Channel Myanmar

Natascha McElhone

Carmen (2022) 6.0
Carmen (2022)  ဒီဇာတ်လမ်းလေးကတော့ Carmenဆိုတဲ့ အမျိုးသမီးလေးအကြောင်းကို ရိုက်ကူးထားတဲ့ Musical၊ Drama movieလေးဖြစ်ပါတယ်။ဇာတ်ကားဆိုတာထက် အော်ပရာပိုဆန်တယ်ဗျ။ဘာလို့ဆို ၁၈၇၅ခုနှစ်လောက်က Carmenဆိုတဲ့နာမည်နဲ့ပြင်သစ် အော်ပရာကိုအခြေခံကာ ပြန်ရိုက်ကူးထားတာပါ...။သို့ပေမဲ့ အော်ပရာထဲက စာသားအချို့ကိုသာယူသုံးထားပြီးဇာတ်ကွက်တွေ ခေတ်ကာလတွေကိုတော့ အကုန်ပြောင်းလဲထားပါတယ်။အော်ပရာကြည့်သလို ငြိမ်ငြိမ်လေး ထိုင်ကြည့်ချင်သူတွေအတွက်တော့အကြိုက်တွေ့စရာပါပဲ...။ ဇာတ်လမ်းအကျဥ်းကတော့ကာမန်ဆိုတဲ့ ဂျစ်ပစီမလေးဟာ ဆုံးသွားတဲ့ မိခင်ကြီးရဲ့အမှာစကားအတိုင်း အ‌‌ဒေါ်ဖြစ်သူကိုရှာဖို့ မက်ဆီကိုကနေ အမေရိကန်ကိုခိုးဝင်လာပါတယ်...။ ဖြစ်ချင်တော့ အမေရိကန်နယ်စပ်စောင့်ရဲတွေဟာခိုးဝင်လာသူတွေကို အမဲလိုက်သလို ပစ်ခတ်သတ်ပစ်လေ့ရှိပါတယ်...။ဒီတော့ ကာမန်အတွက်က ဖမ်းမိသွားရင် အသက်ဆုံးမယ့်အခြေအနေပေါ့...။ကံတရားလို့ပဲ ပြောမလား ဒီအခြေအနေက ကာမန်ကိုကယ်တင်ပေးခဲ့သူက အေဒင်ဆိုတဲ့ မရိန်းတပ်သားဟောင်းလေးပါ...။အေဒင်ဟာ ကာမန်ကို ကယ်တင်ရင်းနဲ့ ရဲတစ်ယောက်သတ်မိပြီးဝရမ်းပြေးဖြစ်ခဲ့ရပါတယ်..။ဒီလိုနဲ့ ကာမန်နဲ့ အေဒင်တို့နှစ်ဦးသား ဥပဒေလက်ကလွတ်အောင်ပြေးရင်းလွှားရင်း...ဂျစ်ပစီဆန်ဆန်လေလွှင့်ကြရမယ့်ဇာတ်လမ်း အော်ပရာလေးကို ခံစားကြည့်လိုက်ပါဦး...။  File Size : (1.44 GB) and (616 MB) Quality : Blu-Ray 1080P 5.1 CH ,720p Format…mp4 Duration…01:48:00 Genre : Comedy , ...
movie

Carmen (2022)

The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)

[18+] Killing Me Softly (2002) 5.5
[18+] Killing Me Softly (2002)   Killing Me Softly Movie (2002)  Alice လို မိန်းမလှလေးအနေနဲ့ ဒီလိုလူတစ်ယောက်နဲ့ပဲ အတူနေပြီး ဘဝကိုအတူနေထိုင် ချစ်တင်းနှီးနှော နောက်နေ့အလုပ်သွား အဲလိုမျို းနဲ့ ဘဝဟာ အဓိပ္ပါယ်ရှိလောက်ပြီလို့ ရည်ရွယ်ရင်းရှိပုံပါ။ လက်ရှိအတူနေရည်းစားက ခပ်အေးအေး လိင်မှု ကိစ္စမှာလည်း သမားရိုးကျဆိုတာထက် အလုပ်တစ်ခုလို အိပ်ယာပေါ်တက်ချိန်လောက်ပဲ ချစ်ဗျူ ဟာခင်း အိပ်မောကျမယ်။နောက်နေ့သူလိုအလုပ်သွားမယ်။ဆိုရရင်စာအုပ်ကြီးသမားပုံစံပေါ့။Alice လိုချင်တဲ့ယောကျ်ားသားမျို းက မရိုးနိုင်တဲ့ ချစ်တင်းနှီးနှောဖလှယ်မှုတွေနဲ့ စိတ်လှုပ်ရှားမှု အပြည့်ပေးစွမ်းနိုင်တဲ့ သူမစိတ်ခန္ဓာတစ်ခုလုံး သိမ်းကျုံ းမျောပါးသွားစေလောက်တဲ့အထိ ဆွဲဆောင်မှု အတတ်ပညာပြည့်ဝတဲ့ ယောကျ်ားသားတစ်ယောက်ကို စိတ်ကူးယဉ်တမ်းတနေသလားတော့မသိဘူး။လက်ရှိနေထိုင်မှု အပေါ်ကိုတော့ ငြီးငွေ့စပြုနေတာ သေချာပါတယ်။ပြောလို့သာပြောရတာ အထက်ကဆိုခဲ့တဲ့ ချစ်ဗျူ ဟာခင်းတာလည်းကျွမ်းကျင် ရုပ်ရည်ကလည်းဆွဲဆောင်မှုအပြည့် ယောကျ်ားပီသလှတဲ့ ပုရိသမျို းဆိုတာကလည်း ခပ်ပေါပေါအချစ်ဖန်စီစာအုပ်တွေနဲ့အပြာစာအုပ်တွေထဲလောက်ပဲတွေ့နိုင်တာမဟုတ်လား။ဒါပေမယ့် Aliceမှာ မထင်မှတ်ဘဲ စိတ်လှုပ်ရှားမှု အပြည့်တွေနဲ့ပဉ္စလက်ဆန်လှတဲ့ဘဝနေထိုင်မှုတွေရှိနေတဲ့ Adam ဆိုတဲ့ ယောကျ်ားပျို တစ်ယောက်နဲ့ ဆုံဆည်းဖို့ကံကြုံ ...
movie

[18+] Killing Me Softly (2002)

2002
Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie

Ronin (1998)

1998
The Truman Show (1998) 8.1
The Truman Show (1998) ဒီကားလေးကတော့ IMDB 8.1 ထိရထားတဲ့ ဟာသမင်းသားကြီး Jim Carreyရဲ့ ဇာတ်ကားကောင်းလေးပါစာရေးဆရာမ ဂျုးကလည်း ဘဝဇာတ်ဆရာဟူသော ခေါင်းစဉ်ဖြင့် ဒီဇာတ်ကားအကြောင်း ရေးခဲ့ဖူးပါတယ် ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင် Truman ဆိုတာက နာမည်ကြီး TV show ပါ ထူးခြားချက်ကတော့ မင်းသား Truman က သူဟာသရုပ်ဆောင်နေမှန်းမသိပါဘူးသူမွေးကတည်းက ကြီးမားတဲ့ စတူဒီယိုထဲမှာ အထည့်ခံရပြီး သူ့အကြောင်းကို တကမ္ဘာလုံးကို တိုက်ရိုက်လွှင့်နေတာပါ သူ့ဇနီး သူ့သူငယ်ချင်း ဒါ့အပြင် သူ့ရဲ့မိဘတွေကပါ ဟန်ဆောင်သရုပ်ဆောင်တွေချည်းသာ ဒီလိုအခြေအနေမှာ သူတကယ်စစ်မှန်တယ်ထင်တဲ့ လောကကြီး ချစ်ခင်ရတဲ့လူအားလုံးက အလိမ်အညာမှန်းရိပ်မိသွားတဲ့အခါမှာတော့...သူရုန်းထွက်နိုင်မလား ဒါရိုက်တာအဖွဲ့ဘက်မှလည်း သူယုံမယ့်နည်းလမ်းများနဲ့ တားဆီးမှာအောင်မြင်မလား ဆိုတာကတော့... ဒီဇာတ်ကားကြည့်ပြီး အတွေးတစ်ခုလောက်တော့ ကျန်ခဲ့မယ်လို့ထင်ပါတယ်File Size         :  730 MB Quality           : Blu ray 720P Running Time : 1hr 43 minute Format           : Mp4 Genre             : Drama Encoder         : Joker.phs(အညွှန်းရေးသူနဲ့ဘာသာပြန်သူကတော့ Waiyan ...
movie

The Truman Show (1998)