (2023) 7.9
Chaaver (2023) Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie

Chaaver (2023)

2023
Miranda’s Victim (2023) 6.5
Miranda’s Victim (2023)  IMDb 6.6 / Rotten Tomatoes 77%ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ...
movie

Miranda’s Victim (2023)

The Fury of a Patient Man (2016) 6.7
The Fury of a Patient Man (2016)  နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက်၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိကတွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲကထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Fury of a Patient Man (2016)

Toro (2016) 5.9
Toro (2016)  Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါမြင်တွေ့ရမယ့် စပိန်မူဗီလေးပါ...။တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီးမူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်...။တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့်အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ...။တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်...။သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခုခိုင်းလိုက်ပါတော့တယ်....။ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ....။တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား....ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန်Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.23GB / 655MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Toro (2016)