Channel Myanmar

Guillermo Díaz

The Terminal (2004) 7.4
The Terminal (2004) ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie

The Terminal (2004)

2004
4K HEVC
Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie

Cop Out(2010)

Freeway(1996) 6.8
Freeway(1996) Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Freeway(1996)

Half Baked (1998) 6.6
Half Baked (1998)  ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie

Half Baked (1998)

Bros (2022) 6.4
Bros (2022) CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့‌ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်း‌တွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ ...
movie

Bros (2022)

Warning Shot 2018 5.0
Warning Shot 2018 XP Powerbank များကို  ----> ဒီနေရာ မှာ ဈေးသက်သာစွာဝယ်နိုင်ပါပြီ။   အော်ဒရီ ဟာ ရှိုင်းနီး ဆိုတဲ့  သမီးလေးကို  ယောကျင်္ားမရှိပဲ တစ်ယောက်ထဲရှာဖွေကျွေးမွေးနေရတဲ့ Single Mom တစ်ယောက်ဖြစ်ပြီး အကြွေးပင်လယ်ဝေနေသူပေါ့တစ်ရက်မှာတော့ သူမ ဖခင် သေဆုံးခဲ့ကြောင်းသိရပြီး အသုဘကိစ္စ များ စီစဉ်ပြီးရာရှေ့နေမှ သူမ ဖခင်မှာ ခြံအကျယ်ကြီးနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ကြောင်း တစ်ပတ်နေရင်အမွေပိုင်ဆိုင်ခွင့် ရရှိကြောင်း ကြေငြာပေးမည် ဖြစ်၍ လောလောဆယ် ထိုအိမ်တွင်နေဖို့ သော့ပေးလိုက်ပါတယ်...အကြွေးများကြောင့် ငှားနေတဲ့အိမ် လက်လွှတ်လိုက်ရတဲ့ အော်ဒရီ တို့ သားအမိဟာနောက်ဆုံး ကောက်ရိုးမျှင်လေးဖြစ်တဲ့ ဖခင် အမွေချန်ထားခဲ့သော မြို့အစွန်က အိမ်လေးဆီသို့သွားရောက်ခဲ့ပါတော့တယ်...သူမ တို့ မသိသေးတဲ့အချက်ကတော့ ထိုမြေနေရာမှ အရာတစ်ခုကိုစီးပွားရေး ပြိုင်ဘက်တစ်ဦးမှ မတော်လောဘ နှင့် လိုချင်နေ၍သူမတို့ သားအမိ နှစ်ဦးသာ ရှိတဲ့ အိမ်ဆီသို့ မဖိိတ်ခေါ်ထားသောဧည့်သည်များ ရောက်ရှိလာသော အခါ....ဇတ်လမ်းသည် အပြောအဆိုများ ညစ်ညမ်းသဖြင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါထိတ်လန့်သည်းဖို ဇတ်လမ်းဖြစ်သောကြောင့် ထိုင်ရာက မထစတမ်း သင့်ကိုဇတ်လမ်းအစကနေ အဆုံးထိ စွဲဆောင်သွားပါလိမ့်မယ်...ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့Thein ...
movie

Warning Shot 2018

2018