ဒီ Animation ကားလေးကတော့ 1991 ခုနှစ်မှာထွက်ရှိခဲ့တဲ့
Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်…
ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး…
Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလို
အခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်…
ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာ
လူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့
အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်…
ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့
မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်…
အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့
မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကို
အလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်…
သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်..
နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ…
အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့
တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့
မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင်
အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာ
သူ့ကိုပြန်ပြီးတော့ချစ်နိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့
နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်…
ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့
သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ…
ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား…
အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ….
ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့ အိပ်ရာဝင်ပုံပြင်လေးအဖြစ်
အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ…
Quality…..BluRay 1080p
Duration…..01:24:00
Format…Mp4
File Size…(657 MB , 329 MB )
Encoder…..Moe Myint Lwin
Translator…..Myat Ko
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။