Channel Myanmar

Bollywood

Rama Ayodhya (2024)
Rama Ayodhya (2024) Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…1.7GB / 791MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~V~Alex~ToMo
movie

Rama Ayodhya (2024)

2024
Yuva (2024) 6.7
Yuva (2024) Yuva (2024) ကျောင်းတော်ကရန်စအက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့ ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက် အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့ အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေက တခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ...တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကို သူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီး ယူဗာနဲ့ နယ်ခံကျောင်းသားတွေ...ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီး နယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်... ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာ ဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yuva (2024)

2024
Article 370 (2024) 8.2
Article 370 (2024) Article 370 (2024)"ပိုဒ်ခွဲ ၃၇၀" =======================အက်ရှေးကူးမားရ်ရဲ့ OMG 2 ထဲမှာ အမြင်ကပ်စရာရှေ့နေမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး ယာမီဂေါ်တမ်ရဲ့ IMDb 8.2 ရ ရုံတင်ရုပ်ရှင်သစ်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Article 370 ဆိုတာကတော့ အိန္ဒိယရဲ့ ထိရှလွယ်ဒေသဖြစ်တဲ့ ကတ်ရှိမီးယားကို ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်ဝန်ကြီးချုပ်၊ ကိုယ်ပိုင်အလံတွေထိ ခွင့်ပြုပေးထားတဲ့ ဥပဒေပိုဒ်ခွဲ ၃၇၀ ပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုရှယ်မီဒီယာတွေပေါ်လာပြီးနောက်ပိုင်း ကတ်ရှ်မီးယားဒေသမှာ ဘူရ်ဟန်ဝါနီလို့ခေါ်တဲ့ လူငယ်မူဂျာဟီဒင်တစ်ယောက် ပေါ်ပေါက်လာပါတယ်။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်တွေရဲ့ ထောက်ခံမှုအများအပြားရထားတဲ့သူပေါ့။သူ့ရဲ့ ဗွီဒီယိုကြောင့် ကတ်ရှ်မီးယားပြည်သူတွေရဲ့ ယုံကြည်မှုက ပါကစ္စတန်ဘက်ကို အလေးသာလာတဲ့အချိန်မှာ ထောက်လှမ်းရေးအေးဂျင့်ဖြစ်တဲ့ ဇူနီက ဘူရ်ဟန့်ကို စစ်ဆင်ရေးတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ ဘူရ်ဟန်ရဲ့ ကျဆုံးမှုကိုအသုံးချပြီး နိုင်ငံရေးသမားတွေက ပဋိပက္ခတစ်ခုဖန်တီးလိုက်တဲ့အခါ အဲဒီ ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဇူနီ့ခေါင်းပေါ်ကျလာတဲ့အတွက် ဇူနီတစ်ယောက် ပြဿနာတွေကို နည်းမျိုးစုံသုံးပြီး ဖြေရှင်းဖို့ကြိုးစားပါတော့တယ်..။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.9GB / 830MB Quality…WEB DL 1080p ...
movie

Article 370 (2024)

2024
Siren (2024) 7.2
Siren (2024) Siren (2024) အချက်ပေးသံ IMDb 7.3/10ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.83GB / 1.28GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Siren (2024)

2024
Silence 2: The Night Owl Bar Shootout (2024) 8.1
Silence 2: The Night Owl Bar Shootout (2024) Silence 2 The Night Owl Bar Shootout (2024) "ဖုံးကွယ်တတ်သော" IMDb - 7.9/10Manoj Bajpayeeနဲ့ Prachi Desaiတို့ရဲ့ စုံထောက်ကားကားကိုတင်ဆက်ပေးလိုက်ပါတယ် Silence... Can You Hear It(2021) ဒီသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းမတူတဲ့ ရုပ်ရှင်ကားကိုလည်း CM မှာ တင်ဆက်ပေးဖူးတာမို့ ပြန်ရှာကြည့်ချင်တဲ့ပရိသတ်တွေအတွက် CM Appမှာရှုစားနိုင်ပါတယ်။ဘားတစ်ခုမှာ သေနတ်တစ်လက်နဲ့ဝင်ပစ်ပြီး လူအတော်များများ သေခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါအရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပါနေတဲ့အတွက် တရားခံကို အပူတပြင်းလိုက်ရှာပါတော့တယ်တရားခံက လိုက်ရှာနေရင်း လိုက်လေဝေးလေဖြစ်နေတာမို့ ထောက်လှမ်းရေးတွေ မခံချိမခံသာ ဖြစ်နေတာတွေကို ရှုစားရမှာပါ ဒီအမှုဖြေရှင်းတဲ့အချိန်မှာ စုံထောက်ကြီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်ထက်ပြေးတဲ့ လူငယ်လေးတွေရဲ့ အကူအညီက အမှုအတွက်အရေးပါရုံမကဘဲ စုံထောက်ကြီးကပါ အံ့ဩယူလောက်အောင် ထက်မြက်နေခဲ့ပါတယ်။အမှုလိုက်ရင်း သူတို့တွေ ထပ်သိလာရတာက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတွေ လိင်ကျွန်အဖြစ် တရားမဝင်လူကုန်ကူးနေတာတွေကိုပဲ။ဘားတစ်ခုလုံး‌မှာ လူအများကြီး အသတ်ခံလိုက်ရတဲ့အမှုက သက်သေအထောက်အထားမလုံလောက် တရားခံမပေါ်တဲ့ထူးဆန်းတဲ့အမှုနဲ့ နောက်ဆက်တွဲအမှုတွေကို စုံထောက်ကြီးတို့ ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood ...
movie

Silence 2: The Night Owl Bar Shootout (2024)

2024
Amar Singh Chamkila (2024)
Amar Singh Chamkila (2024) Amar Singh Chamkila (2024) (ချန်ကီလာကို ချေချွတ်တော်မူခန်း) April ၁၂ ရက်နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ဒီကားလေးကတော့ IMDb 8.4 အထိရရှိထားတဲ့ကားလေးဖြစ််ပြီး ပန်ဂျက်အဆိုတော်တစ်ဦးဖြစ်တဲ့ အမာဆင်းဂ် ချမ်ကီလာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်ဝန်းကျင်တွေမှာ အရမ်းကိုထူးချွန်တဲ့ အဆိုတော်တဦးဖြစ်ပြီး နာမည်ကြီးသလောက်ကို တစ်ဖက်မှာ သူရေးခဲ့တဲ့ ဘွင်းဘွင်းရှင်းရှင်းရှိလွန်းတဲ့ စာသားတွေကြောင့် အောင်မြင်သလောက်ကို လူမုန်းလည်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ ဘာမဟုတ်တဲ့ တောသားကောင်လေးဘဝကနေ နာမည်ကြီးအဆိုတော်ဖြစ်လာရတဲသူ့ဘဝကလည်း အနိမ့်အမြင့်တွေများခဲ့တာပါပဲ။ဒါပေမဲ့ တကယ်တမ်းသူလိုချင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ သူရော သူချစ်ရတဲ့လူရော သူအားကိုးတဲ့ အဖွဲ့သားတွေရောပါ အတူတူလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ သေဆုံးချိန်မှာ အသက် ၂၇ ပဲရှိသေးတာမို့ ကြိုးစားပြီးရင်းခဲ့တဲ့အချိန်တွေနဲ့ မတန်လောက်အောင်ကို ကြွေချိန်စောတယ်ပဲပြောရမှာပါ။ သူ့ဘဝသူ့ဇာတ်ကြောင်းနဲ့ ဘဝအခြေအနေအထွေထွေကို မြင်သာအောင်ရိုက်ကူးတင်ဆက်ထားတာမို့ CM Bollywood Team က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…2.4GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Amar Singh Chamkila (2024)

2024
Udanadi Mangalyam (2024)
Udanadi Mangalyam (2024) Udanadi Mangalyam 2024 (ဂျာနာကီရဲ့ ဘဝခရီးလမ်း)အလုပ်လုပ်တယ်ဆိုတာ လစာရဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ အလုပ်တိုင်းမှာ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုအိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ရွာလေးတစ်ရွာက ဂျာနာကီဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ပြလိုက်ပါတယ်၊ဂျာနာကီဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကိုပဲ ဦးစားပေးပြီးတော့ အလုပ်ရပြီး သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်ပြီဆိုမှ အိမ်ထောင်ပြုဖို့အကြောင်းကို တွေးချင်သူလေးပါ။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေကတော့ သူတို့သမီးလေးကို အရွယ်မလွန်ခင် အိမ်ထောင်ပြုပေးချင်နေကြပါတယ်။ပိုပြီးဆိုးတာကတော့ ဗေဒင်ဆရာတစ်ယောက်က သူတို့သမီးလေးကို ၂၅နှစ်မှ အိမ်ထောင်မကျဘူးဆိုရင် ၃၂နှစ်ကျော်မှ အိမ်ထောင်ကျတော့မယ်လို့ ဟောထားတဲ့အတွက် ရတက်မအေးဖြစ်နေရပါတော့တယ်။မိဘတွေက ဘယ်လိုပဲ စီစဉ်ပေး စီစဉ်ပေး ဂျာနာကီကတော့ ခေါင်းမာမြဲမာပြီး လက်ထပ်ဖို့ကို အမြဲငြင်းနေခဲ့ပါတော့တယ်။ ဒီလိုမျိုး ပညာရေးကိုပဲ ဦးစားပေးပြီးနေတဲ့ သမီးဖြစ်သူနဲ့ အရွယ်မလွန်ခင် လက်ထပ်ပေးချင်တဲ့ မိဘတွေကြားက ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…1.3GB / 617MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 36mins Subtitle….Myanmar ...
movie

Udanadi Mangalyam (2024)

2024
J.Baby (2024) 8.6
J.Baby (2024) J Baby (2024) "မေမေ"IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie

J.Baby (2024)

2024
Nandhi Varman (2024) 9
Nandhi Varman (2024) Nandhi Varman 2024 (ကျိန်စာသင့်ရွာ) =====================IMDb 9/10 ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ Supernatural mystery thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ တမီလ်စကားပြော ဇာတ်ကားကောင်းတစ်ကားတင်ဆင်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေ တူးဖော်သုတေသနလုပ်တာက စလို့ သမိုင်းကြောင်းကို အရင်ထည့်ပြောချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က ပါလာဗာမင်းဆက်ခေတ်မှာ ဟာနုမန်သာပူရမ်ဆိုတဲ့နေရာတစ်နေရာရှိခဲ့တယ် ပစ္စည်းဥစ္စာပေါကြွယ်ဝဆုံးနေရာဖြစ်လို့ ဓားပြတွေမျက်စိကျခဲ့ကြတဲ့နေရာတစ်ခုပေါ့ ဒီလိုပေါကြွယ်ဝမှုတွေက ဟာနုမန်သီရှာဝါရာရ်ဘုရားကျောင်းကြောင့်လို ပါလာဗီဘုရင်ကယုံကြည်သက်ဝင်ထားပါတယ်တခြားနေရာတွေမှာ လုယက်မှုတွေအများကြီးရှိခဲ့ပေမဲ့ အဲဒီနေရာကိုတော့ ဘယ်သူမှမလုရဲကြဘူးတဲ့လေ အကြောင်းရင်းကတော့ ပါလာဗာဘုရင်ကြောင့်ပါ ဒီဘုရင်ရဲ့ထင်ရှားမှုကိုပြောရရင်တော့ သူ့ဓားပေါ့ မမြင်ရတဲ့ဓားသွားတစ်လက်က ရန်သူ့သွေးနဲ့ထိရင်တော့ အလင်းနီတန်းပေါ်လာပြီး ပုံရိပ်ထင်လာတဲ့ဒီဓားကြောင့်ရယ် စစ်ဗျူဟာကောင်းလွန်းတဲ့ ပါလာဗီမင်းကြောင့် တော်ရုံဓားပြတွေ လက်ရှောင်ကြတဲ့ဒီနေရာကို မျက်စိကျမိသွားတာက အရက်စက်ဆုံးနဲ အကြမ်းကြုတ်ဆုံးလို့နာမည်ကြီးတဲ့ အာလာရီအဖွဲ့က ဂိုရာပါပဲ သူတို့၂ယောက်ရဲ့ ဇာတ်လမ်းကိုတော့ ဒီကားထဲမှာပဲ စိတ်ဝင်စားစရာတွေနဲ့ဆက်ကြည့်ရှုလိုက်ကြပါခုခေတ်ကိုပြန်ဆက်ရရင်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ရေမြုပ်ပြီး အမြှုပ်ခံလိုက်ရတဲ့ဒီဘုရားကျောင်းကိုပြန်တူးဖော်ဖို့ပါ ဒီဘုရားကျောင်းရှိတဲ့ရွာကို သုတေသနအတွက်တူးဖော်မယ်လို့ သတင်းပို့ပြီးပြီးချင်းမှာပဲ ရွာကအိမ်မီးလောင်တာတွေ လူသေတာတွေ ထဖြစ်ပါတော့တယ် ဒီရွာက တကယ်ပဲကျိန်စာသင့်နေမလား သုတေသနအတွင်း ဘာတွေများကြုံတွေလာရမလဲဆိုတာကိုတော့။။။။( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး Yunni ~ V ~ ToMo ~ Zwe ...
movie

Nandhi Varman (2024)

2024
Athomugam (2024) 9.6
Athomugam (2024) Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10' တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ' ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရောဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် ) File size… 1.3GB / 555MB Quality…WEB ...
movie

Athomugam (2024)

2024
Om Bheem Bush (2024) 6.1
Om Bheem Bush (2024) Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Om Bheem Bush (2024)

2024
Gaami (2024) 6.9
Gaami (2024) Gaami 2024 လမ်းပျောက်ကြယ်IMDb -7.0/10Indian movieတွေက emotionတွေ dramaတွေပဲများနေလို့ ခပ်ဆန်းဆန်းလေးtryကြည့်ချင်သူတွေအတွက် adventure ~ mystery တေလဂူကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လိုက်က သဲလွန်စတစ်ခုပြီးတစ်ခုရှာရင်းနဲ့ plotကို တစ်စစဖော်ထုတ်တဲ့ quest adventure ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်မူဗီလေးမလို့ ပိတ်ရက်နဲ့ကြုံတုန်း ရှုစားလိုက်ပါဦးစို့။ဇာတ်လမ်းအစမှာတော့ အရှင်သျှီဝကို ကိုးကွယ်တဲ့သူတွေရဲ့ကျောင်းမှာ တစ်ကျောင်းလုံးအပယ်ခံဖြစ်နေရှာတဲ့ရှန်ကာ၊ ဒီကျောင်းမှာ ဘာပြဿနာပဲဖြစ်လာလာ ကျောင်းကိုအုပ်ချုပ်တဲ့သူကစလို့ အောက်ခြေသိမ်းအထိ ရှန်ကာကိုပဲ လက်ညှိုးထိုးကြပါတယ်။ အကြောင်းကတော့ ရှန်ကာကလူတွေနဲ့ထိတွေ့ရင် ဓာတ်လိုက်သလိုခံစားရတဲ့ ထူးခြားတဲ့ရောဂါတစ်ခု ခံစားနေရပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကတော့ ဒါကို အရှင်သျှီဝရဲ့ကျိန်စာ၊ ရှန်ကာက ဂြိုဟ်ဆိုးလို့ သတ်မှတ်ကြလို့ပါပဲ။ဒီကျောင်းက ထွက်သွားဖို့ဆိုပြန်တော့လည်း ရှန်ကာက အတိတ်မေ့နေတာဖြစ်ပြီး သူသိတဲ့တစ်ခုတည်းသောအရာက သူ့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်က မဟာဂုရုကြီး ‌ကေဒါဘာဘာက သူ့ကိုဒီကျောင်းမှာ လာထားသွားတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂုရုကြီးကေဒါဘာဘာနောက်ဆုံးရှိတဲ့ကျောင်းကိုထွက်လာ‌ခဲ့ရင်းနဲ့ ဂုရုကြီးရဲ့တပည့်နဲ့ဆုံပြီး ဂုရုကြီးမှာခဲ့တဲ့ မီးလင်းတဲ့အနုမြူမှိုဆိုတာကိုရှာဖို့ ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း စစ်တပ်ရဲ့လျှို့ဝှက်နေရာတစ်နေရာမှာ လူတွေကိုဖမ်းဆီးပြီးတော့ ဓာတ်နဲ့တို့ပြီး စမ်းသပ်မှုတွေလုပ်နေပေမဲ့ လိုချင်တဲ့ရလဒ်အထိ မရောက်နိုင်တဲ့လူတစ်စုကရှိနေပြန်ပါတယ်။ရှန်ကာဓာတ်လိုက်သလိုခံစားနေရတာကရော ဓာတ်တို့စမ်းသပ်မှုတွေလုပ်နေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်နေရာနဲ့ ဘာတွေပတ်သက်နေမလဲ။ ...
movie

Gaami (2024)

2024
Premalu (2024) 8.2
Premalu (2024) Premalu (2024) "စမ်းတဝါးဝါး" IMDb - 8.3/10အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5GB  / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard ...
movie

Premalu (2024)

2024
Kahin Pyaar Na Ho Jaaye (2000) 4.4
Kahin Pyaar Na Ho Jaaye (2000) Kahin Pyaar Na Ho Jaaye (2000)"ချစ်မိသွားနိုင်တယ်" =========================================ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri ...
movie

Kahin Pyaar Na Ho Jaaye (2000)

2000
Senakulo 2024: Traslacion (2024)
Senakulo 2024: Traslacion (2024) Senakulo 2024 : Traslacion 2024Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာ အားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင် spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီ ရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေ တစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီး အလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်း တစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။)အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ် File size…2.1GB / ...
movie

Senakulo 2024: Traslacion (2024)

2024
Byri: Pagam 1 (2024) 9.3
Byri: Pagam 1 (2024) Byri Pagam 1 (2024) "ခိုပြိုင်ပွဲ"IMDb 9.3 ရထားတဲ့ တမီးလ် ဟာသ/ဇာတ်ကြမ်းကားလေး တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံ နာဂါကွိုင်းမြို့က ခိုငှက်တွေ မွေးကြ ပြိုင်ကြတဲ့ ဓလေ့ကို ရိုက်ကူးထားတာ ဖြစ်ပြီး ဟာသ အက်ရှင် ဇာတ်ကြမ်း ဒရာမာ ရသစုံလင်စွာ ကြည့်ပျော်မယ့် ဇာတ်ကားတစ်ကားပါနာဂါကွိုင်းဆိုတဲ့ နယ်မြို့လေးမှာ တမူထူးခြားတဲ့ ဓလေ့တစ်ခုရှိလို့နေပါတယ် အဲဒါကတော့ ခိုတွေကို မွေးမြူကြပြီး ယှဥ်ပြိုင် ပျံသန်းပွဲတွေ လုပ်ကြတာပါကလေးအစ လူကြီးအဆုံး ခိုမွေးတာကို ဝါသနာထုံကြပြီး ဒီအတွက် ပေးဆပ်ရတာ ပြဿနာတွေ တစ်မျိုးတဖုံစီ အမျိုးမျိုးဖြစ်ကြတာတွေလည်း မနည်းပါဘူးဇာတ်လိုက်ကျော် လင်ဂမ်ဆိုသူကလည်း အပါအဝင်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ လူချမ်းသာတွေကို မလှိမ့်တပတ်လုပ်ပြီး ခိုရောင်းလိုက်၊ အရက်သောက်လိုက် ရပ်ကွက်ထဲမှာ ခိုသူခိုးခိုးခံရတယ်လို့ လာတိုင်ရင် အုပ်စုလိုက် ဝိုင်းရိုက်ကြနဲ့ တရုန်းရုန်းပါပဲဒီလိုနဲ့ တစ်စုံတစ်ခုကို စွဲလမ်းစိတ်ကြောင့် နောက်ဆုံးမှာ ကိုယ်ချစ်ရတဲ့သူတွေကို ထိခိုက်ပြီး အကွဲကွဲအပြဲပြဲဖြစ်ရပုံတွေကို ရသစုံလင်စွာတင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Byri: Pagam 1 (2024)

2024
Lavaste (2023) 5.3
Lavaste (2023) La Vaste (2023) "ပိုင်ရှင်မဲ့သူများ"IMDb 6.1 ရထားတဲ့ စိတ်ဝင်စားဖို့ကောင်းမယ့် အိန္ဒိယ ဟာသ/ပညာပေးကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ်ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ်အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.5GB / 680MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard ...
movie

Lavaste (2023)

2023
Rebel (2024) 7.6
Rebel (2024) Rebel (2024) တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊ သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့ တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီး ပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။ အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေက အမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာ မငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်း ကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။ တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာ ပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကို တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.54GB  / 1.15GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Rebel (2024)

2024
Operation Laila (2024) 7.5
Operation Laila (2024) Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Operation Laila (2024)

2024
E-Mail (2024) 9
E-Mail (2024) E-mail (2024) "ကြွေလည်းမလှည့် ကြက်လည်းမခုန်" IMDb - 9.0/10အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစားတွေကိုအခြေခံရိုက်ကူးထားတဲ့ တမီလ်ထိတ်လှန့်သဲဖိုရုပ်ရှင်ကားလေး တင်ဆက်ပေးပါရစေ။နေရာအသီးသီးက အမျိုးသမီးလေးငါးယောက်ဟာ ချန်နိုင်းမှာအလုပ်လုပ်ဖို့အတွက် တိုက်ခန်းတစ်ခုမှာ စုပေါင်းနေကြပါတယ်။ဒီထဲမှာ အာဘီဆိုတဲ့အမျိုးသမီးလေးကတော့ ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်ဆိုပေမဲ့ သူလုပ်ကိုင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းမှာတော့ အဆင်မပြေလှပါဘူး။ အဲဒါအပြင် မိုဘိုင်းဂိမ်းတွေကိုလည်း အစွဲကြီးစွဲနေသူလေးတစ်ယောက်ပေါ့။ အလုပ်မှာအဆင်မပြေတဲ့အပြင် အကြွေးတွေကလည်းပူနေတော့ အတူနေသူငယ်ချင်းတွေက ငြူစူလာကြပါတယ်။တစ်ရက် အွန်လိုင်းလောင်းကစားဂိမ်းကြော်ငြာတစ်ခုကနေ လူသုံးယောက်မှာ ဘယ်သူသေမလဲရွေးလိုက်ရာက ရူပီးတစ်သိန်းနိုင်လိုက်တဲ့နောက် အဲဒီဂိမ်းရဲ့နောက်ကွယ်က ရှုပ်ထွေးပွေလီလှတဲ့အကြောင်းတရားတွေ ဆက်နွယ်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.21GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

E-Mail (2024)

2024