Channel Myanmar

American Gods (2017)

60 min FantasyMystery

8.3
IMDB: 8.3/10 29,535 votes

1 nomination

USA

534985

Report error

Supernatural စီးရီးအပြီးမှာ ကျွန်တေ် စိတ်ဝင်တစားကြည့်မိတဲ့ စီးရီးတစ်ခုပါ။

အမေရိကန် နတ်ဘုရားများလို့ နာမည်ပေးထားပေမယ့် တကယ်တော့ နတ်ဘုရားတွေ အတော်စုံပါတယ်။

Greek, Egypt, Norse နတ်ဘုရားတွေနဲ့ အခြား ပုံပြင်ထဲက သတ္တ၀ါဆန်းတွေ ပါပါတယ်။

နတ်ဘုရားတွေဟာ လူတွေကြားထဲမှာ ရောပြီးနေကြရင်း အမေ့လျော့ခံ ကိုးကွယ်သူမရှိတဲ့ ဘ၀တွေမှာ ရုန်းကန်နေကြတာပါ။

ဒါပေမယ့် ခေတ်သစ်နတ်ဘုရားတွေကတော့ လူတွေအပေါ် နည်းလမ်းသစ်တွေနဲ့လွှမ်းမိုးနေကြပြီး

ခေတ်ဟောင်းနဲ့ ခေတ်သစ်နတ်ဘုရားတွေရဲ့ အားပြိုင်မှုမှာ တင်းမာမှုတွေနဲ့ စစ်ပွဲကြီးဖြစ်လာတော့မယ် အခြေအနေပါ။

ဒီစီးရီးဟာ Neil Gaiman ရဲ့ American Gods ၀တ္ထုကို ပြန်ရိုက်ထားတာပါ။

ဝတ္ထုတွေကနေ ပြန်ရိုက်တဲ့ အချို့ ရုပ်ရှင်တွေမှာ ဇာတ်ညွှန်း အပြောင်းအလဲတွေ အ၇မ်းကောင်းရင် ပိုစိတ်ဝင်စားစရာကောင်းသွားတာတွေ ရှိနေတတ်ပါတယ်။

ဒီစီးရီးဟာလည်း စာအုပ်မဖတ်ပဲ အရင်ကြည့်သင့်တဲ့ စီးရီးထဲမှာ ပါပါလိမ့်မယ်။

အခန်းတွေကို ရှေ့နောက်ပြန်စီထားတာတွေ၊ မြှပ်ကွက်ထပ်ထည့်ထားတာတွေနဲ့ အခန်းပိုအချို့

ထပ်ထည့်ထားတာတွေ အကုန်ကောင်းနေပါတယ်။

ကျွန်တော်လည်း စာအုပ်ကို စီးရီးရောက်သလောက်ပဲ ဖတ်ပြီး ဆက်မဖတ်ဘဲ ရပ်ထားပြီး စီစန် ၂ ကိုပဲ ဆက်စောင့်နေတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ရှဲဒိုးမွန်းဆိုတဲ့ လူတစ်ယောက်ဟာ ထောင်ထဲက ထွက်လာပြီး မိန်းမဆီကို ပြန်မယ့်နေ့မှာပဲ ထူးဆန်းတဲ့

လူကြီးတစ်ဦးနဲ့ လေဆိပ်မှာ စတွေ့ခဲ့ပါတယ်။

အဲဒီလူကြီးဟာ သူ့ဘ၀အကြောင်းကို ထူးထူးဆန်းဆန်းသိနေပြီး သူ့ကို အလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။

ရှဲဒိုးမွန်းနဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူကြီးတို့ အတူခရီးထွက်ရင်း ရှဲဒိုးမွန်းတစ်ယောက်

သူမသိတဲ့ ကမ္ဘာကြီးထဲက ထူးဆန်းမှုမျိုးစုံနဲ့ ကြုံလာရတဲ့အခါ….

American Gods TV Series ရဲ့ Review ကို ရေးပေးထားသူကတော့ Little Neo

 ဖြစ်ပြီး ဘာသာပြန်ပေးထားတာကတော့ Mmsubtiles မှ ဖြစ်ပါတယ်

 

Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



  • Download Links Server Audio / Language Quality
No downloads available

Genres



Related movies