Channel Myanmar

Ok Ji-young

Seducing Mr. Perfect (2006) 6.5
Seducing Mr. Perfect (2006) Seducing Mr. Perfect (2006) ============================ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို ...
movie

Seducing Mr. Perfect (2006)

2006
Take Care of My Cat (2001) 7.1
Take Care of My Cat (2001) Take Care of My Cat (2001)သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။)File Size          : 2.8GB, 1.1GB, 578MB Quality          ...
movie

Take Care of My Cat (2001)

2001
Seven Days (2007) 6.6
Seven Days (2007) Seven Days(2007) အညွှန်း**********************ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီးသူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ...တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်...အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကိုအမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက်ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်းမိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့..ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae
movie

Seven Days (2007)

[18+] My Phone Sex Partner (2012) Whatcha Wearin’? 6.9
[18+] My Phone Sex Partner (2012) Whatcha Wearin’? My Phone Sex Partner / My PS Partner/ Whatcha Wearin'?=========================================IMDb Rating (6.9) / Rotten Tomatoes (58%)ဇာတ်လမ်းဘယ်ကစလဲဆိုတော့..ကောင်မလေးက ချစ်သူဆီကို ဖုန်းဆက် Sex Chat ရာမှာ သူ့ချစ်သူဖုန်းနဲ့မှားပြီး သူစိမ်းကောင်လေးတစ်ယောက်ဆီ ရောက်သွားရာကနေ စပါတယ်...အပြင်မှာ သူတို့နှစ်ယောက်မသိပေမယ့် ဖုန်းထဲမှာ အရမ်းတွေပွင့်လင်းပြီး တစ်ယောက်ကိုတစ်ယောက်နားလည်ပေးလာရာက လှပတဲ့ဇာတ်လမ်းလေးဖြစ်လာတာပေါ့..သူတို့နှစ်ယောက်လုံးက အချစ်မှာ ကံခေနေသူတွေလို့ ဆိုရမယ်..ဘာလို့ဆို...ကောင်လေးက မအောင်မြင်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး အပြင်လောကထဲကအတိုင်းမအောင်မြင်သူဆို စွန့်ခွာတတ်ကြတဲ့ချစ်သူကြောင့် ကြေကွဲနာကျနေရသူပါ..ကောင်မလေးမှာကျ ချစ်သူရှိပေမယ့် အလုပ်ကြိုးစားတဲ့ငကြောင်မို့လို့ လက်မထပ်နိုင်သေးဘဲအရွယ်တော်ဟိုင်းတဲ့အထိ စောင့်စားရင်း အချိန်ကုန်နေရသူပါ...နှစ်ဖက်လုံးမှာ မြိုသိပ်ကြေကွဲစရာ ကိုယ်စီရှိကြတာကြောင့် ဖုန်းထဲမှာ ပွင့်လင်းစွာပြောဆိုကြရင်း လေလှိုင်းထဲမှာ တော်တော်ကို ရင်းနှီးသွားကြပါတယ်...သူတို့နှစ်ယောက်ရဲ့ လေပေါ်ကရင်းနှီးမှုဟာ အပြင်လောကကို သယ်ဆောင်လာနိုင်မလားဆိုကတော့...။ဒီဇာတ်ကားက Sex Scenes တွေ Dialogue တွေကြောင့် 18+ ဖြစ်နေပေမယ့် ...
movie

[18+] My Phone Sex Partner (2012) Whatcha Wearin’?

2012
The Doll Master (2004) 5.7
The Doll Master (2004) [Unicode]အရုပ်သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်တစ်ခါက ကီမိုနိုဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ကိုချစ်သွားတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် အဲ့မိန်းကလေးအတွက် သူနဲ့တူတဲ့အရုပ်လေးတစ်ယောက်ကို ဖန်တီးပေးခဲ့တယ် ဖြစ်ချင်တော့ အဲ့အရုပ်လေးက အဲ့ကောင်လေးကိုချစ်နေခဲ့ပါတယ်...တနေ့မှာ ထူးဆန်းစွာနဲ့ကောင်မလေးသေသွားခဲ့ပြီးတော့ ကောင်လေးကတော့ လူသတ်သမားအဖြစ်ထောင်ကျခဲ့ရတယ် အဲ့လိုနဲ့ အရုပ်လေးဟာ သူချစ်ရတဲ့ကောင်လေးအနားမှာပဲ အဖော်ပြုသွားတော့တယ်...နှစ် ၆၀ ကြာပြီးနောက်တော့ ပြတိုက်တစ်ခုကိုလူငါးယောက်ရောက်လာကြပါတယ် အဲ့ပြတိုက်က အရုပ်တွေကိုဖန်တီးတဲ့ပြတိုက်ပေါ့ ။အဲ့ကိုရောက်လာတဲ့လူတွေက အရုပ်အတွက် model လုပ်ပေးဖို့ရောက်လာကြတာပါ ဖြစ်ချင်တော့ ထူးဆန်းတာက သူတို့ငါးယောက်လုံးရဲ့ မွေးရပ်မြေက တူတူပဲဖြစ်နေတယ်ဆိုတာပဲ ။ဒီတော့ သူတို့ငါးယောက်လုံးကရော ဘယ်သူတွေလဲ မိန်းကလေးကရော ဘာလို့အသတ်ခံလိုက်ရတာလဲ အဲ့ပြတိုက်မှာရော ဘယ်လိုထူးဆန်းမှုတွေရှိနေမလဲ အရုပ်ကရော ဘယ်ရောက်သွားတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ ။ အဲ့အပြင်ကိုမှ သနားဖို့ကောင်းတဲ့ အရုပ်မချောချောလေးရဲ့ ဇာတ်လမ်းလေးကိုလည်းမြှုပ်ထားတာမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါဦး...။( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]အရုပ်သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်တစ်ခါက ကီမိုနိုဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ကိုချစ်သွားတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် အဲ့မိန်းကလေးအတွက် သူနဲ့တူတဲ့အရုပ်လေးတစ်ယောက်ကို ဖန်တီးပေးခဲ့တယ် ဖြစ်ချင်တော့ အဲ့အရုပ်လေးက အဲ့ကောင်လေးကိုချစ်နေခဲ့ပါတယ်...တနေ့မှာ ထူးဆန်းစွာနဲ့ကောင်မလေးသေသွားခဲ့ပြီးတော့ ကောင်လေးကတော့ ...
movie

The Doll Master (2004)

2004
Spirit: The Beginning of Fear (2020) ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။အဲ့အိမ်ကထူးခြားတာက ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့ ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။ဒါကိုဝယ်ဖို့သွားတဲ့သူလည်း အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို Mystery ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် တွေးလုံးတွေထည့်ရိုက်ကူးထားပါတယ်။ကဲ အားလုံးပဲဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုဇာတ်လမ်းကအပြောင်းအလဲရှိလာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားစေချင်ပါတယ်။***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…) File Size : (700 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 20min Format : Mp4 Genre : Horror Subtitle : ...
movie

Spirit: The Beginning of Fear (2020)

2020