Channel Myanmar

William Johnson

King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
4K HEVCHDR
The Water Horse (2007) 6.4
The Water Horse (2007) The Water Horse (2007) IMDb - 6.4/10_____Rotten - 74%    The Water Horse: Legend of the Deepဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။ ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့ ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့ ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်...ဒါပေမယ့် သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။ Rating အနေနဲ့ကတော့ IMDb 6.4 ရရှိခဲ့ပြီး Rotten Tomatoes မှာ 74% ရရှိထားပါတယ်။ ဘာကြောင့် ခုလို ဝင်ငွေကောင်းပြီး ...
movie

The Water Horse (2007)

2007