Channel Myanmar

Geoff Callan

The Pursuit of Happyness (2006) 8.0
The Pursuit of Happyness (2006) အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ...ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​...ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ ...
movie

The Pursuit of Happyness (2006)

2006
Star Light 2020 3.7
Star Light 2020 ဆယ်ကျော်သက်ကောင်လေး ဒေလန်တစ်ယောက် မိခင်ဖြစ်သူက ချစ်သူခေါ်လာပြီး ညစာစားတဲ့အချိန်မှာ မိခင်ရဲ့ချစ်သူကိုဒေါသထွက်ပြီး သူငယ်ချင်းဖြစ်သူ နစ်ခ်ရဲ့ပါတီကိုထွက်သွားခဲ့ပါတယ် အဲ့မှာခဏအနားယူရင်း စကိတ်စီးနေတုန်း မိန်းကလေးတစ်ယောက် သူ့ရှေ့ကိုရောက်လာတာတွေ့ရပါတော့တယ် ထိုမိန်းကလေးကို နစ်ခ်အိမ်ထဲကိုခေါ်သွားခဲ့ရာကနေ ဘာမှန်းမသိတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ စပြီးကြုံတွေ့ရပါတော့တယ် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်ကို ဒေလန်တစ်ယောက် ခေါ်လာခဲ့မိရာကနေ သူ့သူငယ်ချင်းဖြစ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်ကုန်ပါတော့တယ် ကောင်မလေးရဲ့ဇာစ်မြစ်ကဘာလဲ သူ့နောက်ကလိုက်နေတဲ့လူကရော ဘယ်သူလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုလိုက်ကြပါ File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie

Star Light 2020