Channel Myanmar

Eric Roberts

Aftermath (2024)
Aftermath (2024)  Mystery, Sci-fiအမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီးဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်းထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီးသတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင်နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာကဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီးအဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Aftermath (2024)

Stalked by My Doctor (2015)
Stalked by My Doctor (2015)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကား‌လေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ‌ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင်Stalked by My Neighbour (2015), Stalked by My Doctor: The Return (2016), Stalked by My Mother (2016), Stalked by My Doctor: Patient's Revenge (2018) ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ...
movie

Stalked by My Doctor (2015)

Hunt to Kill (2010) 5.1
Hunt to Kill (2010)  တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာအလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34%သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာကအဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကိုလိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှားရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင်ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သားအဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်းဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle ...
movie

Hunt to Kill (2010)

La Confesion (2024)
La Confesion (2024) La Confesion / Confessions of a Cam Girl (2024) IMDb - 6.0/10ခရစ္စတင်းဆိုတဲ့ ကျောင်းသူလေးက မိဘတွေစကားကိုနားထောင်တဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်။ မိဘနှစ်ပါးစလုံးက သူတို့မတက်ခဲ့ရတဲ့ ကောလိပ်ကျောင်းတော်ကြီးကို သမီးဖြစ်သူ ခရစ္စတင်း တက်ဖို့အရေး အဖက်ဖက်က ဝိုင်းဝန်းထောက်ပံ့အားပေးနေကြတဲ့ စိတ်အားထက်သန်ကြသူတွေ။ ခရစ္စတင်းရဲ့ မိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ မတူညီနေတာက ကောလိပ်မတက်ဘဲ ပဲရစ်ကိုသွားပြီး ဒီဇိုင်နာလုပ်ဖို့ အိပ်မက်ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကောလိပ်စရိတ်ထဲကနေ ထောက်ပံ့ပေးဖို့ပြောပေမဲ့ မိဘတွေက လုံး၀လက်မခံကြပါဘူး။ ဒီလိုနဲ့ပဲ ပဲရစ်က ဖက်ရှင်ပရိုဂရမ်တစ်ခုမှာ တက်ဖို့အရေး လိုချင်တဲ့ငွေပမာဏရအောင် XPဆိုတဲ့ ဖော်ချွတ်အက်ပ်တစ်ခုမှာ အကောင့်ဖွင့်ပါတော့တယ်။ အဲဒီကစလို့ သူ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ရင်ဆိုင်လာရတာတွေနဲ့အတူ မင်းသမီးချောလေးရဲ့ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ရှုမြင်ရင်း ခံစားကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3hanက ဘာသာပြန်တင်ဆက်ထားပါတယ်)Genre..... Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 629MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle ...
movie

La Confesion (2024)

Minacious (2022)
Minacious (2022)  ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle ...
movie

Minacious (2022)

Death on the Border (2023) 4.2
Death on the Border (2023) Death on the Border (2023) ====================အမေရိကန်နဲ့ မက္ကစီကို နယ်စပ်ဟာ တရားမဝင်တဲ့ အလုပ်တွေ အရမ်းပေါတဲ့အရပ်ဒေသတစ်ခုလို့ နာမည်ကြီးပါတယ်။ ဒီဇာတ် လမ်းကလည်း ဒီနယ်စပ်က လူကုန်ကူးမှုတစ်ခု အကြောင်းပါ။လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘက်က မိန်းမငယ်လေး တွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး နယ်စပ်လမ်းတစ်လျှောက် ကနေ လူကုန်ကူးပါတယ်။ အမေရိကန်ဘက်က ရဲစုံထောက်တစ် ယောက်ဟာလည်း လောင်းကစားကြွေးကြောင့် ဒီအလုပ်မှာ လာ ငြိစွန်းတော့ လူကုန်ကူးအဖွဲ့အတွက် ကိစ္စတွေက အဆင်ချောလို့ နေပါတယ်။ဒီလို ဥပဒေဘက်တော်သားတွေ ပါဝင်ပတ်သတ်နေတဲ့ ဒီလုပ်ရပ်ကို သိတဲ့ ရဲမေနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဝရမ်းပြေးအဖြစ်ခံပြီး အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက်က လူကုန်ကူးမှုတွေကို တားဆီးဖို့ ကြိုးစားကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.79 GB) / (683 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Act Molemy Encoder..........SWM
movie

Death on the Border (2023)

2023
Megalodon: The Frenzy (2023)
Megalodon: The Frenzy (2023)  Megalodonငါးမန်းကြီး‌တွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး....။ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့Megalodonငါးမန်းကြီးပေါ်လာပါတယ်....။ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်...။သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး...။အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်‌ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်...။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲအဖြေရှာကြည့်တဲ့အခါမှာတော့....။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Megalodon: The Frenzy (2023)

Assault on Hill 400 (2023)
Assault on Hill 400 (2023)  ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ Hill 400 ဆိုတဲ့နေရာ မှာအခိုင်အမာတပ်စွဲထားပါတယ်။အမြင့်မီတာ ၄၀၀ အမြင့်မှာရှိတဲ့ဒီကောင်းကုန်းဟာ ရိုဟာမြစ်တစ်လျှောက် အကုန်လုံးကိုမြင်နိုင်ပြီးမဟာမိတ်တပ်‌တွေကို ပစ်ကွင်းအသာစီးနဲ့တိုက်ခိုက်နိုင်လို့ဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ ဒီ‌တောင်ကုန်းကို သိမ်းဖို့အကြိမ်ကြိမ် ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပါဘူး။Hill 400 ကိုသိမ်းနိုင်ရင် စစ်ပွဲမှာအသာစီးရမှာဖြစ်တဲ့အတွက်မဖြစ်မနေသိမ်းနိုင်မှဖြစ်မှာဆိုတော့ နာမည်ကြီး Second Rangers တပ်ကိုတာဝန်ပေးရပါတော့တယ်။ ဒုဗိုလ်ကြီး လိုမယ်ဦးဆောင်းတဲ့ Rangers တပ်ဟာHill 400 ကို ဘယ်လိုသိမ်းယူမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး.. File size…1.74GB / 747MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Assault on Hill 400 (2023)

Sweetwater (2023) 5.7
Sweetwater (2023) Sweetwater (2023)ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ်Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ် အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ် ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါ သူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့ NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ် နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ်ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလို ယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့ တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင် လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီး ဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက် သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Sport Quality…. 1080p ...
movie

Sweetwater (2023)

2023
After Masks (2021) 4.3
After Masks (2021) After Masks (2021) ================ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ် ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီ ဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေ ပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထား ပါတယ်။အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုး သမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black Lives Matter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူး ဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်း ကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေ အတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလ တစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခု ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(2.27 GB) / (592 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM
movie

After Masks (2021)

2021
The Cable Guy (1996) 6.1
The Cable Guy (1996) The Cable Guy (1996)~ IMDb - 6.1/10, RT - 55%, Meta - 56% ~လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix ...
movie

The Cable Guy (1996)

1996
Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Beneath the Green (2022) 4.8
Beneath the Green (2022) Beneath the Green (2022) ===================ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.2 GB) / (473 MB) / (340 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Sci-Fi Translator.......Tin Myo Lwin Encoder..........SWM
movie

Beneath the Green (2022)

2022
The Surprise Visit (2022) 5.0
The Surprise Visit (2022) The Surprise Visit (2022) ===================ဒီတစ်ခေါက်မှာတော့ ငွေမရှိလို့ ကြံရာမရတဲ့အဆုံး သူငှေးအိမ်မှာ ဓားပြသွားတိုက်တဲ့ ကေစီ နဲ့ အန်နာဘဲလ်တို့အတွဲ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ကိုဗစ်ကာလအတွင်း လူတိုင်းဘေးကြပ်နံကြပ်ဖြစ်ပြီး အလုပ်အကိုင် တွေမရှိတော့တဲ့ထဲမှာ ကေစီနဲ့ အန်နာဘဲလ်တို့ကလည်း အပါအဝင်ပေါ့ သူတို့နှစ်ယောက်ကလည်း မူးယစ်ဆေးတွေသုံး ဘဝတွေပျက်ပြီး အန်နာဘဲလ်မှာ ကိုယ်ဝန်က‌လည်းရှိနေတော့ သူတို့ရဲ့ကလေးအနာဂတ် အတွက် ခေါင်းခြောက်နေကြရှာတယ်။ ကေစီကလည်း သူ့အဖေရဲ့ အလုပ် ရှင်ဆီမှာ အလုပ်လုပ်ဖို့ပြောတော့လည်း သူ့အဖေက သားဖြစ်သူရဲ့ အသုံး မကျမှုတွေကြောင့် မောင်းထုတ်ပလိုက်ရော။ အဲလိုနဲ့ ကေစီက လုံးဝမရတဲ့အဆုံး သူ့အဖေရဲ့အလုပ်ရှင် သူဌေးမအိမ်မှာ သွားခိုးမယ်ဆိုပြီး မိန်းမဖြစ်သူကို ဖြောင်းဖျတယ်။ သူ့မိန်းမက မလုပ်ချင်ဘူး အတင်းပြောပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ရဲ့အနာဂတ်အတွက်ပဲ ရွေးချယ်လိုက်တော့တဲ့အခါ . . . ဇာတ်လမ်းက ရင်တမမနဲ့ ကြည့်ရမယ့် ပုံစံဖြစ်လို့ Thriller ကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်အကြိုက်‌တွေ့‌စေမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.54 GB) / (760 MB) Quality............WebRip 1080p / ...
movie

The Surprise Visit (2022)

2022
Escape Through Africa (2022) 5.6
Escape Through Africa (2022) Escape Through Africa (2022)======================ဒီဇာတ်ကားကိုတော့ ၁၉၁၄ ပထမကမ္ဘာစစ်စတဲ့ အချိန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ.......ဗြိတိသျှတပ်မှာ ဗိုလ်ကြီး လော့ဝုဒ်နဲ့ သူ့တူမ သူနာပြုမလေး အန်နာတို့က ရှေ့တပ်ကင်းစခန်းမှာ တာဝန်ယူထားပါတယ်။ လော့ဝုဒ်က ဗိုလ်ကြီး တစ်ယောက်ပီပီ အမိန့်အာဏာနဲ့ ပြဿနာတွေ ပြတ်ပြတ်သားသား ဖြေရှင်းတတ်တဲ့သူတစ်ယောက်ပါ။ အန်နာကတော့ လူတိုင်းတွေအပေါ် မေတ္တာဂရုဏာထားနိုင်တဲ့ သူနာပြုမလေးတစ်ယောက်ပါ။နောက်တော့ ဗြိတိသျှတို့ရဲ့ ရှေ့တပ်ကင်းစခန်းကို အာဖရိကဒေသခံတွေနဲ့ ပေါင်းပြီး ဂျာမန်တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဗိုလ်ကြီး လော့ဝုဒ်နဲ့ သူ့တူမ အန်နာတို့က ကင်းစခန်းမီးရှို့ခံရပြီး ဗွီမြို့က ဗြိတိသျှရုံးချုပ်ကို သွားဖို့အတွက် တောင်ကြားတွေကနေ ဖြတ်သန်းလာပုံကို ရိုက်ကူးထားတာပါ။ ဗိုလ်ကြီး လော့ဝုဒ်က တောင်ကိုဖြတ်ပြီး ရုံးချုပ်ကို ရောက်အောင်သွားနိုင်ပါ့မလား၊ သူ့တူမ အန်နာကရော ဂျာမန်တပ်ဖွဲ့ရန်ကနေ လွတ်အောင် တိုက်ခိုက်နိုင်ပါ့မလား ဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (2.42 GB) / (1.07 GB) / (716 MB) Quality – WebRip ...
movie

Escape Through Africa (2022)

DOA: Dead or Alive (2006) 4.8
DOA: Dead or Alive (2006) DOA: Dead or Alive (2006) --------------------------- ၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းကကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်..မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ...ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံးသေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့..တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကိုDOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်.တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက်ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေးလေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake
movie

DOA: Dead or Alive (2006)

2006
The Human Centipede 3 (Final Sequence) (2015) 2.7
The Human Centipede 3 (Final Sequence) (2015) The Human Centipede Trilogyလူသားကင်း​ခြေများဆိုတဲ့ ရုပ်ရှင်က​တော့ ​အော်ဂလီဆန်စရာအ​ကောင်းဆုံး ဇာတ်ကား​တွေထဲမှာ အပါအဝင်ပါပဲ... ပညာရှိတို့ အရူးထရင် ဘယ်လို​တောင်​ကြောက်စရာ​ကောင်းတယ်ဆိုတာကို ၂၀၀၉မှာ ထွက်ရှိခဲ့တဲ့ ပထမကားမှာ မြင်​တွေ့ရပါမယ် လူသား၃​​ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်း တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။၂၀၁၁မှာ ထွက်ရှိတဲ့ ဒုတိယရုပ်ရှင်က​တော့ ပထမကားကိုစွဲလမ်း​ပြီး လူသား​တွေကို ကြုံသလို ဆက်မယ့် လုံခြုံ​ရေးသမားအ​ကြောင်းပါ..သူဟာ ငယ်ငယ်ကတည်းက အ​​ဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ ဒီကားကို​တော့ ဒါရိုက်တာက ကင်း​ခြေများကိုပဲ Focus မလုပ်ဘဲ dark theme ​လေး ခံစား​စေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ Dark Side ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။၂၀၁၅မှာ ​နောက်ဆုံးထွက်ရှိခဲ့တဲ့ Final Sequence မှာ​​တော့ ​နေမြင့်​လေ အရူးရင့်​လေဖြစ်တဲ့ ​ထောင်ပိုင်နဲ့ သူ့ရဲ့ ...
movie

The Human Centipede 3 (Final Sequence) (2015)

Don't Watch
The Expendables (2010) 6.5
The Expendables (2010) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

The Expendables (2010)

2010
HEVC 1080p 5.1