Channel Myanmar

Adventure

Eternal 831 (2022)
Eternal 831 (2022)  အခုတစ်ခါမှာတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်စိတ်ကူးယဉ် animation ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်လမ်းလေးထဲမှာဆိုရင် စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေအပြင် ဂျပန်ဇာတ်လမ်းလို့မထင်မှတ်ရလောက်အောင် ကောင်းတဲ့ Animation လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းဆူဇူရှီရိုဆိုတဲ့ သတင်းစာပို့တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပြီး ပညာသင်ဆုအတွက် ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆူဇူရှီရိုမှာ အချိန်ကိုရပ်တန့်နိုင်တဲ့ စွမ်းအင်တစ်ခုရှိနေပါတယ်။ အဲ့ဒီ့စွမ်းအင်ရှိနေတာကိုလည်း ဆူဇူရှီရိုတစ်ယောက် သိခဲ့တာတော့ သိပ်မကြာသေးပါဘူး. ဒါပေမယ့် သူတို့နေတဲ့ နေရာမှာ ဆူဇူရှီရိုအပြင် နောက်ထပ်အချိန်ကို ရပ်တန့်နိုင်တဲ့ လူတွေရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နဲ့ ဆူဇူရှီရိုတို့ မထင်မှတ်ပဲ တွေ့ဆုံဖြစ်ခဲ့ပြီး ဇာတ်ရဲ့အဓိက အလှည့်အပြောင်းက ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ.အချိန်ရပ်တန့်နိုင်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြသထားတဲ့ Mystery, Adventure နဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ဘာသာပြန်နဲ့ အညွှန်းကိုတော့ Jo Joe မှ ရေးသားထားပါတယ်။ File size…(1.6 ...
movie

Eternal 831 (2022)

The Golden Compass (2007)
The Golden Compass (2007)  Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် ...
movie

The Golden Compass (2007)

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

Ai Khai Dek Wat Chedi (2023) 6.1
Ai Khai Dek Wat Chedi (2023) Ai Khai Dek Wat Chedi (2023)• တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကို စီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ် ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူ‌ရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့• အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ် ရွာထဲရောက်တာနဲ့ ရွာကလူ‌ဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ်• စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့ စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ..• ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ? • ကန်တို့‌ညီအစ်ကိုနှစ်ယောက်က‌ရော လူဆိုးတွေလက်က လွတ်ပါ့မလား? • ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Laris M ပဲ ဖြစ်ပါတယ်။Genre..... Adventure, Fantasy, Thriller Quality…. 1080p | 720p File size…  ...
movie

Ai Khai Dek Wat Chedi (2023)

2023
Interstellar (2014) 8.6
Interstellar (2014) Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations  2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie

Interstellar (2014)

2014
BluRay DS4K HEVC
Virgin Territory (2007)
Virgin Territory (2007) Virgin Territory (2007) Genre – Adventure, Comedy, Romanceနာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝAnakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားHayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းကကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်းဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ...
movie

Virgin Territory (2007)

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

Chicago Overcoat (2009) 5.9
Chicago Overcoat (2009)  အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင်လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီးလူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကိုပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ ChicagoOvercoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။"လူ" ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီးအခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကိုကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာသွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန်လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းကပန်းပို့သမားဆိုပြီး "လူ" နာမည်ကြီးခဲ့တဲ့အချိန်ကတည်းကလိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း"လူ" ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကိုအသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေများစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73GB / 864MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Chicago Overcoat (2009)

Interstate 60 (2002) 7.6
Interstate 60 (2002)  လူတွေ ဘာလို့ဆုတောင်းကြသလဲ…ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ ...
movie

Interstate 60 (2002)

Toy Story 2 (1999) 7.9
Toy Story 2 (1999) ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie

Toy Story 2 (1999)

1999
4K HEVC
Toy Story 3 (2010) 8.3
Toy Story 3 (2010) ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie

Toy Story 3 (2010)

2010
4K HEVC
Toy Story 4 (2019) 8.2
Toy Story 4 (2019) ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie

Toy Story 4 (2019)

2019
4K HEVC
Toy Story (1995) 8.3
Toy Story (1995) ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲ​တွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်​တော်တို့ ချစ်ရတဲ့​ကောင်းဘွိုင်​လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စ​တွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ​ကောင်​လေးရဲ့ အရုပ်​တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ ​ မွေး​နေ့ပွဲလို ခရစ္စမတ်လို ​နေ့​တွေ ​ရောက်တိုင်း လက်​ဆောင်​တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်​တွေ ​ရောက်လာမှာကို အမြဲ​​တမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်​တွေ​ကြောင့် အန်ဒီ သူတို့ကိုအချစ်​လျော့သွားမှာကို စိုးရိမ်​နေကြတာ​ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့​မွေး​နေ့တစ်ခုအ​ရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ​ရောက်လာပါ​တော့တယ်။အဲဒါက​တော့ ​နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ က​လေး​တွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ​ဘောကျ​နေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်​လေး ဖြစ်ခဲ့တဲ့ ​ကောင်းဘွိုင်​လေးဝူဒီက ဘတ်ဇ်ကို မ​ကျေမနပ်ဖြစ်ရာက​နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။​နေရာလုဘက် ဖြစ်​နေတဲ့ သူတို့၂​ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွား​စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲက​နေ ဘယ်လိုပုံစံမျိုး​နဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီ​ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie

Toy Story (1995)

1995
4K HEVC
Wendy Wu: Homecoming Warrior (2006) 5.4
Wendy Wu: Homecoming Warrior (2006) Wendy Wu Homecoming Warrior [2008] (IMDb 5.4/10)တရုတ်ပြည်မှာ ဒဏ္ဏာရီပေါင်းများစွာ ရှိပါတယ်... အဲ့ထဲက တစ်ခုကတော့ နှစ် ၉၀တိုင်းမှာ ယန်လိုဆိုတဲ့ မကောင်းဆိုးဝါးဝိညာဉ်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ ကျောက်စိမ်းလုံးထဲက လွတ်ထွက်လာပြီးတော့ ယင်စစ်သည်တော်မျိုးဆက်နဲ့ တိုက်ခိုက်တယ်ဆိုတာပဲ ဖြစ်ပါတယ်... ယင်စစ်သည်တော်တွေဟာ နှစ်ပေါင်း ၁၀၀၀ကျော်တိုင် အနိုင်ရရှိခဲ့ကြတာမို့ ကပ်ကြီး ၄ပါးဟာ ကမ္ဘာကို မဝါးမြိုနိုင်ခဲ့ပါဘူး... ဒီလိုနဲ့ ဝမ်ဒီဝူရဲ့ အလှည့်ကို ကျရောက်လာပါတော့တယ်... အထက်တန်းကျောင်းသူ ဝမ်ဒီဟာ ဆယ်ကျော်သက်ပီပီ အပျော်အပါးနဲ့ အလှဘုရင်မ ဖြစ်ဖို့သာ စိတ်အားထက်သန်နေသူပါ... တနေ့ ဘုန်းကြီး ရှန်တစ်ယောက် သူ့ကို ကာကွယ်ဖို့ ရောက်လာတဲ့အခါ သူမ မျှော်လင့်မထားတာတွေ ဖြစ်လာပါတယ်... ဒီလိုနဲ့ ယင်စစ်သည်တော်တာဝန်ဟာ ဝမ်ဒီ့ပုခုံးပေါ် ကျရောက်လာပြီမှန်း ဝမ်ဒီသိသွားတဲ့အချိန် ဘာတွေဆက်ဖြစ်ကြလိမ့်မလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Family Quality…. 1080p | ...
movie

Wendy Wu: Homecoming Warrior (2006)

2006
Sherina’s Adventure 2 (2023) 7.2
Sherina’s Adventure 2 (2023) Sherina's Adventure 2 (2023)အင်ဒို musical ကားလေး Sherina's Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။ Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီး အထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့ အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။ တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲက မျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။ အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာက သူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ… သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ သီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ...
movie

Sherina’s Adventure 2 (2023)

2023
Sherina’s Adventure (2000) 7.8
Sherina’s Adventure (2000) Sherinas Adventure 2000 အညွှန်းဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ...
movie

Sherina’s Adventure (2000)

2020
Pathfinder (2007) 5.4
Pathfinder (2007) ဒီဇာတ်လမ်းကတော့ ၁၀ ရာစု Scandinavia ဒေသမှာဇာတ်အိမ်တည်ထားပါတယ်။ Ghost ဆိုတဲ့Viking သင်္ဘောပျက်မှာ တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေးကိုနယ်ခံတိုင်းရင်းသားမျိုးနွယ်တွေက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ တနေ့ကြီးပြင်းလာတဲ့အခါ ထိုမျိုးနွယ်ရဲ့လက်ရွေးစင် တစ်ဦးဖြစ်လာပြီးတော့လမ်းကြောင်းရှာဖွေစူးစမ်းသူ (pathfinder) ဖြစ်လာဖို ကြိုးစားလို့နေပါတယ်။ ဒါပေမယ့် ကြမ္မာငင်ချင်တော့ တနေ့မှာတော့ Dragon Men လိုခေါ်တဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ Viking တွေဟာ စစ်ဘုရင် Gunner ရဲ့ဦးဆောင်မှုနဲ့ထိုဒေသကို ကျူးကျော်နယ်ချဲ့တဲ့ အခါ Ghost ရဲ့ရွာလေးကိုပါဖျက်စီးပြီးတော့ လူတွေကိုအကုန်သတ်သွားပါတော့တယ်။လက်စားချေချင်စိတ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ Ghost တစ်ယောက်ဘာလုပ်မှာလဲ၊ ပြုစုပျိုးထောင်ခဲ့တဲ့ မွေးစားမျိုးနွယ်ဖက်ကိုပါမှာလားဒါမှမဟုတ် သွေးသားတော်စပ်ပေမယ့် ယုတ်ရင်းကြမ်းတမ်းတဲ့မျိုးနွယ်ဖက်ကို ပါမှာလား၊ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ထိုခေတ်အခါက viking တိုရဲ့ရက်စက်မှုကိုကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာကြောင့်သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေတော့များပါတယ်။Norse ဇာတ်လမ်းတွေ Viking တွေကိုသဘောကျရင်တော့ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်ခင်ဗျာ။ကြည့်ရှူခံစားကြပါအုံးလိုပဲ အကြံပေးလိုက်ပါတယ်။ File size…     1.7  GB /   686 MB Quality… BluRay Unrated 1080p / 720p Format… ...
movie

Pathfinder (2007)

The Chipmunk Adventure (1987) 7.2
The Chipmunk Adventure (1987) ဒီ​ Animationဇာတ်ကား​လေးက၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့Chipmunk​လေး​တွေရဲ့ စွန့်စားခန်းကာတွန်းကား​ပဲ ဖြစ်ပါတယ်။IMDbမှာ 7.2အထိ ရရှိထားပါတယ်။ဇာတ်လမ်းက​တော့ သူတို့ရဲ့သခင်ဖြစ်သူ ​ဒေ့ဗ် ဥ​ရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်​လေး ၃ကောင်နဲ့ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်​လေး ၃​ကောင်တို့ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်​ဆော့​​နေရင်းသူနိုင်ကိုယ်နိုင် ငြင်း​နေချိန် က​လောက်စ်နဲ့ က​လောက်ဒီယာ ဆိုတဲ့သူ​ဌေး​မောင်နှမနှစ်​ယောက်က ရှဉ့်​လေး​တွေကို စရိတ်ငြိမ်းအ​နေနဲ့တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်​ပေးမယ်ဆိုပြီး​ပြောလာပါတယ်။ တကယ်​တော့ အဲဒီ​သူ​ဌေး​မောင်နှမ​တွေကစိန်မှောင်ခိုကုန်သည်​တွေဖြစ်ပြီး ရဲ​​တွေမရိပ်မိ​​အောင်အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်​မှောင်ခိုဝယ်သူ​တွေဆီတစ်ဆင့်ခံပို့​ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်​ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့​တွေ အသုံးချခံဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာဘယ်လို အခက်အခဲ​နဲ့ အန္တရာယ်​တွေကို စွန့်စား​ကျော်ဖြတ်ရမလဲဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။  File size…      1.5 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

The Chipmunk Adventure (1987)

Young Black Stallion (2003) 5.5
Young Black Stallion (2003)  ဒီဇာတ်လမ်းလေးကတော့ Walt Disneyကထုတ်ခဲ့တဲ့ချစ်စရာကားဟောင်းကားကောင်းလေးတစ်ကားပါပဲ...။ဇာတ်လမ်းလေးကို အာရေဗီယျကန္တာရထဲက မျိုးနွယ်စုလေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီကန္တာရမျိုးနွယ်စုတွေမှာက နှစ်စဥ်နှစ်တိုင်းမြင်းပြိုင်ပွဲတွေလုပ်ရင်း မြင်းသားဖောက်တဲ့လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။အဓိကဇာတ်လိုက်လေးလည်းဖြစ်တဲ့ နီရာဆိုတဲ့ကောင်မလေးဟာလည်း ဒီမျိုးနွယ်စုက ကောင်မလေးတစ်ယောက်ပေါ့။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ နီရာတို့လည်း စစ်ဒဏ်ကြောင့်မြင်းလုပ်ငန်း မလုပ်နိုင်တော့ဘဲ အေးချမ်းတဲ့တစ်နယ်တကျေးကိုသွားရောက်စစ်ရှောင်နေခဲ့ရပါတယ်...။စစ်ကြီးအပြီးမှာ နီရာလေးဟာ မွေးရပ်မြေကိုပြန်လာရင်းလမ်းမှာ ဓားပြတွေနဲ့ကြုံပါလေရော...။ဓါးပြတွေလက်က လွတ်အောင်ပြေးရင်းနဲ့ နီရာလေးတစ်ယောက်မှော်ဆန်တဲ့ အနက်ရောင်မြင်းသိုးလေးနဲ့ကြုံ့ဆုံခဲ့ရပါတော့တယ်...။ဒီမြင်းလေးနဲ့ဆုံပြီးနောက် နီရာရဲ့ဘဝဟာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို....Disneyဇာတ်ကားတို့ထုံးစံအတိုင်း ချစ်စရာဇာတ်အိမ်လေး၊ရူခင်းလေးတွေအပြည့်နဲ့ကို မရိုးမအီနိုင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.15GB / 604MB Quality…WEB-Rip 1080p 5.1CH  / 720p Format…mp4 Duration….50m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Young Black Stallion (2003)