Channel Myanmar

Geoff Pierson

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

The List (2023) 5.3
The List (2023) The List (2023)~ IMDb - 5.3/10, Rotten Tomatoes - 96% ~"Celebrity Free Pass" ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ...
movie

The List (2023)

2023
God Bless America (2012) 7.1
God Bless America (2012)  ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ်ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ ...
movie

God Bless America (2012)

Fear the Night (2023)
Fear the Night (2023) ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်း‌ပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller Subtitle….Myanmar Subtitle ...
movie

Fear the Night (2023)

Something Borrowed(2011) 5.8
Something Borrowed(2011)  IMDb 5.8 / Rotten Tomatoes 15%Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီအနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ...တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်...လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ...လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့...ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB ...
movie

Something Borrowed(2011)

Changeling (2008) 7.7
Changeling (2008) Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ​ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်​ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။​အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှု​တွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်​ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie

Changeling (2008)

2008
Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008
The Wrong Missy (2020) 7.3
The Wrong Missy (2020) The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့ romantic comedy ဇာတ်လမ်းလေးပါ။ ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ အများကြီး ကြုံဖူးကြမှာပါ။ မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။ ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။ တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို သူတန်ဖိုးထားတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။ သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။ အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့် တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။ ရုပ်ဆိုးသလောက် ထက်မြတ်နဲ့ strong & independent woman လည်းဖြစ်ပါတယ်။ ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့ မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။   File Size - 647.1 MB Quality - Web-Dl 720p Runtime -  1h 30min Translator ...
movie

The Wrong Missy (2020)

2020
Behind Enemy Lines (2001) 6.4
Behind Enemy Lines (2001) အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ဝင်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ...
movie

Behind Enemy Lines (2001)

2001