Channel Myanmar

Luke Camilleri

Boy in the Walls (2023)
Boy in the Walls (2023)  မိသားစုလေးတစ်ခုက မြို့နဲ့ ၄၅မိနစ်လောက်ဝေးတဲ့ မြို့ပြင်းနားလေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးဆီကို ပြောင်းလာတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ အဲဒီအိမ်ကြီးမှာ မိန်းမကြီးတစ်ယောက်ကသေသွားခဲ့ဖူးပါတယ်။ ပြောင်းလာတဲ့မိသားစုမှာ ယောကျာ်းက သူ့အရင်ဇနီး ကင်ဆာနဲ့ဆုံးသွားလို့ နောက်ဇနီးယူထားပြီး အရင်ဇနီးနဲ့ ရတဲ့ ကလေး၂ယောက်ပါ ပါတယ်။ ကလေးတွေက မိထွေးကိုတော့ သိပ်ကြည့်တဲ့ပုံမပေါ်ပါဘူး။မိထွေးကလည်း ကလေးတွေနဲ့ အဆင်ပြေအောင်ကြိုးစား ကလေးတွေကလည်း မိထွေးဆို ကလန်ကဆန်လုပ်နေရင်းကနေ ယောကျာ်းက အလုပ်ကိစ္စနဲ့ ခရီးခန ခန သွားရတော့ အိမ်မှာသူတို့ပဲကျန်တာက များပါတယ်။ ဒီလိုနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက် မူမမှန်တာတွေဖြစ်လာတော့ အချင်းချင်းအပြစ်တင်ကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ မိထွေးနဲ့ ကလေးတွေရော အဆင်ပြေသွားပါ့မလား ပစ္စည်းတွေက ဘာလို့ပျောက်နေရတာလဲ ဘာတွေမူမမှန်ဖြစ်နေရတာလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(700 Mb) Quality….Webrip 720p Format…mp4 Duration….01:27:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Boy in the Walls (2023)

Swan Song(2021) 6.7
Swan Song(2021) ဒီတစ်ခေါက်Channel Myanmarကနေ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ဇာတ်ကားကောင်းလေးကတော့ "Swan Song"ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက rating 6.7အထိရရှိထားပြီးဇာတ်လမ်းအကျဉ်းလေးကတော့မီးရထားပေါ်မှာစတွေ့ခဲ့ပြီးချစ်ခဲ့ကြတဲ့ ကန်မရွန်တန်နာနဲ့ပေါ်ပီတိုရဲ့ အချစ်ရေးက သာယာချိုမြိန်ခဲ့ပါတယ် ဒါပေမယ့်အိမ်ထောင်ကျ ကလေးရပြီးမကြာခင်မှာပဲ ကံဆိုးစွာနဲ့ကမ်မရွန်ကရောဂါကြောင့်သေဆုံးတော့မယ့်အခြေအနေကိုရောက်လာခဲ့ပါတယ်သူကသူ့ဇနီးနဲ့သားဖြစ်သူကိုတစ်ယောက်တည်းမထားခဲ့ချင်တာကြောင့်ဓာတ်ခွဲခန်းတစ်ခုမှာ သူရဲ့ကိုယ်ပွားတစ်ခုကိုဖန်တီးခဲ့ပါတယ်ရုပ်ရည်၊မှတ်ဉာဏ်ကအစအကုန်တူတဲ့ဒီ ကမ်မရွန်2.0 အားဖန်တီးထားတဲ့အကြောင်းကိုသူ့ဇနီးကိုပြောမပြရင်ဒီပ‌‌ရောဂျက်က အလုပ်ဖြစ်မယ်ပေါ့ ဒီလိုနဲ့သဘောတူလိုက်ပြီးသူ့ကိုယ်ပွားကမ်မရွန်ကို အသက်သွင်းပြီး‌တော့သူတိုအိမ်ကိုလွှတ်လိုက်ပါတယ် အဲ့ဒီနောက်ပိုင်းမှာတော့ကိုယ်ပွားရဲ့ကင်မရာကနေပဲတစ်ဆင့် သူ့ဇနီးရဲ့အခြေအနေကိုစောင့်ကြည့်ခဲ့ရပါတယ် ဒီဇာတ်ကားမှာဆိုရင်တော့ယောကျာ်းကောင်း ဖခင်ကောင်းတစ်ယောက်အဖြစ်ကမ်မရွန်ကိုတွေ့ရမှာဖြစ်ပြီး မိသားစုနဲ့လည်းမခွဲခွာချင် ၊သူသေဆုံးသွားခဲ့ရင်အဖော်မဲ့နေမယ့်သူ့ဇနီးအဖြစ်ကိုလည်းမမြင်ချင်တာကြောင့်နောက်ဆုံးမှာဘယ်လိုဆုံးဖြတ်ချက်တွေချမလဲကမ်မရွန့်ကိုယ်ပွားကရော ပေါ်ပီတိုနဲ့အဆင်ပြေပြေနေနိုင်ပါ့မလားဆိုတာကိုChannel Myanmarနဲ့အတူခံစားကြည့်ရှုလိုက်ရအောင်လားရှင်ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ်   File size…1.2GB / 750MB Quality…1080p H264 WEB RIP ASAC5.1CH / 720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni 
movie

Swan Song(2021)

2021
The 9th Life of Louis Drax (2016) 6.3
The 9th Life of Louis Drax (2016)  2016 ခုနှစ်ထွက်ထားတဲ့ psycho ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက စိတ်ရဲ့ ဆန်းကြယ်မူ စိတ်ပညာရဲ့ မယုံနိုင်စရာ ထူးခြားမူတွေကိုပုံဖော် ရိုက်ကူး ပြထားတာပါ psychologist နာမည်ကြီးစာရေးဆရာ The Rapture ရဲ့ အရောင်းကောင်းဆုံး ၀တ္ထု Mail On Sunday ကို အသက်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ စိတ်ပညာရှင်တယောက် သူဟာ ရုပ်နာမ်လွင့်တာကို စမ်းသပ်ချင်ဖို့ စိတ်အားထက်သန်နေတဲ့သူ တစ်နေ့မှာ သူ့ ဆန္ဒတွေ ပြည့်ဝဖို့အကြောင်းဖန်လာပြီး စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာတော့ ရုပ်နာမ် လွင့်တာကို စမ်းသပ်ရင်း တကယ့် အတုအယောင်နာမ်လောကကြီးထဲက နေ ကောင်လေး ပြန်လွတ်မြောက်လာ နိုင်မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p BlurayDuration - 1hr 45minGern - Thrill / MysteryEncoder - Kyaw Ye Aung
movie


2016
Percy Jackson & the Olympians: The Lightning Thief (2010) 5.9
Percy Jackson & the Olympians: The Lightning Thief (2010) ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်…ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး…အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်…ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်…ပထမဇာတ်ကားကတော့ Lighting Thiefပါ…ဒီ Lighting theifထဲမှာတော့ သူ့ကိုယ်သူ နတ်ဘုရားရဲ့သားတော်မှန်းမသိသေးတဲ့ပါစီဂျက်ဆန်တစ်ယောက်…ပထွေးကြောင့်ရယ် သူ့ရဲ့ စာဖတ်မရတဲ့ ရောဂါကြောင့်ရယ် ဒုက္ခပွေနေရပုံတွေ…နောက်ပိုင်း အဖြစ်မှန်သိတဲ့အခါ ကျပြန်တော့လည်း သူ့ကို မိုးကြိုး သူခိုးပါဆိုပြီး နတ်ဘုရားတစ်လောကလုံးက စွပ်စွဲနေတဲ့အတွက် ဒါကိုဖြေရှင်းဖို့အတွက်ရယ် မိခင်ကိုကယ်တင်ဖို့အတွက်ရယ် မြို့အနှံ့ရွာအနှံ့အပြင် မြေအောက်ကမ္ဘာထိသွားပြီး စွန့်စားခန်းဖွင့်ရပုံတွေ တွေ့ရမှာပါ…သူ့ရဲ့စွန့်စားခန်းတွေကို လိုက်ပြီးကူညီခဲ့တဲ့သူတွေကတော့ ဥာဏ်ပညာနတ်ဘုရားမရဲ့သမီး ...
movie

Percy Jackson & the Olympians: The Lightning Thief (2010)

2010