Channel Myanmar

Ben-Hur (1959) 1080p BluRay

Ben-Hur    

G 3h 32 min AdventureDramaHistory

8.1
IMDB: 8.1/10 212,153 votes

,

, , , , , , , , ,

Won 11 Oscars. Another 18 wins & 16 nominations.

USA

381744

Report error

IMDb (8.1)…Rotten Tomatoes (86%)

Ben Hur

Ben Hur ရုပ်ရှင်ကားနာမည်ကို ကြားလိုက်ရုံဖြင့် ရုပ်ရှင်ဝါသနာအိုးတိုင်း ယင်းခေါင်းစီး၏ အရှိန်သြဇာကို သိရှိပြီးဖြစ်ပါမည်။ဟောလိဝုဒ်ရုပ်ရှင်၏ ခမ်းနားထည်ဝါမှု ကို အရောင်မြှင့်တင်စေခဲ့သည့် ရုပ်ရှင်။1959ခုနှစ်ကစ၍ ဆယ်ငါးနှစ်နီးပါးမျှ နိုင်ငံအနှံ့အပြားက ရုပ်ရှင်ရုံတွေမှာ ပြန်လည်ပြသတိုင်း အမြဲအောင်ပွဲခံနိုင်ခဲ့သည့်ရုပ်ရှင်။Gone with the Windရုပ်ရှင်ပြီးသည်နောက်မှာ ဒုတိယအကြိမ် ရုပ်ရှင်လောကကြားတွင် ခမ်းခမ်းနားနားဖြင့် အောင်ပွဲခံနိုင်ခဲ့သော ရုပ်ရှင်ကားဖြစ်ခဲ့သလို အော်စကာဆုအများဆုံးရရှိခဲ့တဲ့ မှတ်တမ်းတွေမှာလည်း ယခုရုပ်ရှင်နှင့် Gone with the Wind|Titanicရုပ်ရှင်နှင့် The Lord Of The Ring ရုပ်ရှင်တို့သာ ယခုထက်တိုင် အော်စကာသမိုင်းမှာ စံချိန်တင် ရေးထိုးထားဆဲဖြစ်ပါသည်။

ယခုရုပ်ရှင်အတွက် သုံးစွဲထားသည့် အသုံးစရိတ်တွေကလည်း အဲဒီခေတ်ကာလတွင် အကုန်အကျ အများဆုံးဟု ပြောလို့ရနိုင်သည်။ဒေါ်လာ ဆယ့်ငါးသန်းကျော်ကုန်ကျသည်။ယခုခေတ်ကာလလို CGI နည်းပညာတွေမထွန်းကားသေးသော ခေတ်ကာလမို့ ဆက်တင်အစစ်တွေကို တည်ဆောက်ခဲ့ရသည်။ပညာရှင်ပေါင်းများစွာနှင့်အခြားသောဇာတ်ဝင်ခန်းများအတွက် ကုလားအုတ်တွေ။မြင်းတွေကိုလည်း ရာပေါင်းများစွာအသုံးပြု ခဲ့ရပြီး 1958ကနေ 1959ခုနှစ်အထိ မနားတမ်း ရိုက်ကူးခဲ့ပြီးမှ ထွက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ယခု ရုပ်ရှင်ကား၏ ပဲ့ကိုင် ဒါရိုက်တာကြီး ဝီလီယံ ဝိုင်လာဆိုတာကလည်း ကျွန်တော်တို့ ပရိသတ်တွေ ရင်းနှီးပြီးသားပင်။ဟောလိဝုဒ် ရုပ်ရှင်လောက၏ ခေတ်ဦးဒါရိုက်တာတွေထဲကနေ ယခုကာလတစ်လျှောက် ဒါရိုက်တာများအထိ ရေတွက်ကြည့်လျှင် အကောင်းဆုံးဒါရိုက်တာထဲက ဒါရိုက်တာတစ်ယောက်။အနုပညာပါရမီပြည့်ဝလွန်းသော ပုဂ္ဂို လ်တစ်ယောက်ဟုပြောလျှင် လွန်မည်မထင်ပါ။The Roman Holiday တို့လို Wuthering Heights တို့လို ဇာတ်ကားကောင်းတွေကိုလည်း ရိုက်ကူးဖန်တီးနိုင်ခဲ့သည့် ဒါရိုက်တာကြီး တစ်ယောက်ပင် ဖြစ်ပါသည်။

သူလိုပုဂ္ဂို လ်မျို းက Ben Hurလို သမိုင်းနောက်ခံအား အခြေခံပြီး ဖွဲ့သီထားသည့် ဇာတ်လမ်းကြီးကို နိုင်နိုင်းနင်းနင်း ရိုက်ကူးပြနိုင်ခဲ့တာ အံ့သြဖွယ်ရာ မဟုတ်တော့။1925ခုနှစ်က ထွက်ရှိဘူးသည့် Ben Hur အသံတိတ် ရုပ်ရှင်ကို သူကိုယ်တိုင် ပြန်လည်ရိုက်ကူးချိန်မှာ သမိုင်းသစ် စိုက်ထူခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ပြန်လည်၍ မီနီ စီးရီးအဖြစ်လည်းကောင်း အန်နီးမေးရှင်း ရုပ်ရှင်ဖြင့်တစ်သွယ်။ လက်ရှိ 2016မှာလည်း လက်တွေ့ခေတ်ကာလနည်းပညာများကို အသုံးပြု လျက် ခမ်းခမ်းနားနားဖြင့် ပြန်လည်တင်ဆက်လာတာကို ရှု စားခဲ့ရသော်လည်း မူရင်း ရုပ်ရှင်၏ အရှိန်အဝါ ဖန်တီးပုံကို မမှီတာတော့ လုံးဝသေချာလှပါသည်။

Ben Hur ရုပ်ရှင်သည် ခရစ်တော် ပေါ်ထွန်းခဲ့သည့် ကာလကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟု ကနဦးသတ်မှတ်လို့ရသည်။AD 26ကာလ ။ရောမအင်ပါယာသည် ယင်းခေတ်ကာလတွင် ဥရောပတစ်လွှား၌ ဘုန်းမီးနေလအတောက်ပဆုံး အချိန်အခါဖြစ်သည်။ဘုရင် ဂျူ့လိယက်ဆီးဆာ၏ အောက်ဝယ် စစ်မက်စစ်သွေးတွေပြည့်လျှံနေချိန်ဖြစ်သည်။ထိုအချိန်မျို းမှာ ဂျေရူ့ ဆလင်လို ဆိပ်ကမ်းမြို့တော်လေးအနေဖြင့် ရောမလက်အောက်တွင် သူတို့လိုချင်တာပေး၍ ငြိမ်းချမ်းစွာခိုလှုံ ခြင်းမှတစ်ပါး အခြားမရှိသောကာလဖြစ်ပေသည်။

ဂျူ့ဒက် ဘန်ဟာမှာ ဂျေရုဆလင်က မင်းသားတစ်ပါးဖြစ်သလို ရောမသား မဆန်လာနှင့် သွေးသားရင်းမတော်စပ်သော်ငြား သူ၏အိမ်တော်တွင် မွေးစားညီအစ်ကိုများအဖြစ် ကြီးပြင်းလာခဲ့ကြသည်။တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာကြ၏။

အရွယ်ရောက်လာသောအခါဝယ် မြင်းစီး မြင်းကိုင် ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ကြသည်။ထိုအခါတွင် ရောမသားမဆန်လာက သူ၏နေထိုင်ရမှု နှင့်ပတ်သက်၍ စိတ်အခန့်မသင့်ဖြစ်ရာကနေ ရောမကို ထွက်ခွာသွားတော့သည်။

ဘန်ဟာသာ ဂျေရုဆလင်မှာ ကျန်ရစ်ခဲ့ရသည်။ဘန်ဟာသည် မင်းသားတစ်ပါးဖြစ်သော်လည်း မာန်မာနမရှိသူ။စစ်မက်မလိုလားသူ။ငြိမ်းချမ်းမှု တရားကိုသာ လိုလားသူဖြစ်သည်။ထို့ကြောင့်ပင် အင်အားကြီးသော ရောမတိုင်းနှင့် အဆင်ပြေပြေသာ ဖြစ်လိုသည်။သူလက်အောက်က ပြည်သူပြည်သားတွေကို အေးဆေးငြိမ်းချမ်းစွာဖြင့်သာ နေထိုင်စေလိုသည်။လက်ထပ်သောအခါတွင် အိမ်ထိန်းကြီး၏ သမီးဖြစ်သူ အက်စ်သာနှင့်သာ လက်ထပ်ခဲ့သည်။

ဘာသာတရားအမျို းမျို း ထွန်းကားနေသောကာလဖြစ်၍ ဂျေရုဆလင်မှာလည်း မေတ္တာတရားကို အခြေခံ၍ ဟောကြားဆုံးမသည့် ဂျီးဆပ် ခရစ်တော်လည်း ပေါ်ထွန်းခဲ့ပြီ ဖြစ်ပါသည်။ဘန်ဟာတစ်ယောက် ဇနီးကလေးဖြင့် မိသားစုဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေစဉ်မှာ ငယ်သူငယ်ချင်း မဆန်လာဖြစ်သူ ပြန်ရောက်လာခဲ့တော့သည်။

မဆန်လာဖြစ်သူကမူ ဘန်ဟာနှင့် အကျင့်စရိုက်ကွဲပြားသူ တစ်ဦးဖြစ်၏။သူ၏မွေးရပ်မြေ ရောမ၏ဂုဏ်အင်ကို အထင်ကြီး၏။ယင်းဂုဏ်အင်၏ တောက်ပြောင်မှု အပေါ် ဝံ့ကြွားလိုသူဖြစ်သလို စစ်မက်ဖြစ်ပွားရာက အောင်မြင်မှု ရလဒ်အပေါ် နှစ်ခြို က်သူ တစ်ဦးဖြစ်၏ ။သူ၏ ဝါသနာအတိုင်းပင် ရောမတွင် အကြီးအကဲများ၏ မြှောက်စားခံရသော စစ်ဗိုလ်တစ်ယောက်ဖြစ်လာခဲ့တော့၏ ။

ဂျေရုဆလင်တွင် ဂျေရုဆလင်သားများ အမြတ်တနိုး တည်ဆောက်ထားသော သင်းချို င်းမြေတွေက ကျောက်တွေကိုယူငင်၍ ရောမသားများက အဆောက်အဦတွေဆောက်လုပ်သောကြောင့် မုန်းတီးတွန်းလှန်သူတွေလည်း ရှိနေကြသည်။ရောမသားများ၏ ဖိနှိပ်မှု အပေါ် တိုက်ခိုက်တွန်းလှန်နေသော တော်လှန်ရေးသမားများလည်း ရှိနေသည်ကို စစ်ဗိုလ် မဆန်လာဖြစ်သူက သိနေသော်လည်း မွေးရပ်မြေဖြစ်သော်ကြောင့် ငဲ့ညှာမှု ပေးထားသည်။

ဘန်ဟာနှင့်တွေ့ဆုံသောအခါဝယ် ဘန်ဟာက ငယ်စဉ်ကအတိုင်းပင် ပြောင်းလဲ၍ မသွားသေး။သူ့အပေါ် ခင်ဆဲ။ချစ်ဆဲ။ချစ်လျက်ဝေးခဲ့ရသော ညီမဖြစ်သူနှင့်သူ့ကို လက်ဆက်ပေးလိုဆဲ။သို့ဖြစ်စေကာမူ ရောမက ပါလာသော ရာထူးဂုဏ်သိမ်ကိုသာ ကြည့်လိုသော စရိုက်။ရောမဗိုလ်ချု ပ်ကြီးများ၏ အမျက်တော်ရှမှု ကို စိုးရွံသော အတ္တရှေ့ရှု စရိုက်လက္ခဏာတို့သည် သူနှင့်ဘန်ဟားတို့အကြား စည်းခြားခဲ့လေပြီ။

စစ်မက်ဖြစ်ပွားမှု ကို မုန်းတီးသော်လည်း ဒဏ်ရာရထားတဲ့ တော်လှန်ရေးသမားတစ်ယောက်ကို ဘန်ဟာဖြစ်သူက သနားသဖြင့် ဆေးကုစောင့်ရှောက်ပေးရာကနေ အကြီးမားဆုံး ပြသာနာတစ်ခု ဖြစ်ခဲ့ရလေပြီ။

ယင်းအခြေအနေမှသည် အဆုံးသတ်ကာလအထိ Ben Hur၏ အဓိက ဇာတ်ကြောကြီးတစ်ခု အရှင်သန်ဆုံး အပြင်းထန်ဆုံး ကာလဟု ပြောလို့ရသည်။

2016ရုပ်ရှင်မှာတော့ ဝါရင့်သရုပ်ဆောင်ကြီး မော်ဂန်ဖရီးမန်းက အာရပ်မြင်းကုန်သည်ကြီးအဖြစ် ပံ့ပိုးပေးထားသည်။ဘန်ဟာ၏ အခက်အခဲတွေအပေါ် ဝေမျှပေးသူ ။တည့်မတ်ပေးသူအဖြစ် ဇာတ်ကို ကြည့်ချင်အောင် ထိန်းသွားပေးတာကို တွေ့ခဲ့ရသည်။ဝတ္ထု အမြင်နှင့် ကြည့်လျှင် သူသည် ဆရာကြီးမင်းသိင်္ခဝတ္ထု ထဲက ဦးဂွမ်တီဖြစ်သည်။ဘန်ဟာ၏ စိတ်အနာအဆာများအပေါ် ပြန်လည်ကုစားပေးသော ပညာရှင်တစ်ယောက်အဖြစ် မြင်ကြရမည် ဖြစ်ပါသည်။

ထိုသို့သော အာဏာနှင့်ဖိနှိပ်မှု များ။မောက်မာလိုမှု နှင့် ကျေနပ်ရောင့်ရဲမှု များအကြား တည်ဆောက်ထားသော ယခုရုပ်ရှင်ဝယ် ခရစ်တော်၏ မေတ္တာတရားသည် အဓိက ချိတ်ဆက်မှု တစ်ခု သို့မဟုတ် ရလဒ်ပိုင်း၏ အမှန်/အမှားကို ပြဆိုမှု တစ်ခုအဖြစ် တွေ့ကြရပါမည်။ခရစ်ယာန်ဘာသာဝင်များအတွက် စိတ်နှလုံးကြေကွဲဖွယ် အခိုက်အတန့်တစ်ခုဖြစ်စေမည့် လက်ဝါးကပ်တိုင်ထက်မှာ စီရင်သည့် အခန်းတွေကိုလည်း ကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတစ်ခုအဖြစ် ရှု စားရမည်ဟု ပြောရင်း ။

#ညီလင်းအိမ်

(ရုပ်ရှင်အညွှန်းကို Ko Nyi Linn Eain Facebook မှကူးယူဖော်ပြပါသည်။)

——————————————————————

Ben Hur

Ben Hur ရုပ္ရွင္ကားနာမည္ကို ၾကားလိုက္ရုံျဖင့္ ရုပ္ရွင္ဝါသနာအိုးတိုင္း ယင္းေခါင္းစီး၏ အရွိန္ၾသဇာကို သိရွိျပီးျဖစ္ပါမည္။ေဟာလိဝုဒ္ရုပ္ရွင္၏ ခမ္းနားထည္ဝါမွဳ ကို အေရာင္ျမွင့္တင္ေစခဲ့သည့္ ရုပ္ရွင္။1959ခုႏွစ္ကစ၍ ဆယ္ငါးႏွစ္နီးပါးမ်ွ ႏိုင္ငံအႏွံ႔အျပားက ရုပ္ရွင္ရုံေတြမွာ ျပန္လည္ျပသတိုင္း အျမဲေအာင္ပြဲခံႏိုင္ခဲ့သည့္ရုပ္ရွင္။Gone with the Windရုပ္ရွင္ျပီးသည္ေနာက္မွာ ဒုတိယအၾကိမ္ ရုပ္ရွင္ေလာကၾကားတြင္ ခမ္းခမ္းနားနားျဖင့္ ေအာင္ပြဲခံႏိုင္ခဲ့ေသာ ရုပ္ရွင္ကားျဖစ္ခဲ့သလို ေအာ္စကာဆုအမ်ားဆုံးရရွိခဲ့တဲ့ မွတ္တမ္းေတြမွာလည္း ယခုရုပ္ရွင္ႏွင့္ Gone with the Wind|Titanicရုပ္ရွင္ႏွင့္ The Lord Of The Ring ရုပ္ရွင္တို႔သာ ယခုထက္တိုင္ ေအာ္စကာသမိုင္းမွာ စံခ်ိန္တင္ ေရးထိုးထားဆဲျဖစ္ပါသည္။

ယခုရုပ္ရွင္အတြက္ သုံးစြဲထားသည့္ အသုံးစရိတ္ေတြကလည္း အဲဒီေခတ္ကာလတြင္ အကုန္အက် အမ်ားဆုံးဟု ေျပာလို႔ရႏိုင္သည္။ေဒၚလာ ဆယ့္ငါးသန္းေက်ာ္ကုန္က်သည္။ယခုေခတ္ကာလလို CGI နည္းပညာေတြမထြန္းကားေသးေသာ ေခတ္ကာလမို႔ ဆက္တင္အစစ္ေတြကို တည္ေဆာက္ခဲ့ရသည္။ပညာရွင္ေပါင္းမ်ားစြာႏွင့္အျခားေသာဇာတ္ဝင္ခန္းမ်ားအတြက္ ကုလားအုတ္ေတြ။ျမင္းေတြကိုလည္း ရာေပါင္းမ်ားစြာအသုံးျပဳ ခဲ့ရျပီး 1958ကေန 1959ခုႏွစ္အထိ မနားတမ္း ရုိက္ကူးခဲ့ျပီးမွ ထြက္ရွိလာခဲ့ျခင္းျဖစ္ပါသည္။ယခု ရုပ္ရွင္ကား၏ ပဲ့ကိုင္ ဒါရုိက္တာၾကီး ဝီလီယံ ဝိုင္လာဆိုတာကလည္း က်ြန္ေတာ္တို႔ ပရိသတ္ေတြ ရင္းႏွီးျပီးသားပင္။ေဟာလိဝုဒ္ ရုပ္ရွင္ေလာက၏ ေခတ္ဦးဒါရုိက္တာေတြထဲကေန ယခုကာလတစ္ေလ်ွာက္ ဒါရုိက္တာမ်ားအထိ ေရတြက္ၾကည့္လ်ွင္ အေကာင္းဆုံးဒါရုိက္တာထဲက ဒါရုိက္တာတစ္ေယာက္။အႏုပညာပါရမီျပည့္ဝလြန္းေသာ ပုဂၢိဳ လ္တစ္ေယာက္ဟုေျပာလ်ွင္ လြန္မည္မထင္ပါ။The Roman Holiday တို႔လို Wuthering Heights တို႔လို ဇာတ္ကားေကာင္းေတြကိုလည္း ရုိက္ကူးဖန္တီးႏိုင္ခဲ့သည့္ ဒါရုိက္တာၾကီး တစ္ေယာက္ပင္ ျဖစ္ပါသည္။

သူလိုပုဂၢိဳ လ္မ်ိဳ းက Ben Hurလို သမိုင္းေနာက္ခံအား အေျခခံျပီး ဖြဲ႕သီထားသည့္ ဇာတ္လမ္းၾကီးကို ႏိုင္ႏိုင္းနင္းနင္း ရုိက္ကူးျပႏိုင္ခဲ့တာ အံ့ၾသဖြယ္ရာ မဟုတ္ေတာ့။1925ခုႏွစ္က ထြက္ရွိဘူးသည့္ Ben Hur အသံတိတ္ ရုပ္ရွင္ကို သူကိုယ္တိုင္ ျပန္လည္ရုိက္ကူးခ်ိန္မွာ သမိုင္းသစ္ စိုက္ထူခဲ့ျပီး ေဟာလိဝုဒ္ရုပ္ရွင္နယ္ေျမကလည္း ျပန္လည္၍ မီနီ စီးရီးအျဖစ္လည္းေကာင္း အန္နီးေမးရွင္း ရုပ္ရွင္ျဖင့္တစ္သြယ္။ လက္ရွိ 2016မွာလည္း လက္ေတြ႕ေခတ္ကာလနည္းပညာမ်ားကို အသုံးျပဳ လ်က္ ခမ္းခမ္းနားနားျဖင့္ ျပန္လည္တင္ဆက္လာတာကို ရွဳ စားခဲ့ရေသာ္လည္း မူရင္း ရုပ္ရွင္၏ အရွိန္အဝါ ဖန္တီးပုံကို မမွီတာေတာ့ လုံးဝေသခ်ာလွပါသည္။

Ben Hur ရုပ္ရွင္သည္ ခရစ္ေတာ္ ေပၚထြန္းခဲ့သည့္ ကာလကို အေျခခံျပီး ရုိက္ကူးထားတဲ့ ရုပ္ရွင္ဟု ကနဦးသတ္မွတ္လို႔ရသည္။AD 26ကာလ ။ေရာမအင္ပါယာသည္ ယင္းေခတ္ကာလတြင္ ဥေရာပတစ္လႊား၌ ဘုန္းမီးေနလအေတာက္ပဆုံး အခ်ိန္အခါျဖစ္သည္။ဘုရင္ ဂ်ဴ ႕လိယက္ဆီးဆာ၏ ေအာက္ဝယ္ စစ္မက္စစ္ေသြးေတြျပည့္လ်ွံေနခ်ိန္ျဖစ္သည္။ထိုအခ်ိန္မ်ိဳ းမွာ ေဂ်ရူ႕ ဆလင္လို ဆိပ္ကမ္းျမိဳ ႕ေတာ္ေလးအေနျဖင့္ ေရာမလက္ေအာက္တြင္ သူတို႔လိုခ်င္တာေပး၍ ျငိမ္းခ်မ္းစြာခိုလွံဳ ျခင္းမွတစ္ပါး အျခားမရွိေသာကာလျဖစ္ေပသည္။

ဂ်ဴ ႕ဒက္ ဘန္ဟာမွာ ေဂ်ရုဆလင္က မင္းသားတစ္ပါးျဖစ္သလို ေရာမသား မဆန္လာႏွင့္ ေသြးသားရင္းမေတာ္စပ္ေသာ္ျငား သူ၏အိမ္ေတာ္တြင္ ေမြးစားညီအစ္ကိုမ်ားအျဖစ္ ၾကီးျပင္းလာခဲ့ၾကသည္။တစ္ဦးအေပၚတစ္ဦး ခ်စ္ခင္ၾကင္နာၾက၏။

အရြယ္ေရာက္လာေသာအခါဝယ္ ျမင္းစီး ျမင္းကိုင္ ပညာကို တစ္ဖက္ကမ္းခတ္ တတ္ေျမာက္ခဲ့ၾကသည္။ထိုအခါတြင္ ေရာမသားမဆန္လာက သူ၏ေနထိုင္ရမွဳ ႏွင့္ပတ္သက္၍ စိတ္အခန္႔မသင့္ျဖစ္ရာကေန ေရာမကို ထြက္ခြာသြားေတာ့သည္။

ဘန္ဟာသာ ေဂ်ရုဆလင္မွာ က်န္ရစ္ခဲ့ရသည္။ဘန္ဟာသည္ မင္းသားတစ္ပါးျဖစ္ေသာ္လည္း မာန္မာနမရွိသူ။စစ္မက္မလိုလားသူ။ျငိမ္းခ်မ္းမွဳ တရားကိုသာ လိုလားသူျဖစ္သည္။ထို႔ေၾကာင့္ပင္ အင္အားၾကီးေသာ ေရာမတိုင္းႏွင့္ အဆင္ေျပေျပသာ ျဖစ္လိုသည္။သူလက္ေအာက္က ျပည္သူျပည္သားေတြကို ေအးေဆးျငိမ္းခ်မ္းစြာျဖင့္သာ ေနထိုင္ေစလိုသည္။လက္ထပ္ေသာအခါတြင္ အိမ္ထိန္းၾကီး၏ သမီးျဖစ္သူ အက္စ္သာႏွင့္သာ လက္ထပ္ခဲ့သည္။

ဘာသာတရားအမ်ိဳ းမ်ိဳ း ထြန္းကားေနေသာကာလျဖစ္၍ ေဂ်ရုဆလင္မွာလည္း ေမတၱာတရားကို အေျခခံ၍ ေဟာၾကားဆုံးမသည့္ ဂ်ီးဆပ္ ခရစ္ေတာ္လည္း ေပၚထြန္းခဲ့ျပီ ျဖစ္ပါသည္။ဘန္ဟာတစ္ေယာက္ ဇနီးကေလးျဖင့္ မိသားစုဘဝကို ေပ်ာ္ရႊင္စြာျဖတ္သန္းေနစဥ္မွာ ငယ္သူငယ္ခ်င္း မဆန္လာျဖစ္သူ ျပန္ေရာက္လာခဲ့ေတာ့သည္။

မဆန္လာျဖစ္သူကမူ ဘန္ဟာႏွင့္ အက်င့္စရုိက္ကြဲျပားသူ တစ္ဦးျဖစ္၏။သူ၏ေမြးရပ္ေျမ ေရာမ၏ဂုဏ္အင္ကို အထင္ၾကီး၏။ယင္းဂုဏ္အင္၏ ေတာက္ေျပာင္မွဳ အေပၚ ဝံ့ၾကြားလိုသူျဖစ္သလို စစ္မက္ျဖစ္ပြားရာက ေအာင္ျမင္မွဳ ရလဒ္အေပၚ ႏွစ္ျခိဳ က္သူ တစ္ဦးျဖစ္၏ ။သူ၏ ဝါသနာအတိုင္းပင္ ေရာမတြင္ အၾကီးအကဲမ်ား၏ ေျမွာက္စားခံရေသာ စစ္ဗိုလ္တစ္ေယာက္ျဖစ္လာခဲ့ေတာ့၏ ။

ေဂ်ရုဆလင္တြင္ ေဂ်ရုဆလင္သားမ်ား အျမတ္တႏိုး တည္ေဆာက္ထားေသာ သင္းခ်ိဳ င္းေျမေတြက ေက်ာက္ေတြကိုယူငင္၍ ေရာမသားမ်ားက အေဆာက္အဦေတြေဆာက္လုပ္ေသာေၾကာင့္ မုန္းတီးတြန္းလွန္သူေတြလည္း ရွိေနၾကသည္။ေရာမသားမ်ား၏ ဖိႏွိပ္မွဳ အေပၚ တိုက္ခိုက္တြန္းလွန္ေနေသာ ေတာ္လွန္ေရးသမားမ်ားလည္း ရွိေနသည္ကို စစ္ဗိုလ္ မဆန္လာျဖစ္သူက သိေနေသာ္လည္း ေမြးရပ္ေျမျဖစ္ေသာ္ေၾကာင့္ ငဲ့ညွာမွဳ ေပးထားသည္။

ဘန္ဟာႏွင့္ေတြ႕ဆုံေသာအခါဝယ္ ဘန္ဟာက ငယ္စဥ္ကအတိုင္းပင္ ေျပာင္းလဲ၍ မသြားေသး။သူ႔အေပၚ ခင္ဆဲ။ခ်စ္ဆဲ။ခ်စ္လ်က္ေဝးခဲ့ရေသာ ညီမျဖစ္သူႏွင့္သူ႔ကို လက္ဆက္ေပးလိုဆဲ။သို႔ျဖစ္ေစကာမူ ေရာမက ပါလာေသာ ရာထူးဂုဏ္သိမ္ကိုသာ ၾကည့္လိုေသာ စရုိက္။ေရာမဗိုလ္ခ်ဳ ပ္ၾကီးမ်ား၏ အမ်က္ေတာ္ရွမွဳ ကို စိုးရြံေသာ အတၱေရွ႕ရွဳ စရုိက္လကၡဏာတို႔သည္ သူႏွင့္ဘန္ဟားတို႔အၾကား စည္းျခားခဲ့ေလျပီ။

စစ္မက္ျဖစ္ပြားမွဳ ကို မုန္းတီးေသာ္လည္း ဒဏ္ရာရထားတဲ့ ေတာ္လွန္ေရးသမားတစ္ေယာက္ကို ဘန္ဟာျဖစ္သူက သနားသျဖင့္ ေဆးကုေစာင့္ေရွာက္ေပးရာကေန အၾကီးမားဆုံး ျပသာနာတစ္ခု ျဖစ္ခဲ့ရေလျပီ။

ယင္းအေျခအေနမွသည္ အဆုံးသတ္ကာလအထိ Ben Hur၏ အဓိက ဇာတ္ေၾကာၾကီးတစ္ခု အရွင္သန္ဆုံး အျပင္းထန္ဆုံး ကာလဟု ေျပာလို႔ရသည္။

2016ရုပ္ရွင္မွာေတာ့ ဝါရင့္သရုပ္ေဆာင္ၾကီး ေမာ္ဂန္ဖရီးမန္းက အာရပ္ျမင္းကုန္သည္ၾကီးအျဖစ္ ပံ့ပိုးေပးထားသည္။ဘန္ဟာ၏ အခက္အခဲေတြအေပၚ ေဝမ်ွေပးသူ ။တည့္မတ္ေပးသူအျဖစ္ ဇာတ္ကို ၾကည့္ခ်င္ေအာင္ ထိန္းသြားေပးတာကို ေတြ႕ခဲ့ရသည္။ဝတၳဳ အျမင္ႏွင့္ ၾကည့္လ်ွင္ သူသည္ ဆရာၾကီးမင္းသိခၤဝတၳဳ ထဲက ဦးဂြမ္တီျဖစ္သည္။ဘန္ဟာ၏ စိတ္အနာအဆာမ်ားအေပၚ ျပန္လည္ကုစားေပးေသာ ပညာရွင္တစ္ေယာက္အျဖစ္ ျမင္ၾကရမည္ ျဖစ္ပါသည္။

ထိုသို႔ေသာ အာဏာႏွင့္ဖိႏွိပ္မွဳ မ်ား။ေမာက္မာလိုမွဳ ႏွင့္ ေက်နပ္ေရာင့္ရဲမွဳ မ်ားအၾကား တည္ေဆာက္ထားေသာ ယခုရုပ္ရွင္ဝယ္ ခရစ္ေတာ္၏ ေမတၱာတရားသည္ အဓိက ခ်ိတ္ဆက္မွဳ တစ္ခု သို႔မဟုတ္ ရလဒ္ပိုင္း၏ အမွန္/အမွားကို ျပဆိုမွဳ တစ္ခုအျဖစ္ ေတြ႕ၾကရပါမည္။ခရစ္ယာန္ဘာသာဝင္မ်ားအတြက္ စိတ္ႏွလုံးေၾကကြဲဖြယ္ အခိုက္အတန္႔တစ္ခုျဖစ္ေစမည့္ လက္ဝါးကပ္တိုင္ထက္မွာ စီရင္သည့္ အခန္းေတြကိုလည္း ေၾကကြဲဖြယ္ရာ ဇာတ္ဝင္ခန္းတစ္ခုအျဖစ္ ရွဳ စားရမည္ဟု ေျပာရင္း ။

#ညီလင္းအိမ္

(ရုပ္ရွင္အညႊန္းကို Ko Nyi Linn Eain Facebook မွကူးယူေဖာ္ျပပါသည္။)

 

File size…(2 GB)
Quality…Blu-Ray 1080p
Format…mp4
Duration….03:44:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Daniel Sharman

 

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay
Ben-Hur (1959) 1080p BluRay


No downloads available

Genres



Related movies