Channel Myanmar

Crime

Get Rich or Die Tryin’ (2005)
Get Rich or Die Tryin’ (2005)  နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်​ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Crime, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Get Rich or Die Tryin’ (2005)

Siren (2024) 7.2
Siren (2024) Siren (2024) အချက်ပေးသံ IMDb 7.3/10ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.83GB / 1.28GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Siren (2024)

2024
The Talented Mr. Ripley (1999) 7.4
The Talented Mr. Ripley (1999) IMDb Rating (7.4) / Rotten Tomatoes (85%)နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ ...
movie

The Talented Mr. Ripley (1999)

Trafficked (2017) 5.8
Trafficked (2017) Trafficked (2017) Genre – Drama, Thrillerတကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးကမိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေလူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကိုမချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီးဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူကဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီးအခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရမှာ ဖြစ်ပါတယ်။ File size…    3 GB /  1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Trafficked (2017)

What Jennifer Did (2024) 6.1
What Jennifer Did (2024) အေးချမ်းဆိတ်ငြိမ်လှတဲ့ ကနေဒါနိုင်ငံက မြို့‌လေးတစ်မြို့မှာ ဗီယက်နမ် မိသားစုနေထိုင်ကြပါတယ်။ မိဘ နှစ်ပါးနဲ့ သမီးလေးတစ်ယောက်ရှိတဲ့ သူတို့မိသားစုဟာ ရိုးသားကြိုးစားပြီး အားလုံးနဲ့ သင့်မြတ်အောင်နေတတ်သူတွေပါ။တစ်ညမှာတော့ အဲဒီမိသားစုအိမ်လေးကို လူတစ်စုအတင်းဝင်ရောက်လာပြီး အကြမ်းဖက်တဲ့အတွက် အမေဖြစ်သူသေဆုံးကာ အဖေဖြစ်သူမှာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ သမီးလေးမှာတော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့ စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။အဲဒီအမှုအကြောင်း တစ်မြို့လုံး ဟိုးလေးတကျော်ဖြစ်သွားပြီး ဆိတ်ငြိမ်တဲ့မြို့လေးမှာ ပူပန်မှုတွေ ဖုံးလွှမ်းသွားပါတော့တယ်။ ဒီအဖြစ်အပျက်တွေကတော့ 2010 ခုနှစ်က ကနေဒါမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။ အမှုကို စုံစမ်းစစ်ဆေးကြတဲ့အခါမှာတော့ အံ့အားသင့်ဖွယ် မယုံနိုင်ဖွယ် ကြိုးကိုင်စီမံသူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘယ်သူက ဘယ်လိုကြောင့်ကျူးလွန်ခဲ့ရသလဲ။ ဘယ်လို တွေစီမံခဲ့လဲ ဆိုတာကို မကြာသေးခင်ကမှ Netflix မှာပြသခဲ့တဲ့ true crime documentary အသစ်စက်စက်လေး မှာ ဆက်လက်ရှုစားနိုင်ပါတယ်။ဒီအမှုမှာ ပါဝင်ခဲ့သူတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး လူ့စိတ်ရဲ့ဆန်းကျယ်ပုံ ကြောက်မက်ဖွယ်ကောင်းပုံတွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 400MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

What Jennifer Did (2024)

2024
Silence 2: The Night Owl Bar Shootout (2024) 8.1
Silence 2: The Night Owl Bar Shootout (2024) Silence 2 The Night Owl Bar Shootout (2024) "ဖုံးကွယ်တတ်သော" IMDb - 7.9/10Manoj Bajpayeeနဲ့ Prachi Desaiတို့ရဲ့ စုံထောက်ကားကားကိုတင်ဆက်ပေးလိုက်ပါတယ် Silence... Can You Hear It(2021) ဒီသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းမတူတဲ့ ရုပ်ရှင်ကားကိုလည်း CM မှာ တင်ဆက်ပေးဖူးတာမို့ ပြန်ရှာကြည့်ချင်တဲ့ပရိသတ်တွေအတွက် CM Appမှာရှုစားနိုင်ပါတယ်။ဘားတစ်ခုမှာ သေနတ်တစ်လက်နဲ့ဝင်ပစ်ပြီး လူအတော်များများ သေခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါအရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပါနေတဲ့အတွက် တရားခံကို အပူတပြင်းလိုက်ရှာပါတော့တယ်တရားခံက လိုက်ရှာနေရင်း လိုက်လေဝေးလေဖြစ်နေတာမို့ ထောက်လှမ်းရေးတွေ မခံချိမခံသာ ဖြစ်နေတာတွေကို ရှုစားရမှာပါ ဒီအမှုဖြေရှင်းတဲ့အချိန်မှာ စုံထောက်ကြီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်ထက်ပြေးတဲ့ လူငယ်လေးတွေရဲ့ အကူအညီက အမှုအတွက်အရေးပါရုံမကဘဲ စုံထောက်ကြီးကပါ အံ့ဩယူလောက်အောင် ထက်မြက်နေခဲ့ပါတယ်။အမှုလိုက်ရင်း သူတို့တွေ ထပ်သိလာရတာက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတွေ လိင်ကျွန်အဖြစ် တရားမဝင်လူကုန်ကူးနေတာတွေကိုပဲ။ဘားတစ်ခုလုံး‌မှာ လူအများကြီး အသတ်ခံလိုက်ရတဲ့အမှုက သက်သေအထောက်အထားမလုံလောက် တရားခံမပေါ်တဲ့ထူးဆန်းတဲ့အမှုနဲ့ နောက်ဆက်တွဲအမှုတွေကို စုံထောက်ကြီးတို့ ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood ...
movie

Silence 2: The Night Owl Bar Shootout (2024)

2024
Sleeping Dogs (2024)
Sleeping Dogs (2024)  ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie

Sleeping Dogs (2024)

Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
What Happened to Monday (2017) 6.8
What Happened to Monday (2017) What Happened to Monday (2017) ========================= IMDb Rating - 6.8/10၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် ...
movie

What Happened to Monday (2017)

2017
Damaged (2024)
Damaged (2024) Damaged (2024)မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ...
movie

Damaged (2024)

2024
Operation Detoxification (2024) 5.8
Operation Detoxification (2024) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Operation Detoxification ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဖြန့်ချီရေးမှာ ဘုရင်တွေဖြစ်ကြတဲ့ စွန်းဟောက်, ချောင်ယွင်ဖေးနှင့် ကျန်းပင်းတို့က မူးယစ်ဆေးလောကကိုလက်ဝါးကြီးအုပ်ထားကြတယ်။ဒီထဲမှာ စုန့်ဝိန်ထောင်လို့ခေါ်တဲ့ ရဲသားတစ်ယောက်ကတော့ငယ်စဉ်မှာ သူ့အဖေကမူးယစ်ဆေးသုံးစွဲလို့ ပတ်ဝန်းကျင်ရဲ့ရှောင်ကြဉ်းခြင်း ကဲ့ရဲ့ခြင်းကိုခံနေရတာကြောင့်ပဲ ဒီမူးယစ်ဆေးဘုရင်သုံးယောက်ကြားထဲ သူလျှိုအဖြစ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီတော့မူးယစ်ဆေးလောကရဲ့အရူပ်အထွေးတွေ ရက်စက်မှုတွေ ဘယ်လိုထောက်လှမ်းကြမလဲ ဘယ်အထိသူလျှိုအဖြစ် လုပ်သွားနိုင်မလဲစတဲ့ အမိုက်စားအက်ရှင်တွေကို ဒီဇာတ်လမ်းထဲမှာ တဝက်ကြီး ကြည့်ရူရမှာဖြစ်တာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူအားပေးလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Operation Detoxification (2024)

Mystery Hunting ( 2024 ) 5.8
Mystery Hunting ( 2024 ) အားနွဲ့တဲ့မိန်းမတွေဟာ စိတ္တဇလူသတ်သမားတွေရဲ့ အလွယ်တကူပစ်မှတ်ထားခြင်းကို ခံရတတ်တယ်။ မြို့တစ်မြို့မှာ ပိုက်ဆံချမ်းသာပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေ ပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့အမှုတွေဖြစ်နေပါတယ်။ပိုက်ဆံရှိသူဌေးကြီးတွေရဲ့ ရည်းစားတွေကိုပစ်မှတ်ထား ပြန်ပေးဆွဲနေတာဖြစ်ပြီးတော့ ထူးခြားတာကတော့ ငွေညှစ်ပြီး ငွေရရင်တောင် လူသတ်တဲ့အတွက် ရဲတွေဟာဒါက ငွေအတွက်မဟုတ်ရင် ဘာကြောင့်သတ်နေတာလဲလူသတ်ချင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲလား ဘာကြောင့်လဲဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။ အပြစ်မရှိတဲ့မိန်းကလေးတွေကို ကယ်တင်နိုင်ဖို့ ဉာဏ်များပြီး ဒီအန္တရာယ်အရမ်းများတဲ့ တရားခံကိုဘယ်လိုဖမ်းမလဲဆိုတာ ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime  Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Mystery Hunting ( 2024 )

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )

Police Story : Lock Down ( 2013 ) 5.9
Police Story : Lock Down ( 2013 )  2013 ခုနှစ်က ထွက်ထားတဲ့ Police Story ဇာတ်ကားပဲဖြစ်ပါတယ် မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ် အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲဇာတ်လမ်းအညွှန်းလေးကတော့ သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက် ဘားကိုရောက်တဲ့အချိန်မှာ..မမျှော်လင့်ဘဲပြန်ပေးဆွဲခံလိုက်ရတယ်..တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်း ရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲ ကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့Spoil မဖြစ် အောင် အညွှန်းကိုလျှော့လိုက်ရပါတယ်ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Pyae
movie

Police Story : Lock Down ( 2013 )

2013
I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

The Voices (2014) 6.3
The Voices (2014)  The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie

The Voices (2014)

American Heist (2014) 5.5
American Heist (2014)  ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody...နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်....။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ... ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ...။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ...။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့...။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား...။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ...ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...။  File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

American Heist (2014)