Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Sang-hee
5.9
My Name Is Loh Kiwan (2024)
My Name is Loh Kiwan (2024)အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့ “My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ်ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ်ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie
My Name Is Loh Kiwan (2024)
2024
8.8
Believer 2 (2023)
Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie
Believer 2 (2023)
2023
7.1
Children…(2011)
Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား ကလေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Children…(2011)
2011
6.8
Smugglers (2023)
Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie
Smugglers (2023)
2023
6.7
Chaw(2009)
Chaw(2009)************* Train To Busanထဲက မင်းသမီး ဂျောင်ယူမီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်....ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာ ရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့ လက်ဖြောင့် မုဆိုးကြီးတွေပဲဖြစ်ကြပါတယ်။စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက် လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်း အပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။File size… 3.4GB& 1.5GB Quality… WEB-DL1080p,720p Format…mp4 Duration….2hr 03min Genre ….. Action, Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet
movie
Chaw(2009)
6.9
Decibel (2022)
Decibel (2022)Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်း ...ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ...(ဇာတ်လမ်းအညွှန်းကို ကို Phyo Pyae က ရေးပေးထားပါတယ်။)File Size ...
movie
Decibel (2022)
2022
5.9
Mothers (2017)
[Unicode]ဒီဇာတ်လမ်းမှာတော့ Search WWW က မင်းသမီးချော Lim Soo-Jung က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဟျိုဂျင်ဟာ အသက် ၃၂ နှစ်အရွယ် ဆရာမ တစ်ယောက်ဖြစ်ပါတယ်ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း ဘဝကို မျှော်လင့်ချက်မဲ့ရှင်သန်နေသူတစ်ယောက်ပါတစ်ရက်မှာတော့ ဆုံးသွားတဲ့ ခင်ပွန်းရဲ့ သားဖြစ်သူကို ကျွေးမွေးစောင့်ရှောက်ပေးဖို့ ဖြစ်လာတဲ့အခါမှာ...ဒီကလေးကို စောင့်ရှောက်ပေးဖို့ ငြင်းပယ်မှာလားသူမရဲ့ သားအဖြစ်နဲ့ မွေးမှာလားဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုပါနော်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) [Zawgyi]ဒီဇာတ်လမ်းမှာတော့ Search WWW က မင်းသမီးချော Lim Soo-Jung က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဟျိုဂျင်ဟာ အသက် ၃၂ နှစ်အရွယ် ဆရာမ တစ်ယောက်ဖြစ်ပါတယ်ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း ...
movie
Mothers (2017)
7.2
Another Child (2019)
(Unicode) Family Drama ဇာတ်ကားလေးပါဂျူရီက အမြဲအမှတ်ကောင်းပြီးစာတော်တဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါချစ်ရတဲ့အဖေရယ် အမေရယ်နဲ့ မချမ်းသာပေမယ့် မဆင်းရဲတဲ့မိသားစုလေးဘဝလေးကိုဖြတ်သန်းနေသူပါတစ်နေ့မှာတော့ သူ့ချစ်ရတဲ့အဖေက သူနဲ့တစ်ကျောင်းတည်းသား ယွန်းအာရဲ့အမေနဲ့ ညိစွန်းနေတာကိုသိလိုက်ရတဲ့အခါ..သူနဲ့ယွန်းအာကြားကအဖုအထစ်လေးတွေ မိဘအပေါ် နာကျည်းချက်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲသူတို့ဘဝထဲကိုဝင်လာမယ့်တတိယလူကရောဘယ်သူလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးကိုးရီးယားကားတို့ရဲ့ထုံးစံအတိုင်း ကြည့်နေရင်းနဲ့မွန်းကျပ်လာစေတာတော့အမှန်ပါပဲ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပါ) File Size : (750 MB ) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL H264 AAC-NonDRM Translated by May Myat Thu Encoded by Thanhtike ...
movie
Another Child (2019)
2019
5.8
Golden Slumber (2018)
Golden Slumber ဆိုတဲ့ဇာတ်ကားလေးကတော့2018 မှာထွက်ရှိတာတဲ့ Thriller/Action ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။Rating တွေအနေနဲ့ကတော့ IMDb 5.8/10 Rotten tomatoes 71% ရရှိထားပြီး castတွေအနေနဲ့ Gang Dong Won နဲ့ Han Hyo Joo တို့အဓိကပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။နိုင်ငံရေးလောကအကြောင်းတွေ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ကိုတွေ့ရမှာဖြစ်ပြီး စွပ်စွဲခံရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မိမိရဲ့ ရိုးသားမှုကိုသက်သေပြဖို့ကြိုးစားပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတာကိုဒီကားလေးကပြောပြပေးသွားမှာပါ။ကင်ဂွမ်ဝူးဟာ သာမန်ပစ္စည်းပို့သမားလေးဖြစ်ပြီး ရိုးသားကြိုးစားပြီး သူတစ်ပါးကိုလည်းတတ်နိုင်သမျှကူညီတတ်သူတစ်ယောက်ဖြစ်ပါတယ်။ကြင်နာတတ်ပြီး သူငယ်ချင်းတွေကိုလည်း အလွန်သံယောဇဉ်ရှိသူဖြစ်ပါတယ်။အဆိုတော်မလေးတစ်ယောက်ကို အကြမ်းဖက်မှုမှကယ်တင်ခဲ့ချိန်မှစလို့ သူဟာ စံပြနိုင်ငံသားဆုကို ရပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဒါပေမယ့်သူဟာ နိုင်ငံရေးသမားတွေရဲ့ သားကောင်ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ရှာပါဘူး။တစ်နေ့ သမ္မတလောင်းကိုယ်စားလှယ် အသတ်ခံရမှုမှာ မတရားစွပ်စွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ရိုးအတဲ့ ကင်ဂွမ်ဝူး တစ်ယောက် သူ့ရိုးသားမှုကို ပြန်လည်ဖော်ထုတ်နိုင်မလား၊နောက်ဆုံးမှာ အာဏာရှိသူကပဲ အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yin Wai Phyo ပါ) File Size : (850 ...
movie
Golden Slumber (2018)
2018
7.6
I Can Speak (2017)
ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie
I Can Speak (2017)
2017
6.5
The Long Way Home (2015)
The Long Way Home (2015)_____Rotten -6.5/10 ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့် ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie
The Long Way Home (2015)
2015
6.9
Tunnel (2016)
Tunnel (2016) IMDb - 6.9/10_____Rotten 100% IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker
movie
Tunnel (2016)
2016