Channel Myanmar

Christopher Abbott

(18+) Poor Things (2023) 8.4
(18+) Poor Things (2023)  အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie

(18+) Poor Things (2023)

4K HEVC
Entergalactic (2022) 7.3
Entergalactic (2022) Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie

Entergalactic (2022)

2022
Martha Marcy May Marlene (2011) 6.8
Martha Marcy May Marlene (2011)  ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ ...
movie

Martha Marcy May Marlene (2011)

[18+] Sanctuary (2022) 6.5
[18+] Sanctuary (2022) Sanctuary (2022)~ IMDb - 6.5/10, Rotten Tomatoes - 90% ~ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ ...
movie

[18+] Sanctuary (2022)

2022
A Most Violent Year (2014) 7
A Most Violent Year (2014) A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 923MB, 387MB, 240MB Quality  ...
movie

A Most Violent Year (2014)

2014
Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

The Forgiven (2021) 6.0
The Forgiven (2021) နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Forgiven (2021)

On the Count of Three (2022)
On the Count of Three (2022) Val နဲ့ Kevin တို့ဟာငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပါ။Kevin ဟာကလေးဘ၀တည်းကစိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့သူပါ။တစ်ခါကဆေးသောက်ပြီးကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့အတွက်စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံထားရပါတယ်။Val ဟာလည်းငယ်စဉ်ကဖခင်ဖြစ်သူရဲ့ရိုက်နှက်တာခံရလို့နာကျည်းနေသူပါ။သူမုန်းတီးတဲ့အလုပ်ကြောင့်လည်း စိတ်ဆင်းရဲနေပါတယ်။တစ်နေ့မှာတော့ Val ဟာ Kevin ကိုစိတ်ကျန်းမာရေးဆေးရုံကနေခေါ်ထုတ်ပြီး နှစ်ယောက်တူတူအဆုံးစီရင်ဖို့ သဘောတူလိုက်ကြပါတယ်။ဒါပေမယ့် မသတ်သေခင်နောက်ဆုံးတစ်ရက်မှာ သူတို့ရဲ့မပြီးပြတ်တဲ့ကိစ္စတွေကို လုပ်ဖို့ကြိုးစားရာကနေ တလွဲတွေဖြစ်လာပြီး ဘ၀အပေါ်အမြင်ပြောင်းလဲလာပုံကိုတင်ဆက်ထားပါတယ်။Jerrod Carmichael ကဒါရိုက်တာ‌အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါ၀င်ထားပါတယ်။ဘ၀ရဲ့တန်ဖိုးကိုဆန်းစစ်ပြပြီး သူငယ်ချင်းနှစ်ယောက်ကြား သံယောဇဉ်ကိုပါကြည့်ရမှာပါ။ Rotten tomatoes -85% Metacritic -74% File size…(1.6gb)/(746MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Comedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

On the Count of Three (2022)

The World to Come (2020) 6.1
The World to Come (2020) The World to Come (2020)====================IMDb Rating - 6.1/10ဒီရုပ်ရှင်ကတော့ ဒရာမာ စစ်စစ်လေးပါ။ နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင် လေးယောက်ကိုအဓိကထားပြီး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ လက်စ်ဘီယန်အချစ်အကြောင်းလည်းဖြစ်ပါတယ်။လယ်သမား လင်မယားနှစ်ယောက် မိတ်ဆွေဖွဲ့ရင်း ဖြစ်လာတဲ့ လူမှုရေး ကိစ္စ တွေကိုမှ ကဗျာဆန်ဆန်ပြသထားသလို အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကိုလည်း အဲဒီခေတ်နဲ့ အညီ သရုပ်ဖော်ထားလို့ တကယ့်ဝတ္ထုကောင်းလေးတစ်အုပ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 45minSubtitle – Myanmar HardsubFormat – Mp4Genre : DramaSource : 1080p.WebRipTranslator – LittleneoEncoder – SWM
movie

The World to Come (2020)

2020
Black Bear 2020 6.8
Black Bear 2020 IMDb 6.8 CM ပရိသတ်ကြီး home stay ကာလ အားအားယားယားမှာ ဦး‌နှောက်ခြောက်လို့ကောင်းဦးမယ့် IMDb 6.8 တောင် ကရှိထားတဲ့ mind bending movie လေးတစ်ပုဒ်လာပါပြီ ဇာတ်ကားနာမည် Black Bear လို့ မြင်လိုက်ပြီး ၀က်ဝံကြီးတစ်ကောင်က လူတွေလိုက်တတ်တဲ့ကားလို့ ထင်သွားရင်တော့ မှားမယ်နော် တကယ်တော့ CM ပရိသတ်ကို ဦးနှောက်ပျက်စေမယ့် ကားပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ကြည့်ကောင်းနေပေမယ့် အဆုံးသတ်မှာ ဘယ်လိုကောက်ချက်ချရမလဲ မသိတော့အောင် လှည့်သွားမယ့် Black Bear ပါနော် Mind bending movie ဖြစ်တဲ့အတွက် r eview မှာ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြလိုက်ရင် ပျင်းဖို့ကောင်းသွားပါလိမ့်မယ် December 4 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဇာတ်လမ်းမို့ YouTube တို့ဘာတို့မှာလည်း movie reviewer တွေ ပူပူနွေးနွေး အကျပ်ရိုက်နေကြဆဲပါ ဒီတော့ CM ပရိသတ်ကြီးလည်း အကျပ်ရိုက်ချင်မယ်လို့ မျှော်လင့်ရင်း ..... File size…(1 GB) and (700 Mb) Quality….Webrip 1080p and 720p Format…Mp4 Duration….01:45:00 Subtitle….Myanmar Subtitle ...
movie

Black Bear 2020

Possessor Uncut 2020 18+ 6.5
Possessor Uncut 2020 18+ အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ.....   File size… 900 Mb ...
movie

Possessor Uncut 2020 18+

First Man (2018) 7.3
First Man (2018) First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations  အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie

First Man (2018)

2018
It Comes at Night (2017) 6.9
It Comes at Night (2017)  ဒီဇတ်လမ်းရဲ့အစနိဒါန်းမှာ ပေါလ်ရဲ့ယောက္ခထီးကြီးဟာ ကူးစက်မြန်တဲ့ကတ်ရေဂါကို ခံစားနေရရင်း သေလုမျှောပါအခြေအနေတစ်ခုမှာရင်ဆိုင်နေရပါတယ်ဒီတော့ ပေါလ်ဟာ ရောဂါမကူးစက်နိုင်ခင် သူ့ယောက္ခမကြီးကိုသူကိုယ်တိုင်သတ်ပစ်လိုက်ပါတယ်....အဲဒီနောက်မှာ ထူးဆန်းတာတစ်ခုက အဲဒီညမှာပဲ ပေါလ်တို့အိမ်ကို ဝေလ် ဆိုတဲ့လူတစ်ယောက်ဖောက်ဝင်လာပါတယ်ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပေါလ်တို့ဟာထိုလူနဲ့ရင်းနှီးသွားကြပြီး ဝေလ်တို့ရဲ့မိသားစုနဲ့ပေါလ်တို့မိသားစု အတူတူနေထိုင်ကြပါတယ်ဒါပေမယ့် ဝေလ်တို့မိသားစုရောက်လာတာ သဘောရိုး ဟုတ်ပါရဲ့လားပေါလ်ကိုလူသတ်မှုနဲ့ဖမ်းချင်လို့ လှည့်ကွက်ဆင်ပြီးလာတာမျိုးလားပေါလ်သတ်လိုက်တဲ့ အဖိုးကြီးကိုတစ်ခါပြန်ကြည့်မယ်ဆိုရင်လည်း သူဟာ မကျွတ်မလွှတ်တဲ့ဘဝနဲ့ လာပြီးခြောက်နေမှာလားဆိုတာ....ဇတ်လမ်းသွားက ခပ်အီအီတော့နိုင်ပေမယ့် ခြောက်ခြားမှုတွေကိုနှစ်သက်ရင်တော့ ကြည့်ပါစေလို့ တိုက်တွန်းရင်းဒီမှာတင်ခဏနားလို့ တစ်ခန်းရပ်ပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က စောင်အက်ဖ်အေ ဂျွန်လယောငိပါ)  File Size : (700 MB) and (230 MB) Quality : 720pWebdl Running Time : 1hr 31minutes Format : Mp4 Genre : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

It Comes at Night (2017)

2017