Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aldo Sambrell
7.2
Armour of God II: Operation Condor (1991)
Amour of God II ကတော့ 1991 ခုနှစ်မှာ ထွက်ခဲ့ပါတယ်ဒီတစ်ခါတော့ ဂျက်ကီတစ်ယောက် အပန်းဖြေနေရာကနေ တာဝန်နဲ့ ပြန်ခေါ်ခံရပါတယ်အာဖရိကသဲကန္တာရထဲမှာ ဂျာမနီစစ်တပ်တွေ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်ထားခဲ့တဲ့ ရွှေတွေကို သွားရောက် တူးဖော်ဖို့ပါသူနဲ့အတူ ကန္တာရပညာရှင်မလေးတစ်ယောက်ကို အဖော်ထည့်ပေးလိုက်ပါတယ်နောက်တစ်ယောက်ကတော့ ရွှေတွေကို တာဝန်ယူမြှုပ်ခဲ့တဲ့ စစ်လက်ထောက်ကြီးရဲ့ မြေးဖြစ်သူ မိန်းကလေးကလည်းသူ့အဘိုး ဘဝခရီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆိုတာကို အတည်ပြုဖို့အတွက် သူ့ဆန္ဒအလျောက် ရွှေတူးဖော်မယ့်ခရီးကို လိုက်ခဲ့ပါတယ်မိန်းကလေး ၂ ယောက်ရဲ့ အချင်းချင်း မတည့်တာလေးတွေ ဘုနဲ့ ဘောက်ဖြစ်ကြတာလေးတွေကိုဟာသလေး နှောပြီး ချစ်စရာကောင်းအောင် ရိုက်ကူးပြထားပါတယ်ဒါ့အပြင် အာဖရိကဘက်ကို ကျွမ်းကျင်တဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း လမ်းမှာဆုံရာက အတူ ခရီးဆက်ဖြစ်ကြပါတယ်မချော ၃ ယောက် ဂျက်ကီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ပြီး ရွှေတွေရှိတဲ့နေရာကို ...
movie
Armour of God II: Operation Condor (1991)
6.0
100 Rifles (1969)
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။ File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Western, Adventure, ...
movie
100 Rifles (1969)
8.5
Once Upon a Time in the West (1968)
Once Upon A Time in The West (1968) ~ IMDb - 8.5/10, RT - 95%, Meta - 80% ~ Directed By Sergio Leoneရုပ်ရှင်သမိုင်းထဲက အပြောင်မြောက်ဆုံး ဒါရိုက်တာတွေအကြောင်းပြောရင် Sergio Leone ကို ချန်ခဲ့လို့မရလောက်ပါဘူး။ Sergio Leone ဆိုတဲ့ နာမည်ကို သိပ်မရင်းနှီးရင်တောင် Dollars Trilogy တို့ Once Upon A Time In America တို့ကို ရင်းနှီးကြမှာပါပဲ။ Sergio ဟာ တစ်သက်လုံးမှာမှ ၇ကားပဲ ရိုက်ခဲ့ပြီး ၆ကားက အနုပညာအရ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့ကားတွေပါ။ သူရိုက်ခဲ့တဲ့ Dollar သုံးကားကိုတော့ Dollars Trilogy အဖြစ် သတ်မှတ်ထားပြီး Once ...
movie
Once Upon a Time in the West (1968)
1968
8.0
Doctor Zhivago (1965)
Doctor Zhivago (1965)IMDb (8/10) / Rotten Tomatoes 84%ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့် ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့အကြောင်းကို အရင်ပြောပါရစေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ...
movie
Doctor Zhivago (1965)
8.2
For a Few Dollars More (1965)
For a Few Dollars More (1965) ~ IMDb - 8.2/10, RT- 92%, Meta - 74%နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ...
movie
For a Few Dollars More (1965)
1965
8
A Fistful of Dollars (1964)
A Fistful of Dollars (1964) ~ IMDb - 8/10, RT - 98% ~ဇာတ်ကား သုံးကားမှာ အဓိက သရုပ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲမှာ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ သိတဲ့သူတွေကလည်း သူ့နာမည်ကို မခေါ်ကြဘူး။ ဒီတော့ ကောင်းဘွိုင်ရုပ်ရှင်ချစ်ပရိသတ်က သူ့ကိုချစ်စနိုးခေါ်ကြတာ Man with No Name တဲ့။ နာမည်မရှိတဲ့လူသားကြီး၊ လူကြမ်းကြီး၊ ခြေသလုံးအိမ်တိုင်၊ လေနှင်ရာလွင့်၊ ရောက်တဲ့အရပ်မှာ ဘဝကို ကုလားဖန်ထိုး၊ မတရားတာတွေ့ရင် ဓားခုတ်ရာ လက်ဝင်လျှိုတတ်သေး။အမေရိကန်မြောက်ပိုင်းသား ယန်းကီး၊ မြင်းနဲ့ မြည်း စပ်ပြီးကျလာတဲ့ mule တစ်ကောင်နဲ့၊ ပွိုင့် 45 ပစ္စတို (ခြောက်လုံးပူး) တစ်လက်နဲ့၊ ဘယ်အချိန်မဆို ဘိုင်ကျ အိတ်ကပ်ခါလီသမား။ ခါးကြားကဗျောက်ကိုထုတ် တစ်စက္ကန့်အတွင်းမှာ 6 rounds (ကျည်ခြောက်တောင့်) လုံးကို ...
movie
A Fistful of Dollars (1964)
1964
8.8
The Good, the Bad and the Ugly (1966)
The Good, the Bad and the Ugly (1966) IMDb - 8.8/10_____Rotten - 97% "The Good, the Bad and the Ugly" ဆိုရင် မကြည့်ဖူးရင်နေမည် မကြားဖူးသူရှိမည်မထင်။ဇာတ်ကားစစချင်း မိတ်ဆက်ပေးလိုက်တာကတော့... The Good - ပိုက်ဆံများများရဖို့ ကြိုးစားနေတဲ့ လက်ဖြောင့်သေနတ်သမား Blondie The Bad - ပိုက်ဆံလက်ခံပြီးရင် ပြီးဆုံးအောင်တာဝန်ယူမယ့် ကြေးစားသူသတ်သမား Angel Eyes The Ugly - Wanted စာရင်းမှာ ပါတဲ့ ဥပဒေပြင်ပက သောက်ကျင့်မကောင်းတဲ့ တစ်ကိုယ်ကောင်းသမား TucoBlondie နဲ့ Tuco က ဂွင်ဖန်နေကြ ပါတနာတွေ။ Blondie လုပ်ရမှာက Tuco ကိုဖမ်းမယ် ရဲလက်အပ်မယ် ဆုငွေထုတ်မယ် ကြိုးစင်တင်တဲ့အချိန် နောက်ကွယ်ကနေ ကြိုးကို သေနတ်နဲ့ပစ်ပေးမယ် အဆင်သင့်ပြင်ထားတဲ့ ...
movie
The Good, the Bad and the Ugly (1966)
1966