Channel Myanmar

Brijendra Kala

Murder Mubarak (2024) 7.1
Murder Mubarak (2024) Murder Mubarak (2024) "လူသတ်မှုအတွက် ဂုဏ်ယူပါတယ်" IMDb - 7.6/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.35GB / 991MB Quality…WEB DL 1080p / ...
movie

Murder Mubarak (2024)

2024
Bhoothnath Returns (2014) 6.6
Bhoothnath Returns (2014) Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့...ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ...ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား...ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ... ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Bhoothnath Returns (2014)

2014
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

OMG 2 (2023) 8.0
OMG 2 (2023) OMG 2 (Oh MyGod)အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါအဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ...
movie

OMG 2 (2023)

2023
Kathal (Kathal: A Jackfruit Mystery) [2023] 6.9
Kathal (Kathal: A Jackfruit Mystery) [2023] Kathal 2023 *************IMDb 7/10 ဒီနေ့ ‌ တင်ဆက် ပေးမှာကတာ့ မင်းသမီးချော ဆန်ယာမလိုဟ်တရာက ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆာင်ထားပြီး Netfilxကနေ  တင်ဆက်ထားတဲ့ Kathal ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကထာလ် ဆိုတာ အိန္ဒိယလို ပိန္နဲသီးကိုခေါ်တာတဲ့။ ဇာတ်ကားနာမည်အတိုင်းပါပဲ။ ပိန္နဲသီးပျောက်ရှာပုံတော်ပါ။ထက်ထက်မြက်မြက် ရဲမေ မာဟင်မာတစ်ယောက်။ ကပ်ဖားတတ်တဲ့ အထက်လူကြီးတွေရဲ့ ဖိအားပေးမှုနဲ့ MLA ရဲ့ ပိန္နဲသီးပျောက်ကို လိုက်ရှာပေးရတော့တာပါပဲ။ပိန္နဲသီးကရိုးရိုး ပိန္နဲသီးတော့မဟုတ်ဘူးဗျ။ MLA ခမျာ CM ကိုလာဘ်ထိုးအချိုသတ်ဖို့ ပိုးမွေးသလို ဥထားတဲ့ မလေးရှားဖြစ် ပိန္နဲသီး၊ နာမည်တောင်ပေးထားသေး အန်ကယ်ဟုန်ဂ်တဲ့လေ။ပေါ့ပေါ့ပါးပါးနဲ့ ရီရီမောမောကြည့်ရင်း နောက်ဆုံး ပိန္နဲသီးသူခိုးကိုရှာတွေ့သွားမလား။ ဒါမှမဟုတ် ဒီကိစ္စက ဒီလောက်ရိုးရှင်းပါ့မလား၊ ဒါတွေကို ပိတ်ရက်မှာကြည့်ရှုရင်း ခဏအပန်းဖြေလိုက်ကြပါဦးဗျာ။ Crime/Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာ မလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတာ့ HM,Bpl,ThaikSan,Yunniနဲ့ Cherry တို့ပဲ ဖြစ်ပါတယ်။ File size…2.69GB / 1.24GB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard ...
movie

Kathal (Kathal: A Jackfruit Mystery) [2023]

2023
Kanjoos Majnu Kharchili Laila(2023) 5.1
Kanjoos Majnu Kharchili Laila(2023) Win Lae Yi Khaing Kanjoos Majnu Kharchili Laila (2023)ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီး လောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။ အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာ သူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့ လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက် သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.57GB / 738MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Kanjoos Majnu Kharchili Laila(2023)

2023
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022
Karthik Calling Karthik (2010) 7.1
Karthik Calling Karthik (2010) Karthik Calling Karthik (2010) Drama, Mystery, Romance IMDb 7.1/10 (12K)ဒီတစ်ခါမှာတော့ မင်းသား ဖရ်ဟန်းအခ်သရ်နဲ့ မင်းသမီးဒီပီကားပါဒူကွန်တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဆိုက်ကိုကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်ဇာတ်လမ်းက ဆန်းဆန်းလေးပါပဲ...ကာသစ်ဆိုတဲ့ကောင်လေးဟာ လူတွေရဲ့ခိုင်းဖက်..အပြစ်ပြောစရာ အသုံးမကျတဲ့ ကြောင်တောင်တောင်ကောင်လေးတစ်ယောက်ပေါ့ ဘယ်နေရာမှာ မှားမှား သူ့အမှားဆိုပြီး လူတွေက သတ်မှတ်ချင်ကြတဲ့ကောင်လေးပါအားလုံးနဲ့အဆင်ပြေအောင် နေချင်ပေမယ့် သူ့ရဲ့သိမ်ငယ်စိတ်တွေက သူ့ကိုယ်သူ ဖိနှိပ်အားငယ်စေခဲ့ပါတယ်ဒီဖြစ်ရပ်တွေကနေ သူ လွတ်မြောက်ချင်နေခဲ့ပါတယ်ဒီလိုနဲ့ သူ့ဆီကို တစ်ရက် မနက် ၅နာရီ ဖုန်းတစ်ကောဝင်လာပါတယ်ဖုန်းကိုင်မိတော့ ဆက်လာတဲ့သူဟာ ဘယ်သူမှမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေပါတယ်ဟုတ်ပါတယ် ဆက်တဲ့သူကလည်း သူကိုယ်တိုင်ဖြစ်တဲ့ ကာသစ်ပါပဲအဲ့ဒီနောက်ပိုင်း သူ့ဘဝကြီးဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်ကဲ သူ့ဘဝမှာ ဘယ်လိုဆန်းကျယ်တဲ့ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲဆိုတဲ့ ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်အဖြေရှာကြည့်ကြနော် File size…2.26GB   / 792MB Quality…1080p HQ  BluRay  /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Karthik Calling Karthik (2010)

Ahista Ahista (2006) 7.0
Ahista Ahista (2006) အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ်ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူးသူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ်သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.7GB / 820MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ahista Ahista (2006)

2006
Shabaash Mithu (2022) 6.2
Shabaash Mithu (2022) Shabaash MithuIMDb-7/10ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni
movie

Shabaash Mithu (2022)

2022
Janhit Mein Jaari (2022) 7.4
Janhit Mein Jaari (2022) Janhit Mein Jaari (2022)————————————————————တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ....ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ===============မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲအချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~  Go-O ...
movie

Janhit Mein Jaari (2022)

Mere Desh Ki Dharti (2022) 7.9
Mere Desh Ki Dharti (2022) Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie

Mere Desh Ki Dharti (2022)

2022
83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Bunty Aur Babli 2 (2021)
Bunty Aur Babli 2 (2021) ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီး အပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့ Bunty Aur Babli ရဲ့ ​နောက်ဆက်တွဲ​ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို ပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂​ယောက်ဟာ မိသားစု တစ်ခု ထူ​ထောင်ပြီး ​ အေး​​အေး​ဆေး​ဆေး ဘဝကို ဖြတ်သန်း​နေကြပါပြီ. သား​လေးတစ်​ယောက်နဲ့ ​ပျော်ရွှင်စွာ​နေထိုင်ရင်းနဲ့ တစ်​နေ့မှာ​တော့ ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်​တွေ ပြန်​ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျား​ပေါ် ပြန်​ရောက်လာကြပါ​​တော့တယ်. သက်လတ်ပိုင်း​ရောက်​နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှု​တွေနဲ့ စွပ်စွဲခံရပါ​တော့တယ်။ ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာ​ကြောင့် မူလ ဘန်တီ-ဘာဘလီတို့ကို က​လေးနဲ့ ခြိမ်း​ခြောက်ပြီး စုံစမ်း​ရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။ ၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။ ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့ လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။ပထမကားက Abhishek ...
movie

Bunty Aur Babli 2 (2021)

4K HEVC Web-DL
Batti Gul Meter Chalu (2018) 6.0
Batti Gul Meter Chalu (2018) Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ...တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie

Batti Gul Meter Chalu (2018)

Ramprasad Ki Tehrvi (2021) 7.5
Ramprasad Ki Tehrvi (2021) IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။  File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie

Ramprasad Ki Tehrvi (2021)

Manorama Six Feet Under (2007) 7.6
Manorama Six Feet Under (2007) IMDb Rating (7.6/10) / Rotten Tomatoes (75%)ဒီဇာတ်ကားက ဇာတ်ကားနဲ့မတူပါဘူး....ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ...ဘာအလှအပ ဘာအကမှလဲ မပါပါဘူး...ရိုက်ချက်တွေကလဲစားပါတယ်...ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်...ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်...နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်...ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ...အပိုတွေမပါဘူး...အရှိအတိုင်း တုံးတိတိကြီးပါပဲ...ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။Shemaroo Entertainment ကထုတ်လုပ်ဖြန့်ချိထားတာပါ။  File size…(2.4 GB) and (1.5 GB) Quality…BluRay 1080p and 720p 5.1CH Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin ...
movie

Manorama Six Feet Under (2007)

Sherni(2021) 6.9
Sherni(2021) Sherni 2021တောတွင်းက Wild Life တွေ အစိမ်းရောင်တောအုပ်တွေကိုတစိမ့်စိမ့်ထိုင်ကြည့်ရတာကြိုက်တဲ့သူတွေအတွက် Sherni လာပါပြီNewton ဇာတ်ကားနဲ့ အရမ်းပေါက်ခဲ့တဲ့ Director Amit V Masurkarရိုက်ကူးထားတဲ့ 2021 အသစ်ထွက် movie ဖြစ်ပြီးတော့ IMdB 6.9/10 ရရှိထားပါတယ်ဗစ်ဒီရာ သစ်တောအရာရှိအသစ်အဖြစ်နဲ့ တာဝန်ယူရတဲ့ ရွာကလေးမှာ ကျားရန်က ခြိမ်းခြောက်နေပါတယ်နိုင်ငံရေးသမားတွေရဲ့ အကွက်ချမှုကြောင့် စားကျက်မြေလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရွာသူရွာသားတွေခမျာဆုပ်လည်းစူး စားလည်းရူး ကျောင်းစရာမြေက တောထဲပဲ ရှိလေတော့ ကျားရန်ကြောက်ပေမယ့်လည်း ကိုယ်မွေးထားတဲ့ကျွဲနွားဆိတ်လေးတွေ ဗိုက်ဆာကြမှာစိုးလို့ တောထဲပဲ သွားကျောင်းရပါတယ်အန္တရာယ်များတဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ အန္တရာယ်တွေ တကယ်ကြုံလာရတဲ့အခါကတိတွေအထပ်တလဲလဲပေးခဲ့တဲ့ နိုင်ငံရေးသမားတွေက သူတို့ပေးတဲ့ကတိတည်နိုင်ကြပါ့မလားသစ်တောဌာနရဲ့ ရည်ရွယ်ချက်က ဘာလဲသစ်တောကို ထိန်းသိမ်းရင်းနဲ့ လူတွေကို လျစ်လျူရှုမိသလိုများ ဖြစ်နေမလားစတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ Women Empowerment ကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့Wild Life , Discovery ...
movie

Sherni(2021)

2021
Virgin Bhanupriya(2020) 6.5
Virgin Bhanupriya(2020) Virgin Bhanupriya(2020)IMDB rating 6.5 ရရှိထားတဲ့ Comedy, Drama အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်....ဘာနူးပရီယာဆိုတဲ့မိန်းကလေးဟာအပျိုတစ်ယောက်ဖြစ်ပြီး သူဟာအပျိုစင် ဘဝကိုဆုံးရှုံးချင်စိတ် စမ်းသပ်ချင်စိတ်ဖြစ်နေတယ်....သူ့သူငယ်ချင်းတစ်ယောက်ကလည်း ဒီဖြစ်စဉ်ကြီး အောင်မြင်စေဖို့ နင်းကန်ကူညီပါတယ်... သို့ပါသော်လည်း ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို လွဲပြီးရင်လွဲနေလေရဲ့... တစ်နေ့မှာအူကြောင်ကြောင်ကောင်လေးတစ်ယောက်ကိုစာကြည့်တိုက်မှာချိန်းတွေ့ဖို့လုပ်ရာကနေ ပြဿနာမျိုးစုံတက်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး... ဘာသာပြန်သူကတော့ Thaik San ပဲဖစ်ပါတယ်။File Size : (900 MB) and ( 500 MB) Quality : WEB-DL 720p Format…mp4 Duration…01:51:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Virgin Bhanupriya(2020)