Channel Myanmar

Katrina Kaif

Merry Christmas (2024) 7.7
Merry Christmas (2024) Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ‌ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့‌ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie

Merry Christmas (2024)

2024
Tiger 3 (2023) 7.0
Tiger 3 (2023) Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie

Tiger 3 (2023)

2023
4K HEVC
Tiger Zinda Hai (2017) 6.7
Tiger Zinda Hai (2017) Tiger Zinda Hai (2017) (သို့) " တိုက်ဂါးရှိနေသေးတယ် "၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ အက်ရှင်သူလျှိုကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာအဖြစ် မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ကို အလန်းစားသူလျှိုတွေအဖြစ် ဆက်လက်ရှုစားရမှာပါ။ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင်အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြတဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။တိုက်ဂါးရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ...
movie

Tiger Zinda Hai (2017)

2017
4K HEVC
Ek Tha Tiger (2012) 5.6
Ek Tha Tiger (2012) Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါးမင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်) File size…(5.9 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ...
movie

Ek Tha Tiger (2012)

2012
1080p Untouched
Bang Bang! (2014) 5.5
Bang Bang! (2014) မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San
movie

Bang Bang! (2014)

Phone Bhoot (2022) 6.9
Phone Bhoot (2022) Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB  / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie

Phone Bhoot (2022)

2022
Singh Is Kinng (2008) 5.7
Singh Is Kinng (2008) Singh is King (2008) *************************** မင်းသားကြီး အက်ရှေးကုမားရ်နဲ့ မင်းသမီး ကတ်ထရီနာကတ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဟာသအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားကြီးကို BluRay Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဟက်ပီးဟာ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ပြီး ရွာရဲ့ အော်ကြောလန်တစ်ယောက် ဖြစ်ပါတယ်။ဟက်ပီးရဲ့သူငယ်ချင်း လပ်ကီးကတော့ ဩစတေးလျမှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ဟက်ပီးရဲ့သူငယ်ချင်းတွေဟာ ဟက်ပီးကို ရွာကနေထွက်သွားစေချင်တာကြောင့် လပ်ကီးအဖေနေမကောင်းကြောင်း လပ်ကီးကို သွားပြန်ခေါ်သင့်ကြောင်းပြောပြီး ဟက်ပီးကို ရွာထဲကထုတ်ဖို့အစီစဉ်ဆွဲကြပါတယ်။ဟက်ပီးတစ်ယောက် လပ်ကီးကို ရွာပြန်ခေါ်လာနိုင်မှာလား ... ဘယ်လိုအလွဲတွေနဲ့ ဆက်လက်ကြုံတွေ့ရမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။(ဘာသာပြန်သူကတော့ Intelligenceဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) File size…(2.6 GB)/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:10:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Intelligence & Thaik San
movie

Singh Is Kinng (2008)

Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
Ajab Prem Ki Ghazab Kahani (2009) 6.4
Ajab Prem Ki Ghazab Kahani (2009) Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ် 2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ...
movie

Ajab Prem Ki Ghazab Kahani (2009)

Raajneeti (2010) 7.1
Raajneeti (2010) RaajneetiIMDb Rating(7.1)ခုတစ်ခါမှာတော့ CM ပရိသတ်ကြီးကို 2010 ထွက် အိန္ဒိယနိုင်ငံရေးကား political thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နိုင်ငံရေးကားတွေကို ပုံဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Bollywood ဒါရိုက်တာ Prakash Jha က ရိုက်ကူးထားပြီး ဘောလိဝုဒ်ဖန်တွေတိုင်း မစိမ်းတဲ့ Ranbir Kapoor, Ajay Devgn, Nana Patekar, Katrina Kaif နဲ့ Arjun Rampal စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အိန္ဒိယဝန်ကြီးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူ ဘဟာရာတီဟာ သူမအဖေကိုဆန့်ကျင်ပြီး ပြိုင်ဖက်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဘဟာစကာဆန်ညဲနဲ့ မေတ္တာသက်ဝင်ခဲ့ပြီး သားတစ်ယောက်မွေးခဲ့ပါတယ် ဒါပေမဲ့ ဝန်ကြီးချုပ်အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ကလေးဆိုပြီး သူမရဲ့အစ်ကိုက အဲ့ကလေးလေးကို မွေးကင်းစမှာတင် စွန့်ပစ်ခဲ့ပါတယ်...အဲ့ကလေးလေးကရော ဘယ်ရောက်သွားမလဲ ဘယ်သူဖြစ်လာမလဲ...ဘဟာရတီဟာ သူမချစ်သူရဲ့ စွန့်ပစ်ခံရပြီးနောက်မှာ သူမအစ်ကိုရဲ့ တိုက်တွန်းမှုနဲ့ ရာ့တရာဝဒီပါတီခေါင်းဆောင်ရဲ့ညီနဲ့ ထပ်မံလက်ထပ်ခဲ့ရပြီး သားနှစ်ယောက်ထပ်မွေးခဲ့ပါတယ် အဲ့သားနှစ်ယောက်ကရော ဘယ်သူတွေဖြစ်လာပြီး ...
movie

Raajneeti (2010)

Thugs of Hindostan (2018) 4.1
Thugs of Hindostan (2018) ၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကိုCM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကိုသတ်ပစ်ခဲ့ပါတယ်...အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ပိုက်ဆံကလွဲပြီး ဘာမှ မသိ ...
movie

Thugs of Hindostan (2018)

2018
Tees Maar Khan (2010)
Tees Maar Khan (2010) Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။  File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie

Tees Maar Khan (2010)

Bharat (2019) 5.7
Bharat (2019) IMDb rating - 5.7/10Google Users - 74%Genere - Acrion/Dramaမင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။-----------------------------------------------လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ' ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ' ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။" မင်းက အကြီးဆုံးသားမို့ ...
movie

Bharat (2019)

2019
Zero (2018) 6.1
Zero (2018) ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ နဲ့ ကိုတင်မျိုးလွင် ပါ)File Size : (1.20 GB) Quality : WEB-DL 720p Running Time : 2h 44min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie

Zero (2018)

2018
Namastey London (2007) 7.3
Namastey London (2007) Namastey London (2007)IMDb (7.3/10)Bollywood အားပေးတဲ့ CM fan တွေအတွက် romance ကားကောင်းလေးတစ်ကားကို recommend ပေးလိုက်ပါတယ်.. Namastey London ..ဒီဇာတ်ကားကတော့ အားလုံးရင်းနှီးနေမှာဖြစ်တဲ့ မင်းသမီးချော Katrina Kaif က Jazz အဖြစ် မင်းသားကြီး Akshay Kumar က Arjun အဖြစ်အဓိကသရုပ်ဆောင်ထားပြီး London နဲ့ အိန္ဒိယကနေရာအချို့မှာ ဇာတ်အိမ်တည်ထားတဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားပါ။London လိုမြို့ကြီးမှာပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကို ပန်ဂျာဘီလိုမျိုး အိန္ဒိယတောရွာလေးမှာ ပြောင်းစိုက်ပြီး ရှင်သန်ဖို့မျှော်လင့်နေရသလိုပါပဲ နှင်းဆီပန်းလေးသေသွားမလား ရှင်သန်နိုင်မလား..London မြို့ကြီးမှာမွေးဖွားကြီးပြင်းလာပြီး ခေတ်အခေါ်လိုမျိုး ဘိုစိတ်ဝင်နေတဲ့ Jazz တစ်ယောက် အတွေးထဲက သတို့သားလောင်းကလည်း ရုပ်ချောချော London သားမှဖြစ်နေတဲ့အခါ ရိုးရာမဖျက်ချင်တဲ့အဖေဖြစ်သူက မွေးရပ်မြေဖြစ်တဲ့ ပန်ဂျာဘီရွာလေးကို တစ်ဖက်လှည့်ခေါ်လာပြီး English စာတောင်မပြောတတ်တဲ့ Arjun နဲ့ လက်ထပ်ပေးဖို့ကြိုးစားတဲ့နောက် London သူလုံးလုံးဖြစ်နေတဲ့ Jazz တစ်ယောက် ရှေးဆန်တဲ့မိသားစုကို ဘယ်လိုပုန်ကန်မလဲ....London မှာကျန်ခဲ့တဲ့ အင်္ဂလန်သား ...
movie

Namastey London (2007)

2007
Race (2008) 6.6
Race (2008) Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုဇော်ထူး ပါ) File Size : (1.2 GB) ...
movie

Race (2008)

2008
Jagga Jasoos (2017) 6.7
Jagga Jasoos (2017) ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်ဗျာ့ ဟိုးရှေးရှေးတုန်းကပေါ့ မူဟီနာဂူရီလို့ ခေါ်တဲ့ မြို့လေးရဲ့ ဆေးရုံလေးတစ်ခုမှာ ကလေးငယ်တစ်ယောက် ဖွားမြင်လေခဲ့တယ်။ကလေးရဲ့ ကံဆိုးမှုလားပဲ သူ့ကို မွေးဖွားပြီး သိပ်မကြာခင်မှာပဲ အက်ဆီဒန့် တစ်ခုပြီး မိဘနှစ်ပါးလုံး သေဆုံးခဲ့ကြတယ်။သူ့ကို လာခေါ်မယ့်ဆွေမျိုးသားခြင်း ဘယ်သူမှ မရှိလေဘူ့း့ ဒီဆေးရုံလေးကပဲ သူ့ကမ္ဘာလေးဖြစ်ခဲ့ရတယ့့်နှစ်တွေအလီလီ ဆေးရုံမှာ ဖြတ်သန်းနေထိုင်ရင်းတနေ့မှာတော့ ရထားပေါ်က ခုန်ချလိုက်တဲ့ လူတစ်ယောက်ကို မြင်သွားပြီး အပြေးသွားကြည့်တဲ့အချိန်မှာ အဲ့ဒီလူကြီးက ဒဏ်ရာတွေ အများကြီးနဲ့ သတိလစ်မေ့မျောနေတယ်ဒီလူကြီးသတိရလာတော့ ဆေးရုံပေါ်ရောက်နေပြီ ဘေးနားမှာ ကောင်လေးတစ်ယောက် ဆေးပုလင်းလာချိတ်ပေးတယ် " မင်းနာမည် ဘယ်လိုခေါ်လဲ " ဘာမှ မဖြေပဲ ကောင်လေးပြန်ထွက်သွားတယ်နောက်နေ့ ဆေးပုလင်းထပ်လာချိတ်ပေးတယ် "မင်းနာမည် ဘယ်လို ခေါ်လဲ" ထပ်မေးတယ် ကောင်လေးလှည့်ပြန်သွားလိုက်တယ် ဘေးနားက ဆရာဝန်မကြီးက ပြောမှ သိရတယ် ကောင်လေးက စကားထစ်နေလို့ စကားမပြောဘူးတဲ့စကားထစ်နေတဲ့ ကောင်လေးဟာ ဆေးရုံပေါ်က လူကြီး အကူအညီနဲ့ စကားပြောနိုင်ခဲ့တယ် သူပြောတဲ့ ...
movie

Jagga Jasoos (2017)

2017
Bodyguard (2011) 4.6
Bodyguard (2011) Bodyguard 2011 Hindi ဒီဇာတ်ကားကကတော့၂၀၁၁မှာမင်းသားဗီဂျေးရဲ့The Bodyguard နဲ့အပြိုင်ထွက်ရှိခဲ့တဲ့မင်းသားဆလ်မန်ခန်းရဲ့နုနုရွရွဇာတ်ကားလေးပါကျွန်တော်တို့ဘော်ဒီဂတ်ဇာတ်ကားတွေကြည့်ဖူးသမျှ ကားတွေအားလုံးမှာမင်းသမီးကိုစောင့်ရှောက်ရတာတွေပါပဲဒါမှလည်းဘော်ဒီဂတ်ပီသမှာကိုးဘော်ဒီဂတ်လောင်လီဆင်းဂ်ဟာသူ့တာဝန်တွေကိုထမ်းဆောင်ရင် ဘယ်တော့မှမချိုးဖြတ်ပါဘူးဂျေဆင်ပူးနားရ်စံအိမ်ရဲ့သခင်မစ္စတာဆတာဂျေဟာတရားမျှတမှုကိုလုပ်ဆောင်သူတစ်ဦးပါတရားမျှတမှုပေါ်အောင်မကောင်းမှုကိုဖယ်ရှားရတာနဲ့အညီ လူဆိုးခေါင်းဆောင်ရန်ဂျန်မဟ်ထွီနဲ့ရန်သူတွေဖြစ်သွားပါတော့တယ်ဒါကြောင့်သမီးဖြစ်သူဒေဗီရာကိုစောင့်ရှောက်ဖို့ဘော်ဒီဂတ်လောင်လီဆင်းဂ်ကိုတာဝန်ပေးလိုက်တာပါတယ်ဒီလိုနဲ့ဒေဗီရာကောလိပ်တက်တဲ့အခါလိုက်စောင့်ရှောက်ရပါတယ်ဒါပေမဲ့လောင်လီဆင်းဂ်လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းကိုလုပ်နေတဲ့ ဒေဗီရာနဲ့မာရာဟာစိတ်လွတ်လမ်းဖြစ်တဲ့ ဘော်ဒီဂတ်ကြီးကိုနောက်ဖို့လုပ်ပါတော့တယ်ဒေဗီရာဟာလောင်လီဆင်းဂ်နဲ့ဖုန်းထဲမှာချာရာဆိုတဲ့နာမည်နဲ့နီးစပ်သွားပါတော့တယ်အချိန်တွေကြာလာတာနဲ့အမျှချာရာဟာလောင်လီဆင်းဂ်ကိုချစ်မိသွားတယ်တကယ်တော့ချာရာဆိုတာဒေဗီရာဆိုတာလောင်လီဆင်းဂ်မသိရှာပါဘူးလောင်လီဆင်းဂ်ကိုခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဒေဗီရာဟာခိုးရာလိုက်ပြေးဖို့လုပ်ပါတော့တယ်…ဒီအကြောင်းတွေသိသွားတဲ့မစ္စတာဆတာဂျေဟာသမီးဖြစ်သူကိုလောင်လီဆင်းဂ်နဲ့သဘောတူပါ့မလားသတ်တော်စောင့်နဲ့သူဋ္ဌေးသမီးချစ်တိုင်းညားကြပါ့မလား…  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုသိန်းဇော်ပါ)  File Size : (0.99 GB)  Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre :Action, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thein Zaw Encode by Thanhtike Zaw
movie

Bodyguard (2011)

2011
New York (2009) 6.8
New York (2009) တခါတလေတော့လည်း တချို့အဖြစ်ပျက်တွေက ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်တော့အာလုံးကမှန်နေကြတာပါဘဲ။ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံကို အိန္ဒိယကနေ စကော်လာရှစ်ဆုရလို့ ကျောင်းလာတက်တဲ့ကောင်လေး အိုမာ (Neil Nitin Mukesh) သူ့ရဲ့ပထမဆုံး ပြည်ပကိုထွက်ဖူးတာပါ။ နယူးယောက်ကော်လိပ်မှာရောက်တော့ မာရာ(Katrina Kaif) တို့ ဆမ်း(John Abraham) တို့နဲ့သူငယ်ချင်းတွေဖြစ်လာကြပါတယ်။ သူတို့ရဲ့အိမ်မက်တွေကို ပုံဖော်ဖို့ စိတ်အားထက်သန် နေကြတဲ့အချိန်လေးပေါ့။ သူ့တို့သူငယ်ချင်းသုံးယောက်ရဲ့ပျော်ရွှင်မှုတွေ၊အိမ်မက်တွေကို ဖျက်ဆီးပစ်မယ့်အရာပေါ်လာပါတော့တယ်။ 9/11 ဆိုတဲ့ World Trade Center ကြီးကို အကြမ်းဖက်မှုကြီးတစ်ခုအပါဝင်ပေါ့။ "ငါခုံးမတစ်ကောင်ကြောင့်တလှေလုံးပုတ်" ဆိုတဲ့အတိုင်း ရဲတွေကမသင်္ကာတဲ့လူမှန်းသမျှ အကုန်ဆွဲစိကြတာပေါ့။ ပြီးတော့ နည်းမျိုးစုံနဲ့နှိပ်စက်၊ စစ်မေးတာပေါ့ ဘယ်သူ့ကိုအမှုပတ်မလဲ....... နောက်ပြီး ပြန်လွှတ်လာတော့သူတို့ရဲ့ဘ၀တွေအရင်လိုလှပနိုင်ပါမလား? နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ဘဲကြည့်ရှုကြပါ။ သရုတ်ဆောင်ပိုင်းအရမ်းကောင်းတဲ့ Ifra Khan က FBI အေးဂျင့်အဖြစ်နဲ့ ပါဝင်ထားတာပါ။ သူငယ်ချင်းသံယောဇဉ်တွေ 9/11 ပြီးတော့ရွှေ့ပြောင်းအခြေချနေထိုင်တဲ့အိန္ဒိယသားတွေအပေါ်ဆက်ဆံမှုတွေကို ဇာတ်ရှိန်အတက်အကျ၊ရင်တမမနဲ့ကြည့်ရှုရမှာပါ။   (ဘာသာ ပြန် နဲ့ အညွန်းကတော့ ကို Min Zin Thant ဖြစ်ပါတယ်။)  File Size ...
movie

New York (2009)

2009