Channel Myanmar

Kenny Santiago Marrero

Criminal Activities (2015) 5.8
Criminal Activities (2015)  Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက်ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင်သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစားကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီးအချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက်သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီးအကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်းထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံးသုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သားတိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်ကသဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကိုပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန်ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ်စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကားဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Criminal Activities (2015)

The Heartbreak Kid (2007) 5.8
The Heartbreak Kid (2007) The Heartbreak Kid (2007) ====================လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ ...
movie

The Heartbreak Kid (2007)

2007
The Kite Runner (2007) 7.6
The Kite Runner (2007) The Kite Runner (2007) ================== IMDb Raitng - 7.6/10လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာ ကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့် သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူ သွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရ တဲ့ သူငယ်ချင်းအချစ်ပေါ့။ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာ ရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင် ထုတ်ရက်ရတာလား။အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလို အားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေး တစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာ ကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ ...
movie

The Kite Runner (2007)

2007
The Pursuit of Happyness (2006) 8.0
The Pursuit of Happyness (2006) အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ...ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​...ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ ...
movie

The Pursuit of Happyness (2006)

2006