Channel Myanmar

Shayan Munshi

Ahista Ahista (2006) 7.0
Ahista Ahista (2006) အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ်ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူးသူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ်သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.7GB / 820MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ahista Ahista (2006)

2006
Chef (2017) 5.6
Chef (2017) 2017ထွက်​ အိန္ဒိယဇာတ်​ကား​ကောင်း​လေးပါ...ရိုရှန်​ဆိုတဲ့ စားဖိုမှူးက သူ့ရဲ့ ​ဒေါသကို မထိန်းနိုင်​ပဲ စားသုံးသူနဲ့ရန်​ဖြစ်​ခဲ့တဲ့အတွက်​ အလုပ်​ထုတ်​ခံခဲ့ရပါတယ်​..သူ့ကိုထုတ်​ရင်​ သူ့​နောက်​လိုက်​​တွေလဲ လိုက်​ထွက်​လိမ့်​မယ်​လို့ သူထင်​ခဲ့​ပေမယ့်​ တကယ်​တမ်းမှာ​တော့ လူ​တွေက ကိုယ့်​အကျိုးပဲကိုယ်​ကြည့်​ကြတာပါပဲအလုပ်​ထုတ်​ခံလိုက်​ရတဲ့ ရိုရှန်​က ​နောက်​ထက်​အလုပ်​တစ်​ခုထပ်​ရှာဖို့ အဆင်​မ​ပြေဖြစ်​​နေချိန်​ သူ့ရဲ့ကွာရှင်းထားပြီးတဲ့ဇနီးနဲ့သားဆီကို ပြန်​ဖို့အ​ကြောင်း​ပေါ်လာခဲ့ပါတယ်​...အိန္ဒိယကို ပြန်​​ရောက်​လာတဲ့အချိန်​မှာ​တော့ ဇနီး​ဟောင်းရဲ့အကူညီနဲ့ ဘက်​စ်​ကား​ပေါ်မှာ ​စား​သောက်​ဆိုင်​​လေးဖွင့်​ဖို့ စိတ်​ကူးရခဲ့ပါ​တော့တယ်​...ရိုရှန်​ရဲ့သား​လေးက အ​ဖေ့ရဲ့​မေတ္တာကို ငတ်​မွတ်​​နေခဲ့​တော့ အ​ဖေနဲ့အတူရှိ​နေရချိန်​​တွေက သူ့အတွက်​ အရမ်းကို​ပျော်​စရာ​ကောင်းခဲ့ပါတယ်​...ဘက်​စ်​ကားစား​သောက်​ဆိုင်​​လေးဖွင့်​ဖို့ပြင်​ဆင်​ရင်း အ​ဖေနဲ့ရင်းနှီးမှု​တွေ ပိုလာ​နေတဲ့အချိန်​မှာပဲ ရိုရှန်​က အလုပ်​သစ်​ကမ်းလှမ်းခံခဲ့ရပါ​တော့တယ်​ဒီအချိန်​မှာ ရိုရှန်​က သူ့ရဲ့သား​လေးအနားမှာပဲ​နေမှာလားသူ့ရဲ့ဝါသနာအရင်းခံတဲ့အလုပ်​ရှိရာဆီကိုပဲပြန်​သွားမှာလားဆိုတာကို​တော့..ဇာတ်​လမ်း​လေးဆုံးသည်​ထိ ခံစား​ပေးကြပါဦး..မိဘနဲ့သားသမီးကြားသံ​ယောဇဉ်​​မေတ္တာ​အ​ကြောင်း အိမ်​မက်​​နောက်​ကို လိုက်​ခဲ့လို့ခက်​ခဲခဲ့​ပေမယ့်​ ​အောင်​မြင်​ခဲ့တဲ့အ​ကြောင်း သီချင်း​လေး​တွေ​ရော အိန္ဒိယစားစရာ​လေး​တွေ​နဲ့ပါတင်​ဆက်​​ပေးထားလို့ ကြည်​နူးစရာဇာတ်​ကား​လေးပါလို့ ညွှန်း​ပေးပါရ​စေ.... File Size : (950 MB) and (300 MB) Quality : HDRip 720p Running Time : 2hr 13min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle ...
movie

Chef (2017)

2017